အငိုကောင်းတဲ့ အဆိုတော် လွှမ်းပိုင်။ ‘ငါ့ကိုနမ်းတဲ့မုန်တိုင်း’ ရုပ် ရှင်ဇာတ်ကားထဲမှာ ချစ်သူဖွေးဖွေးက သူများနောက်ပါသွား လို့ ဒရာမာချိုးတဲ့အခန်းမှာ လွှမ်းပိုင်ငိုတဲ့ အခန်းက ဝါရင့် မင်းသားတွေထက်တောင် သာပါသေးတယ်။ သူကလည်း အဲဒီ အခန်းကို အကြိုက်ဆုံးဖြစ်ပြီး ခံစားသွားရလို့ပါလို့ ဖြေထား ပါတယ်။
ဟော…နောက်ထပ်လာပါပြီ။ ‘ကြွေ’ တဲ့။ အိချောပို နဲ့အတူ သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားက မကြာခင် ရုံတင်တော့မှာဆိုတော့ လွှမ်းပိုင်တစ်ယောက် ပျော်ရွှင်နေ တယ်။ တက္ကသိုလ်ဇာတ်လမ်းလေးကို သူကြိုက်နှစ် သက်လို့ ပါဝင်သရုပ်ဆောင်ထားတယ်။ သိတယ် မဟုတ်လား။ လွှမ်းပိုင်က ‘တစ်ခါက တက္ကသိုလ်’ သီချင်းတုန်းကလည်း သူဖန်တီးခဲ့တာ အောင် မြင်ခဲ့တယ်လေ။
”ကြွေရုပ်ရှင်ဇာတ်ကားမှာ ကျွန်တော်က တက္ကသိုလ်ကျောင်းသားပါ။ အဓိကကတော့ ဆရာမင်းလူရဲ့ ဝတ္ထုကို ကျွန်တော်ကြိုက်လို့ ကိုဘိုဆန်းတို့ကိုပြောပြီး ကျွန်တော်ရိုက်ကူးခိုင်းတဲ့ဇာတ်ကားပါ။ အဲဒါကတော့ ပေါ့ပေါ့ပါးပါးနဲ့ အချစ် ဇာတ်ကားလေးပါ။ တက္ကသိုလ်ကိုချစ်တဲ့လူငယ်တွေကတော့ အဲဒီဇာတ်ကားကိုကြည့်ရင် ခံစားရလိမ့်မယ်၊ ကြိုက်မယ်လို့ထင် ပါတယ်” လို့ လွှမ်းပိုင်က ပြောပါတယ်။
အိုက်တင်ကောင်းကောင်း လုပ်တတ်တဲ့ လွှမ်းပိုင်ကို နောက်ကနေ သင်ပေးနေတဲ့ သူရှိကိုရှိ လိမ့်မယ်။ ဘယ်သူများလဲ စပ်စုကြည့်လိုက်တော့…
”သင်ယူတာတော့မရှိပါဘူး။ ကြည့်ပြီးတော့မှ မြင်ဆရာ ပေါ့နော်။ အဲဒီလိုမျိုးဖြစ်မိတာတွေတော့ ရှိပါတယ်။ ငယ်ငယ် တုန်းက ကျွန်တော် ဗီဒီယိုဇာတ်ကားတွေ အများကြီး ကြည့်တယ်။ သူတို့ရဲ့ အိုက်တင်လေးတွေ ကျွန်တော့်ဆီမှာ စွဲနေတယ်လို့ထင် တယ်။ ကျွန်တော်အရမ်း ကြိုက်တာကတော့ ကိုသားကြီး၊ ဒွေး ပေါ့နော်။ ဒွေးရဲ့ အမာခံပရိသတ်လို့ ပြောလို့ရတယ်။ ကျွန်တော် သူ့ရဲ့ အိုက်တင်တွေကို အရမ်းသဘောကျပါတယ်” လို့ လွှမ်းပိုင် က ပြောပါတယ်။
ဒါဆို ‘ကြွေ’ ရုပ်ရှင်ဇာတ်ကား ဘယ်တော့ လောက် ရုံတင်မလဲဆိုတာ အဆိုတော်တစ်ဖြစ်လဲ ရုပ်ရှင်မင်းသား ကို မေးကြည့်တဲ့အခါ…
”နီးတော့ တော်တော်နီးနေပြီဗျ။ တကယ်လို့ အဲဒီထက်ပိုပြီးတော့ သေသေချာချာ နီးစပ်တယ်ဆိုလို့ ရှိရင်တော့ ကျွန်တော်တို့ ကြေညာ မှာပါ” လို့ လွှမ်းပိုင်ကပြောပြခဲ့ပါ တယ်။
မျိုးမောင်၊
ဓာတ်ပုံ-အောင်ဇော်မင်း