Tuesday, December 17, 2024

ယူ- ၁၅ လူငယ်လိဂ်ပြိုင်ပွဲ (၆)...

ယူ-၁၅ လူငယ်လိဂ်ပြိုင်ပွဲကို ယခုလ ဒီဇင်ဘာနောက်ဆုံးပတ်မှစတင်၍ (၆) လ ကြာ ကျင်းပြုလုပ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က အသိပေးထုတ်ပြန်ထားသည်။ ပြိုင်ပွဲကို အပတ်စဉ် စနေနှင့် တနင်္ဂနွေ‌နေ့များတွင်...

လာအိုနှင့်ထိုင်းတို့ပူးပေါင်း၍ ကျောက်ကပ်အစားထိုးကုသမှုပြုလုပ်ခဲ့

ဗီယန်ကျင်း၊ဒီဇင်ဘာ ၁၄ လာအိုနှင့်ထိုင်းတို့ပူးပေါင်း၍ ပထမအကြိမ် ကျောက်ကပ်အစားထိုးခွဲစိတ်မှုကို အောင်မြင်စွာပြုလုပ်နိုင်ခဲ့ပြီး နှစ်နိုင်ငံရှိဆေးရုံများ ပူးပေါင်းဆောင်ရွက်ခဲ့သည့် ဆေးဘက်ဆိုင်ရာအောင်မြင်မှုမှတ်တိုင်တစ်ခုလည်းဖြစ်လာခဲ့သည်။ လာအိုနိုင်ငံရှိ Mittaphab ဆေးရုံနှင့် ထိုင်းနိုင်ငံ Ramathibodi ဆေးရုံတို့သည်...

အမျိုးသားအားကစားပွဲတော်၏ ဝန်ကြီးဌာနအဆင့်အားကစားပြိုင်ပွဲတွင် ကာကွယ်ရေးဝန်ကြီး ဌာနအသင်းမှ...

နေပြည်တော်၌ကျင်းပလျက်ရှိသည့် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်၏ ဝန်ကြီးဌာနအဆင့်အားကစားပြိုင်ပွဲတွင် ယမန်နေ့ ဒီဇင်ဘာ ၁၆ ရက်အထိ ကာကွယ်ရေးဝန်ကြီး ဌာနအသင်းမှ ဆုတံဆိပ်အများဆုံးရရှိထားကြောင်း သိရသည်။ ကာကွယ်ရေးဝန်ကြီးဌာနအသင်းသည် ရွှေတံဆိပ်...

ဘားအံတွင် တစ်ညတည်း မီး(၂) ကြိမ်လောင်

ကရင်ပြည်နယ်၊ ဘားအံမြို့၊ အမှတ်(၂)ရပ်ကွက်၊ ဘုရားလမ်းနှင့် ဗိုလ်ချုပ်လမ်းထောင့်ရှိ ဈေးဆိုင်တန်းမီးလောင်မှုဖြစ်ပွားရာ အချိန် (၁)နာရီခန့် မီးငြှိမ်းသတ်ခဲ့ရကြောင်း ကရင်ပြည်နယ်မီးသတ်ဦးစီးမှူးရုံးမှ သိရသည်။ ယနေ့ ဒီဇင်ဘာ (၁၇)...
HomeNewsLocal Newsတစ်ရက်ချည်ပေါင်ချိန်(၄၈၄၀)ထုတ်လုပ်နိုင်မည့် တပ်မတော်ချည်မျှင်နှင့်အထည်စက်ရုံ(မိတ္ထီလာ) ၂/၈ဝ...

တစ်ရက်ချည်ပေါင်ချိန်(၄၈၄၀)ထုတ်လုပ်နိုင်မည့် တပ်မတော်ချည်မျှင်နှင့်အထည်စက်ရုံ(မိတ္ထီလာ) ၂/၈ဝ ချည်ချောစက်ရုံခွဲစတင်ဖွင့်လှစ်

တစ်ရက်ချည်ပေါင်ချိန်(၄၈၄၀)ထုတ်လုပ်နိုင်မည့် တပ်မတော်ချည်မျှင်နှင့်အထည်စက်ရုံ(မိတ္ထီလာ) ၂/၈ဝ ချည်ချောစက်ရုံခွဲကို ဒီဇင်ဘာ ၁၆ ရက်နံနက်ပိုင်းက နစက ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂/၈၀ ချည်ချောစက်ရုံခွဲကို ဖွင့်လှစ်နိုင်သည့်အတွက် တပ်မတော်ချည်မျှင်နှင့်အထည်စက်ရုံ (မိတ္ထီလာ) အနေဖြင့် ပြည်တွင်း၌ လိုအပ်နေဆဲဖြစ်သည့် အရည်အသွေးကောင်းမွန်သည့် နိုင်ငံတကာအဆင့်မီ ချည်ချောများကို ထုတ်လုပ်နိုင်တော့မည်ဖြစ်သည်ဟု ပြောသည်။

