Saturday, March 15, 2025

ထိုင်းနိုင်ငံရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်၌ မတော်တဆမှုကြောင့်‌ေ-သဆုံးခဲ့သည့် မြန်မာနိုင်ငံသားအတွက်ရရှိရန်ကျန်သော...

ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့ရှိ Bellcon Co., Ltd ၏ ဆောက်လုပ်ရေးလုပ်ငန်းခွင်၌အလုပ်လုပ်ကိုင်နေရာမှ ၂၀၂၄ ခုနှစ်က လုပ်ငန်းခွင်မတော်တဆမှုကြောင့်‌ေ-သဆုံးခဲ့သည့် မြန်မာနိုင်ငံသားမောင်နိုင်လင်းအောင်အတွက်ရရှိရန်ကျန်သည့် အကျိုးခံစားခွင့်ကျန်ငွေ ဘတ်(၇၄၃၄၅၄...

ကမ္ဘောဒီးယားနိုင်ငံမှ သာသနာပိုင်ဆရာတော်ကြီးအား မြန်မာသံအမတ်ကြီးက “အဘိဓဇ...

ကမ္ဘောဒီးယားနိုင်ငံမှ မဟာသံဃာ့ရာဇာနှင့် သာသနာပိုင်ဆရာတော်ကြီး ဆမ်ဒက် ပရယ် မဟာ သုမေဓာဓိပတိ ကိတ္တိ ဥဒ္ဒေသ ပဏ္ဍိတ နွန်ငိတ်အား ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးကျော်စိုးမင်းက...

နေပြည်တော်၌ တောမီးလောင်ကျွမ်းမှုများဆက်တိုက်ဖြစ်ပွားနေ ယနေ့တွင်လည်း (၂)ကြိမ်ဖြစ်ပွားခဲ့

နေပြည်တော်တွင် တောမီးလောင်ကျွမ်းမှုနှင့် မြက်ခြောက်မီးလောင်မှုများဆက်တိုက်ဖြစ်ပွားလျက်ရှိရာ ယနေ့ မတ် ၁၄ ရက်တွင်လည်း ပုဗ္ဗသီရိမြို့နယ်နှင့် ဥတ္တရသီရိမြို့နယ်တို့တွင် တောမီးနှင့် မြက်ခြောက်မီးလောင်မှုများဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ ယနေ့...

ထိုင်း ကစ်ဘောက်ဆင်ချန်ပီယံ ဆန်းဂါးသစ်ကို ဒိုင်ပေးမှတ်ဖြင့်...

ယနေ့ မတ်လ (၁၄)ရက် ညပိုင်းအချိန်၌ ONE ၏ ရာပြည့်ပွဲတစ်ခုဖြစ်သည့် ONE Friday Fights -100 ပွဲစဉ်တွင် ထိုင်း...
HomeNewsLocal Newsတန့်ယန်းမြို့နယ်တွင် Online လိ-မ်လည်မှုနှင့်...

တန့်ယန်းမြို့နယ်တွင် Online လိ-မ်လည်မှုနှင့် လေ-ာင်းကစားမှုဆောင်ရွက်နေသည့် ပြည်ပနိုင်ငံ သား(၁၅၀)ဦးကျော်အား ဖမ်းဆီးရမိ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်အတွင်း တရားမဝင် Online လိ-မ်လည်မှုနှင့် လေ-ာင်း ကစားမှုဆောင်ရွက်နေသည့် ပြည်ပနိုင်ငံသား (၁၅၀)ဦးကျော်ကို မတ် ၁၂ ရက်ကဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

