၂၀၂၄ -၂၀၂၅ ပညာသင်နှစ်အတွင်း တနင်္သာရီတိုင်း၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုမည့်သူ (၄,၇၅၇)ဦးရှိကာ စာစစ်ဌာန (၁၆)ခု ဖွင့်လှစ်၍ ဖြေဆိုသွားမည်ဖြစ်ကြောင်း သိရသည်။
တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုမှုအတွက် ယမန်နေ့ မတ်လ (၁၄)ရက်တွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို က ထားဝယ်မြို့၊ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ အ စည်းအဝေးတစ်ရပ်ကျင်းပခဲ့ပြီး၊ စာစစ်ဌာန (၁၆)ခုတွင် လုံခြုံရေးအပါအဝင် စာမေးပွဲဖြေဆိုနေစဉ် ကာလအတွင်း ကျောင်းသား/သူများ အေးချမ်းစွာဖြေဆိုနိုင်ရေးကျောင်း သား/သူများ သွားလာနေစဉ် စာစစ်ဌာနသို့ အချိန် မီရောက်ရှိရေး ကူညီဆောင်ရွက်ပေးကြရန်မှာကြားသည်။
ထို့ပြင် အကြောင်းအမျိုးမျိုးကြောင့် စာစစ်ဌာနသို့ သွားလာနေစဉ် လမ်းခရီးအခက်အခဲများရှိနိုင်ကြောင်း၊ ကျောင်း သား/သူများကျန်းမာရေးအခြေအနေများကြောင့် ဖြေဆိုရပါက ကျန်းမာရေးဦးစီးဌာနနှင့် ဆက်စပ်ပြီး ဝိုင်းဝန်းကူညီဆောင်ရွက်ပေးရန်လိုကြောင်း မှာကြားသည်။
ထို့နောက် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးဗိုလ်မှူးချုပ်ကျော်ကျော်ဟန် က တက္ကသိုလ်ဝင်တန်းစာမေးပွဲသည် နိုင်ငံနှင့်တိုင်းဒေသကြီးအတွက် အရေးကြီးသောလုပ်ငန်းဖြစ်ကြောင်း၊ တပ်ဖွဲ့ဝင်၊ မြန်မာနိုင်ငံရဲ၊ ပြည်သူ့စစ်၊ ပြည်သူ့လုံခြုံရေးများနှင့် ပူးပေါင်းကာ လုံခြုံရေးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။
၂၀၂၄ -၂၀၂၅ ပညာသင်နှစ်အတွက် တစ်နိုင်ငံလုံးအတိုင်းအတာအရ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ယခု မတ်လ (၁ ၇) ရက်မှ (၂၂)ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်