၂/၈ဝ ချည်ချောစက်ရုံခွဲသည် စက်စွမ်းအားပြည့်လည်ပတ်ပါက တစ်ရက် ချည်ပေါင်ချိန် (၄၈၄၀)ထုတ်လုပ်နိုင်မည်ဖြစ်ကာ ထွက်ရှိလာသည့် ၂/၈၀ ချည်ချောများဖြင့် လုံချည်နှင့်ပိတ်များရက်လုပ်ပြီး ပိုလျှံချည်များကို ပြင်ပဈေး ကွက်သို့ ဈေးနှုန်းသက်သာစွာဖြန့်ဖြူးရောင်းချ ပေးသွားမည်ဟု ပြောသည်။

” အခု ၂/၈၀ ချည်ချောစက်ရုံခွဲ ဖွင့်လှစ်နိုင်ခြင်းဟာ မြန်မာနိုင်ငံရဲ့ ချည်ထည်ခေတ်တစ်ခေတ်ပြောင်းလဲမှုရဲ့ အစဖြစ်ပါတယ်”ဟု တက်ရောက်ဖွင့်လှစ်ပေးခဲ့သည့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောကြားခဲ့သည်။

ပင်မစက်ရုံဖြစ်သည့် တပ်မတော်ချည်မျှင်နှင့် အထည်စက်ရုံ(မိတ္ထီလာ)အား ဝတ်ရေးဆိုင်ရာအထည်အလိပ်လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်နှင့် ပြည်ပမှမှာယူတင်သွင်းမှုလျော့နည်းစေရန် တရုတ်-မြန်မာနှစ်နိုင်ငံအစိုးရကြား သဘောတူညီချက်စာချုပ်ချုပ်ဆိုကာ ၁၉၆၆-၁၉၆၇ ခုနှစ်တွင်တည်ဆောက်ပြီးစီးခဲ့သည်။

ထို့နောက် ၁၉၉၁ ခုနှစ်၊ အောက်တိုဘာ ၁ ရက်တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)စစ်လက်နက်ပစ္စည်းညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက်သို့ လွှဲပြောင်းပေးခဲ့ပြီးနောက် တပ်မတော်နှင့် ရဲတပ်ဖွဲ့ဝင်များအတွက်လိုအပ်သည့် ဝတ်စုံများ၊ ကျောင်းဝတ်စုံများ၊ အခြားနေ့စဉ်သုံးချည်ထည်ပစ္စည်းများကိုလည်း ထုတ်လုပ်ပေးလျက်ရှိသည်။

လက်ရှိအချိန်တွင် ၂/၈၀ ချည်ချောစက်ရုံခွဲကို ထပ်မံတိုးချဲ့တည်ဆောက်နိုင်ခဲ့၍ ပြည်တွင်းရှိ အထည်အလိပ်လုပ်ငန်းများအတွက်လိုအပ်သော ချည်မျှင်နှင့်အထည်အလိပ်များကို အတိုင်းအတာတစ်ခုအထိ သတ်မှတ်ထားသည့် အရည်အသွေးစံနှုန်းများအတိုင်း ပြည့်မီစွာထုတ်လုပ်ဖြည့်ဆည်းပေးနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယူ- ၁၅ လူငယ်လိဂ်ပြိုင်ပွဲ (၆) လ ကြာကျင်းပပြုလုပ်မည်

ယူ-၁၅ လူငယ်လိဂ်ပြိုင်ပွဲကို ယခုလ ဒီဇင်ဘာနောက်ဆုံးပတ်မှစတင်၍ (၆) လ ကြာ ကျင်းပြုလုပ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က အသိပေးထုတ်ပြန်ထားသည်။ ပြိုင်ပွဲကို အပတ်စဉ် စနေနှင့် တနင်္ဂနွေ‌နေ့များတွင် ကျင်းပမည်ဖြစ်ပြီး ပြိုင်ပွဲကာလမှာ ပထမအကျော့ (၃) လ၊ ဒုတိယအကျော့ (၃)လဖြင့် စုစုပေါင်း (၆) လ ကြာ ကျင်းပသွားမည်ဖြစ်သည်။ FIFA-MFF U15 Boys Leagu2024-2025 ကို ရန်ကုန်၊ မန္တလေး၊ တောင်ကြီးမြို့များတွင် ကျင်းပသွားရန် စီစဉ်ဆောင်ရွက်လျက်ရှိပြီး၊ ပြိုင်ပွဲဝင်ခွင့်ရအသင်းများအား ပြိုင်ပွဲစရိတ် ထောက်ပံ့သွားမည်ဖြစ်ကာ ပထမ၊ ဒုတိယ၊...

