Friday, November 15, 2024

လာရောက်လည်ပတ်ချိန်တွင် မြန်မာနိုင်ငံ၏ တည်ငြိမ်အေးချမ်းမှုနှင့် သာယာလှပမှုများစွာကိုခံစားမိဟု...

မိမိတို့လာရောက်လည်ပတ်ချိန်တွင် မြန်မာနိုင်ငံ ၏ တည်ငြိမ်အေးချမ်းမှုနှင့် သာယာလှပမှုများစွာကိုခံစားမိသည်ဟု ရုရှားနိုင်ငံ၊ ဘူရားတီးရားပြည်နယ်အကြီးအကဲ၊ ဘူရားတီးရားပြည်နယ်အစိုးရဥက္ကဋ္ဌ H.E. Mr. Tsydenov Alekesei Sambuevich...

ဂျပန်မှ မြန်မာလုပ်သား (၁၀၀၀)ကျော် ထပ်မံခေါ်ယူထား

ဂျပန်နိုင်ငံရှိ စက်ရုံ၊ အလုပ်ရုံများတွင် အလုပ်လုပ်ကိုင်ရန်အတွက် မြန်မာလုပ်သား (၁၀၀၀) ကျော် ထပ်မံခေါ်ယူထားကြောင်း တိုကျိုမြို့ရှိ မြန်မာသံရုံးမှ ထုတ်ပြန်ထားသည်။ အလုပ်သမားဝန်ကြီးဌာနက နိုင်ငံခြားရေးဝန်ကြီးဌာနမှတဆင့် ပေးပို့လာသည့်...

JMEV ကား မြန်မာပြည်သို့ စတင်မိတ်ဆက်

မြန်မာပြည်၏ EV ကားဈေးကွက်အတွင်း Brand တစ်ခုဖြစ်သည့် JMEV ကားအမျိုးအစားသစ်ကို စတင်မိတ်ဆက်ခဲ့‌ကြောင်း သိရသည်။ အဆိုပါ EV ကားအမျိုးအစား မိတ်ဆက်ပွဲ နှင့်...

လူကုန်ကူးခံရသူ မြန်မာအမျိုးသားသုံးဦးအား ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့...

လူကုန်ကူးခံရသူ မြန်မာအမျိုးသား (၃) ဦးအား ထိုင်းအာဏာပိုင်များက မြန်မာဘက်မှ ဒေသဆိုင်ရာ တာဝန်ရှိသူများထံ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ကြောင်းသိရသည်။ ယမန်နေ့ နိုဝင်ဘာ (၁၄)ရက်၊ နံနက်ပိုင်းက မဲဆောက်မြို့ရှိ...
HomeNewsFootballတစ်လနီးပါး ရပ်နားထားသည့် ပြည်တွင်း...

တစ်လနီးပါး ရပ်နားထားသည့် ပြည်တွင်း အမျိုးသမီးလိဂ်ပွဲစဉ်များ ယနေ့ စတင် ယှဉ်ပြိုင်မည်

တစ်လနီးပါး ရပ်နားထားသည့် ပြည်တွင်း အမျိုးသမီးလိဂ် (Myanmar Women League 2024)ပွဲစဉ်များကို ယနေ့ အောက်တိုဘာ(၃၀)ရက်တွင် စတင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

Myanmar Women League 2024ပွဲစဉ်များကို ပြည်ပခြေစမ်းပွဲများကြောင့် ခတ္တရပ်နားထားရာမှ ယနေ့တွင် Week -20 ပွဲစဉ်များကို ပြန်လည်စတင်ခဲ့ခြင်းဖြစ်သည်။

ယနေ့ Week-20 ပွဲစဉ်အတွင်း ဧရာဝတီအသင်းနှင့် သစ္စာအားမာန်အသင်းတို့မှာ YUSC ကွင်းတွင် လည်းကောင်း၊ ရှမ်းယူနိုက်တက်နှင့် ISPE အသင်းတို့မှာ စလင်းကွင်းတွင်လည်းကောင်း၊ မြဝတီနှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့မှာ ပဒုမ္မာကွင်းတွင်လည်းကောင်း အသီးသီး ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်သည်။

ပြိုင်ပွဲအား သုံးကျော့စနစ် (3 Round Robin)အရ ပထမအကျော့အား မေ(၇) ရက်နေ့မှ ဇွန်(၁၁)ရက်နေ့အတွင်း ပွဲစဉ် (၇)ပွဲအား၊ ဒုတိယအကျော့အား ဇူလိုင် (၁၇) ရက်မှ ဩဂုတ် (၂၀)ရက်အတွင်း ပွဲစဉ်(၇)ပွဲ၊ တတိယအကျော့အား စက်တင်ဘာ(၆)ရက်မှ နိုဝင်ဘာ(၅)ရက်အတွင်း ပွဲစဉ် (၇)ပွဲ အသီးသီး ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်သည်။