လုံခြုံရေးအဖွဲ့ဝင်များက တန့်ယန်းမြို့နယ်၊ နားဟုတ်ကျေးရွာအုပ်စုအတွင်း၌ တရားမဝင် Online လိ-မ်လည်မှုနှင့် လေ-ာင်းကစားမှုများပြုလုပ်နေကြောင်း သတင်းအရ မတ် ၁၂ ရက်တွင်ဝင်ရောက်ရှာဖွေစစ်ဆေးမှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ စစ်ဆေးရာမှ တရားမဝင် Online လိ-မ်လည်မှုနှင့် လေ-ာင်းကစားမှုများပြုလုပ်နေသည့် ပြည်ပနိုင်ငံသား(၁၆၅)ဦးနှင့် မြန်မာနိုင်ငံသား(၁) ဦးတို့အား အလျား(၂၀၀)ပေ၊ အနံ(၆၀)ပေရှိ သွပ် မိုးခန်းမ(၁)လုံး၊ (၇)ခန်းတွဲ ယာယီလူနေအဆောက်အဦ(၅)လုံး၊ လုပ်ငန်းသုံးပရိဘောဂပစ္စည်းများ၊ StarLink (၂)စုံ၊ ဖုန်းမျိုးစုံ(၃၀)လုံး၊ All in One ကွန်ပျူတာ(၅)လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် လုံခြုံရေးအဖွဲ့ဝင်များက ဖမ်းဆီးရမိသူများအား ဥပဒေနှင့်အညီ တရားစွဲဆိုအရေးယူနိုင်ရန်နှင့် ပြည်ပနိုင်ငံသားများအား လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်းချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍ သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးနိုင်ရန် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် မတ် ၁၃ ရက်က ကရင်ပြည်နယ်၊ မြဝတီမြို့-မင်းလက်ပံနှင့် KK Park နယ်မြေများသို့ တရားမဝင်လမ်းကြောင်းများမှတစ်ဆင့်ဝင်ရောက်နေသည့် ဗီယက်နမ်နိုင်ငံသား(၂၄၄)ဦးနှင့် အိန္ဒိယနိုင်ငံသား(၂၆)ဦး၊ စုစုပေါင်းပြည်ပနိုင်ငံ သား(၂၇၀)ဦးကို ထပ်မံစစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့၍ သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံးပြန်လည်လွှဲပြောင်းပေးနိုင်ရေး သက်ဆိုင်ရာတာဝန်ရှိသူများကဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့အတူ မြဝတီမြို့-မင်းလက်ပံနှင့် KK Park နယ်မြေများသို့ တရားမဝင်လမ်းကြောင်းများမှတစ်ဆင့်ဝင်ရောက်နေထိုင်၍ Online လိ-မ်လည်မှုနှင့် လေ-ာင်းကစားမှုများတွင် ဝင်ရောက်လုပ်ကိုင်နေရာမှ ဖော်ထုတ်ဖမ်းဆီးရမိခဲ့သူများအနက် တရုတ်နိုင်ငံသား(၄၅၀)ဦးကို မတ် ၁၃ ရက် မြန်မာ-ထိုင်းအမှတ်(၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံသို့ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်းချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ပြည်နှင်လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၃၀ ရက်မှ မတ် ၁၃ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား(၆၀၁၅)ဦးကို စစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကာ ၎င်းတို့အနက် (၃၂၁၃)ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျလွှဲပြောင်းပေးခဲ့ပြီး ကျန်ရှိသည့် ပြည်ပနိုင်ငံသား(၂၈၀၂)ဦးကိုလည်း သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန်အသင့်ဖြစ်နေကာ ကောင်းမွန်စွာထိန်းသိမ်းစောင့်ရှောက်ထားကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ထိုင်းနိုင်ငံရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်၌ မတော်တဆမှုကြောင့်‌ေ-သဆုံးခဲ့သည့် မြန်မာနိုင်ငံသားအတွက်ရရှိရန်ကျန်သော အကျိုးခံစားခွင့်ကျန်ငွေ ဘတ် ၇ သိန်းကျော်ထပ်မံရရှိ

ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့ရှိ Bellcon Co., Ltd ၏ ဆောက်လုပ်ရေးလုပ်ငန်းခွင်၌အလုပ်လုပ်ကိုင်နေရာမှ ၂၀၂၄ ခုနှစ်က လုပ်ငန်းခွင်မတော်တဆမှုကြောင့်‌ေ-သဆုံးခဲ့သည့် မြန်မာနိုင်ငံသားမောင်နိုင်လင်းအောင်အတွက်ရရှိရန်ကျန်သည့် အကျိုးခံစားခွင့်ကျန်ငွေ ဘတ်(၇၄၃၄၅၄ ဒသမ ၇၄)သိန်းအား မတ် ၁၂ ရက်က ထပ်မံရရှိခဲ့ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာအလုပ်သမားသံအရာရှိရုံးထံမှ သိရသည်။ မြန်မာနိုင်ငံသား မောင်နိုင်လင်းအောင်အား ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့ရှိ Bellcon Co., Ltd ၏ ဆောက်လုပ်ရေးလုပ်ငန်းခွင်၌အလုပ်လုပ်ကိုင်ရန် Success Family Co., Ltd မှ MoU စနစ်ဖြင့်စေလွှတ်ခဲ့ခြင်းဖြစ်ပြီး ၂၀၂၄ ခုနှစ်၊...

ကမ္ဘောဒီးယားနိုင်ငံမှ သာသနာပိုင်ဆရာတော်ကြီးအား မြန်မာသံအမတ်ကြီးက “အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိက”ဘွဲ့ဆက်ကပ်

ကမ္ဘောဒီးယားနိုင်ငံမှ မဟာသံဃာ့ရာဇာနှင့် သာသနာပိုင်ဆရာတော်ကြီး ဆမ်ဒက် ပရယ် မဟာ သုမေဓာဓိပတိ ကိတ္တိ ဥဒ္ဒေသ ပဏ္ဍိတ နွန်ငိတ်အား ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးကျော်စိုးမင်းက ၂၀၂၅ ခုနှစ်အတွက် သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်ဖြစ်သည့် "အဘိဓဇ အဂ္ဂမ ဟာသဒ္ဓမ္မ ဇောတိက"ဘွဲ့နှင့် အဆောင်အယောင်များအား ဆက်ကပ်လှူဒါန်းခဲ့သည်။ မြန်မာနိုင်ငံအစိုးရမှ ကမ္ဘောဒီးယားနိုင်ငံမှ သာသနာပိုင်ဆရာတော်ကြီးအား ဆက်ကပ်လှူဒါန်းသည့် သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်အား မတ် ၁၄ ရက်က ဖနောင်ပင်မြို့ရှိ Bomonvata Rajavaram Pagoda တွင် ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ်ဟွန်မာနိုက်မှ ဆရာတော်ကြီးအပါအဝင် သံဃာတော်များအား ခမာရိုးရာအမွှေးနံ့သာရေရေသွန်းလောင်းပူဇော်ပွဲအခမ်းအနားနှင့်အတူ ကျင်းပခဲ့ခြင်းဖြစ်...

နေပြည်တော်၌ တောမီးလောင်ကျွမ်းမှုများဆက်တိုက်ဖြစ်ပွားနေ ယနေ့တွင်လည်း (၂)ကြိမ်ဖြစ်ပွားခဲ့

နေပြည်တော်တွင် တောမီးလောင်ကျွမ်းမှုနှင့် မြက်ခြောက်မီးလောင်မှုများဆက်တိုက်ဖြစ်ပွားလျက်ရှိရာ ယနေ့ မတ် ၁၄ ရက်တွင်လည်း ပုဗ္ဗသီရိမြို့နယ်နှင့် ဥတ္တရသီရိမြို့နယ်တို့တွင် တောမီးနှင့် မြက်ခြောက်မီးလောင်မှုများဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ ယနေ့ မတ် ၁၄ ရက်ည ၇ နာရီ ၂၀ မိနစ်ခန့်က ပုဗ္ဗသီရိမြို့နယ်၊ ဝနဒီပရပ်ကွက်၊ ပိတောက်လမ်းတောင်ဘက်ရှီ သရက်ရှင်းဆည်အနီးတောင်ပေါ်၌ တောမီးလောင်ကျွမ်းမှုဖြစ်ပွား၍ ပုဗ္ဗသီရိမြို့နယ်မီးသတ်ခန်းမှတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များကပူးပေါင်းငြှိမ်းသတ်ခဲ့ကြသဖြင့် ည ၇ နာရီ ၅၀ မိနစ်တွင်မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။ ထို့ပြင် ယနေ့ မတ် ၁၄ ရက်မွန်းလွဲ ၂ နာရီ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071