ပေကျင်း၊နိုဝင်ဘာ ၂၂
နှစ်နိုင်ငံစီးပွားရေးနှင့်ကုန်သွယ်ရေးသည် တည်ငြိမ်ပြီး ရေရှည်တည်တံ့စေရန်အတွက် အမေရိကနှင့်တွေ့ဆုံဆွေးနွေးကာပိုမို ပူးပေါင်းဆောင်ရွက်ရန်၊မတူညီမှုများကို အတူတကွဖြေရှင်းနိုင်ရန် ဆွေးနွေးဖို့လမ်းဖွင့်ထားသည်ဟု ပေကျင်းကပြောကြားခဲ့သည်။
အပြန်အလှန်လေးစားရေး၊ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးနင့် နှစ်ဦးနှစ်ဘက် ပူးပေါင်းဆောင်ရွက်မှုများအပေါ် အခြေခံကာ ဆွေးနွေးသွားမည်ဟုလည်း တရုတ်၏နိုင်ငံတကာ ကုန်သွယ်ရေး ကိုယ်စားလှယ်နှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဒုတိယဝန်ကြီး Wang Shouwen က သတင်းစာရှင်းလင်းပွဲတစ်ခု၌ပြောကြားခဲ့သည်။
တရုတ်အနေဖြင့် နိုင်ငံ၏ အချုပ်အခြာအာဏာ၊ လုံခြုံရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး အကျိုးစီးပွားများကို ခိုင်မာစွာကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ပြီးတရုတ်နှင့်အမေရိကတို့၏စီးပွားရေးသည် နှစ်လွှာပေါင်းမှ တရွက်ဖြစ်သည့် စွယ်တော်ရွက် သဖွယ်ဖြစ်ကြောင်းဆိုကာ နှစ်နိုင်ငံဆက်ဆံရေး၏ အရေးကြီးမှုကိုလည်းအလေးပေးပြောကြားခဲ့သည်။
မျှတပြီး ရေရှည်တည်တံ့သော စီးပွားရေးနှင့် ကုန်သွယ်မှုဆက်ဆံရေးကို ထိန်းသိမ်းခြင်းသည် နှစ်ဖက်စလုံးမှပြည်သူများအတွက်သာမက ကမ္ဘာတစ်ဝန်းရှိနိုင်ငံအားလုံးမှ ပြည်သူများအတွက်ပါ အကျိုးရှိစေမည်ဖြစ်ကြောင်းလည်း ၎င်းကပြောကြားခဲ့သည်။
Source : ရှင်းဟွာ