လာအိုနှင့်ထိုင်းတို့ပူးပေါင်း၍ ကျောက်ကပ်အစားထိုးကုသမှုပြုလုပ်ခဲ့

ဗီယန်ကျင်း၊ဒီဇင်ဘာ ၁၄ လာအိုနှင့်ထိုင်းတို့ပူးပေါင်း၍ ပထမအကြိမ် ကျောက်ကပ်အစားထိုးခွဲစိတ်မှုကို အောင်မြင်စွာပြုလုပ်နိုင်ခဲ့ပြီး နှစ်နိုင်ငံရှိဆေးရုံများ ပူးပေါင်းဆောင်ရွက်ခဲ့သည့် ဆေးဘက်ဆိုင်ရာအောင်မြင်မှုမှတ်တိုင်တစ်ခုလည်းဖြစ်လာခဲ့သည်။ လာအိုနိုင်ငံရှိ Mittaphab ဆေးရုံနှင့် ထိုင်းနိုင်ငံ Ramathibodi ဆေးရုံတို့သည် လာအိုနိုင်ငံ၌ ဆေးကုသမှု အထူးသဖြင့် ကျောက်ကပ် အစားထိုးကုသမှုများတွင် ပူးတွဲအလုပ်ရုံဆွေးနွေးပွဲများ၊လေ့ကျင့်မှုများ နှင့် အဆင့်မြင့်နည်းပညာများဆည်းပူးခြင်းတို့ကို တိုးမြှင့်ဆောင်ရွက်ရန် သဘောတူညီခဲ့ကြကြောင်းသိရသည်။ အဆိုပါပူးပေါင်းဆောင်ရွက်မှုကို အဆင့်နှစ်ဆင့်ခွဲထားသည်ဟုသိရပြီး ပထမအဆင့်ကို ၂၀၂၃ ခုနှစ် နှစ်လယ်၌စတင်ကာ Mittaphab ဆေးရုံရှိ ကျောက်ကပ်အလှူရှင်နှင့်လက်ခံသူဝို့၏ ကို စစ်ဆေးခြင်း၊ကိုယ်ခံအား ၊အယောင်ကျဆေး အသုံးပြုခြင်း၊ခွဲစိတ်ပြီး နောက်ပိုင်း ကုသမှု၊ နောက်ဆက်တွဲ ပြသနာ များကို...

အမျိုးသားအားကစားပွဲတော်၏ ဝန်ကြီးဌာနအဆင့်အားကစားပြိုင်ပွဲတွင် ကာကွယ်ရေးဝန်ကြီး ဌာနအသင်းမှ ဆုတံဆိပ်အများဆုံးရရှိထား

နေပြည်တော်၌ကျင်းပလျက်ရှိသည့် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်၏ ဝန်ကြီးဌာနအဆင့်အားကစားပြိုင်ပွဲတွင် ယမန်နေ့ ဒီဇင်ဘာ ၁၆ ရက်အထိ ကာကွယ်ရေးဝန်ကြီး ဌာနအသင်းမှ ဆုတံဆိပ်အများဆုံးရရှိထားကြောင်း သိရသည်။ ကာကွယ်ရေးဝန်ကြီးဌာနအသင်းသည် ရွှေတံဆိပ် ၁၃ ခု၊ ငွေတံဆိပ် ၉ ခု၊ ကြေးတံဆိပ် ၉ ခု (စုစုပေါင်း ဆုတံဆိပ် ၃၁ ခု)ဖြင့် ဆုတံဆိပ်အများဆုံးရရှိကာ ထိပ်ဆုံးတွင်ရပ်တည်လျက်ရှိပြီး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ရွှေတံဆိပ် ၁၀ ခု၊ ငွေတံဆိပ် ၇ ခု၊ ကြေးတံဆိပ် ၇ ခု (စုစုပေါင်း ဆုတံဆိပ်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071