ယခုနှစ် Myanmar Women League 2024 ပြိုင်ပွဲတွင် မြဝတီအမျိုးသမီးအသင်း၊ ရန်ကုန်ယူနိုက်တက်အမျိုးသမီးအသင်း၊ သစ္စာအားမာန်အမျိုးသမီးအသင်း၊ အား/ကာသိပ္ပံအမျိုးသမီးအသင်း၊ YREO အမျိုးသမီးအသင်း၊ ရှမ်းယူနိုက်တက်အမျိုးသမီးအသင်းနှင့် ဧရာဝတီအမျိုးသမီးအသင်း စသည့်အသင်း (၇)သင်း ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

လာရောက်လည်ပတ်ချိန်တွင် မြန်မာနိုင်ငံ၏ တည်ငြိမ်အေးချမ်းမှုနှင့် သာယာလှပမှုများစွာကိုခံစားမိဟု ဘူရားတီးရားပြည်နယ်အစိုးရဥက္ကဋ္ဌ ပြော

မိမိတို့လာရောက်လည်ပတ်ချိန်တွင် မြန်မာနိုင်ငံ ၏ တည်ငြိမ်အေးချမ်းမှုနှင့် သာယာလှပမှုများစွာကိုခံစားမိသည်ဟု ရုရှားနိုင်ငံ၊ ဘူရားတီးရားပြည်နယ်အကြီးအကဲ၊ ဘူရားတီးရားပြည်နယ်အစိုးရဥက္ကဋ္ဌ H.E. Mr. Tsydenov Alekesei Sambuevich မှ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်တွေ့ဆုံစဥ်ပြောကြားခဲ့သည်။ နစက ဥက္ကဋ္ဌမှ H.E. Mr. Tsydenov Alekesei Sambuevich အား ယနေ့ နိုဝင်ဘာ ၁၅ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ နစက ဥက္ကဋ္ဌရုံး၏ သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။ တွေ့ဆုံစဥ် နစက ဥက္ကဋ္ဌမှ ဘူရားတီးရားပြည် နယ်သည် မိမိတို့နိုင်ငံနှင့်ထူးခြားသော...

ဂျပန်မှ မြန်မာလုပ်သား (၁၀၀၀)ကျော် ထပ်မံခေါ်ယူထား

ဂျပန်နိုင်ငံရှိ စက်ရုံ၊ အလုပ်ရုံများတွင် အလုပ်လုပ်ကိုင်ရန်အတွက် မြန်မာလုပ်သား (၁၀၀၀) ကျော် ထပ်မံခေါ်ယူထားကြောင်း တိုကျိုမြို့ရှိ မြန်မာသံရုံးမှ ထုတ်ပြန်ထားသည်။ အလုပ်သမားဝန်ကြီးဌာနက နိုင်ငံခြားရေးဝန်ကြီးဌာနမှတဆင့် ပေးပို့လာသည့် အလုပ်ကမ်းလှမ်းစာ ( Demand Letter ) များကို မြန်မာသံရုံးအနေဖြင့် စိစစ်ဆောင်ရွက်ပေးလျ က်ရှိသည်။ ဂျပန်နိုင်ငံရှိ အလုပ်သမားကြီးကြပ်ရေး ကုမ္ပဏီနှင့် အလုပ်ခေါ်ယူသည့် စက်ရုံ/ ကုမ္ပဏီများသည် ဂျပန်နိုင်ငံတွင် တရားဝင်တည်ထောင်ထားခြင်း ရှိ/မရှိစာရွက်စာတမ်း အထောက်အထားများစိစစ်ပြီး စိစစ်တွေ့ရှိချက်များ၊ သဘောထားမှတ်ချက်များကို နိုင်ငံခြားရေးဝန်ကြီးဌာနမှတဆင့် အလုပ် သမားဝန်ကြီးဌာနသို့ ပြန်လည်ပေးပို့လျက်ရှိကြောင်း သိရသည်။ မြန်မာသံရုံးအနေဖြင့် Demand...

JMEV ကား မြန်မာပြည်သို့ စတင်မိတ်ဆက်

မြန်မာပြည်၏ EV ကားဈေးကွက်အတွင်း Brand တစ်ခုဖြစ်သည့် JMEV ကားအမျိုးအစားသစ်ကို စတင်မိတ်ဆက်ခဲ့‌ကြောင်း သိရသည်။ အဆိုပါ EV ကားအမျိုးအစား မိတ်ဆက်ပွဲ နှင့် Launch Event ကို ယမန်နေ့ နိုဝင်ဘာ (၁၄) ရက်၊ ညနေပိုင်းက ရန်ကုန်မြို့၊ Sedona Hotel တွင် ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ယင်း JMEV သည် ကမ္ဘာ့နာမည်ကြီး JMC ကား၏ နည်းပညာများနှင့် ပေါင်းစပ်ထားခြင်းဖြစ်ပြီး လက်ရှိမြန်မာနိုင်ငံတွင် EV3 နဲ့ EV Eazy...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071