တနင်္သာရီတိုင်း၌ အားကစားနှင့်လူငယ်ကဏ္ဍ ဖွံ့ ဖြိုးတိုးတက်ရန် တိုင်းအတွင်းရှိ အားကစားကွင်းများတွင် ဆိုလာစနစ်သုံးမီးတိုင်များတပ်ဆင်ပေးသွားမည်ဟု အားကစားနှင့်လူငယ်ရေးရာဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးဦးမင်းသိန်းဇံက ပြောသည်။
တနင်္သာရီတိုင်း၊ ထားဝယ်မြို့သို့ရောက်ရှိနေသည့် ဝန်ကြီးဦးမင်းသိန်းဇံသည် တနင်္သာရီတိုင်းဝန်ကြီးချုပ်ဦးမြတ်ကိုနှင့်တွေ့ဆုံစဥ် ပြောကြားခဲ့ခြင်းဖြစ်သည်။
၎င်းတို့နှစ်ဦးသည် တနင်္သာရီတိုင်းဒေသကြီးအစီ အစဉ်ဖြင့် လူငယ်မျိုးဆက်သစ်များမွေးထုတ် ပေးနိုင်ရန်ဆောင်ရွက်နေမှုများ၊ တိုင်းအတွင်းရှိ အားကစားကွင်းများတွင် ဆိုလာစနစ်သုံးမီးတိုင်များတပ်ဆင်ပေးမည့်အခြေအနေများကို ဆွေး နွေးပြီးနောက် ပြည်ထောင်စုဝန်ကြီးမှ အားက စားအထောက်အကူပြုပစ္စည်းများပေးအပ်ခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးမှ တနင်္သာရီတိုင်းမိုးလုံလေလုံအားကစားခန်းမ၊ အားကစားကွင်း၊ ရွှေဝယ်သီရိရင်ပြင်ရှိ ဖူဆယ်အားကစားခန်းမ၊ ရွှေဝယ်သီရိ အားကစားခန်းမတို့ကို ကြည့်ရှုစစ် ဆေးပြီး ရွှေဝယ်သီရိအားကစားခန်းမတွင်လေ့ ကျင့်နေသည့် ဘော်လီဘောအားကစားသမားများကိုတွေ့ဆုံ၍ အားပေးစကားပြောကြားခဲ့သည်။
ထို့အတူ ကာယဗလအားကစားရုံနှင့် ဂျူဒိုလေ့ ကျင့်ရေးအားကစားရုံတို့ကိုလည်း ကြည့်ရှုစစ် ဆေးပြီးနောက် ရွှေဝယ်သီရိစားပွဲတင်တင်းနစ်အသင်းသို့သွားရောက်ပြီး တာဝန်ရှိသူများအားတွေ့ဆုံကာလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် မေးမြန်းခဲ့သည်။