တင်းမာမှုများမြင့်တက်မလာရေး အမေရိကန်နှင့်တရုတ်တို့ ချုပ်တည်းနိုင်ရန် စင်္ကာပူမျှော်လင့်
စင်္ကာပူ၊ဩဂုတ် ၃
ထိုင်ဝမ်အရေးနှင့်ပတ်သက်၍ တင်းမာမှုများပိုမိုတိုးမြင့်လာစေမည့် လုပ်ရပ်များကို အမေရိကန်နှင့်တရုတ်တို့ ရှောင်ကြဉ်ဖို့အရေး ချုပ်တည်းနိုင်ကြမည်ဟုမျှော်လင့်ကြောင်း စင်္ကာပူကသြဂုတ် ၃ ရက်ကကျင်းပသည့် အာဆီယံဝန်ကြီးများအစည်းအဝေးတွင် ပြောကြားခဲ့သည်။
“တည်ငြိမ်သော အမေရိကန်-တရုတ် ဆက်ဆံရေးသည် ဒေသတွင်းငြိမ်းချမ်းရေးနှင့် သာယာဝပြောရေးအတွက် အရေးပါလှသည်။စင်္ကာပူသည် အမေရိကန်နှင့်တရုတ် တို့အနေဖြင့် ရှင်သန်နိုင်မည့်နည်းလမ်းကို ကျင့်သုံးပြီး တင်းမာမှုများပိုမိုမကြီးမားလာ အောင် ရှောင်ကြဉ်နိုင်မည်ဟုမျှော်လင့်မိကြောင်းဆိုသည်။
တရုတ်နိုင်ငံသည် အမေရိကန်အောက်လွှတ်တော်ဥက္ကဌ နန်စီပေလိုစီ၏ ထိုင်ဝမ်ခရီးစဉ်အားရှုံ့ချခဲ့ပြီး ၎င်းသည်အမေရိကန်၏ရန်စမှုဟုဆိုကာ ကျွန်းတစ်ဝိုက်တွင်စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်သွားမည်ဟု ပြောကြားခဲ့သည်။
စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး မစ္စတာဗီဗီယန်ဘာလာခရစ်ရှ်နန်သည် အဆိုပါအစည်းအဝေးသို့တက်ရောက်ခဲ့ပြီး အစည်းအဝေးတွင်လက်ရှိဖြစ်ပေါ်နေသည့် ဒေသတွင်းနှင့်ကမ္ဘာ့ပြဿနာများကိုကျယ်ပြန့်စွာဆွေးနွေးခဲ့ကြကြောင်းဖော်ပြထားသည်။မြန်မာ့ရေး၊ထိုင်ဝမ်ရေလက်ကြားပြဿနာနှင့် ရုရှား – ယူကရိန်းအရေးတို့ပါဝင်သည်ဟုသိရှိရသည်။
နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတွင် ရုရှား-ယူကရိန်းအရေးနှင့်ပတ်သက်၍လည်း ဆွေးနွေးခဲ့ကြပြီး အထူးသဖြင့် အဆိုပါစစ်၏ဆိုကျိုးအနေဖြင့် စွမ်းအင်နှင့်အစားအစာဈေးနှုန်းများအကြောင်းကို အဓိကထားဆွေးနွေးခဲ့ကြသည်။ယူကရိန်းနိုင်ငံမှ စပါးတင်ပို့မှု သည် ပဋိပက္ခမဖြစ်မီအဆင့်သို့ ပြန်လည်ရောက်ရှိ နိုင်မည်ဟု အာဆီယံကမျှော်လင့်ကြောင်းလည်း MFA ၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။
၅၅ ကြိမ်မြောက်အာဆီယံဝန်ကြီးများအစည်းအဝေးကို ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့၌ ဩဂုတ်လ ၃ ရက်မှစတင်ကာကျင်းပနေသည်။
Source – CNA/ja