ပြီးခဲ့သည့် တန်ဆောင်တိုင် ပိတ်ရက်ကာလအတွင်း ခရီးသွားဝင်ရောက်မှုအနေဖြင့် ငွေဆောင်ကမ်းခြေသို့ ပြည်တွင်း၊ ပြည်ပခရီးသွား ၉,၆၀၀ ကျော်ဝင်ရောက်ခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ငွေဆောင်ရုံးခွဲထံမှ သိရသည်။
ယခင် သီတင်းကျွတ်ပိတ်ရက်ကာလတွင် ငွေဆောင်ကမ်းခြေသို့ ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည် ၁၅၀၀၀ ကျော် လာရောက် လည်ပတ်ခဲ့ပြီး ယခု တန်ဆောင်တိုင်ကာလတွင် လာရောက်လည်ပတ်သူ အနည်းငယ်လျော့ကျသွားကြောင်း သိရသည်။
ခရီးသွားများအနေဖြင့် ငွေဆောင်ကမ်းခြေတွင် အမှတ်တရ ပစ္စည်းအရောင်းဆိုင်များ ငွေဆောင်၏ အထင်ကရကျွန်းများဖြစ်သော မြွေကျွန်း၊ လိပ်ကျွန်း၊ ငှက်ကျွန်း၊ ဆင်မကျွန်း၊ ကျွန်းလျားရှည်၊ ချစ်သူများကျွန်း၊ ဘုရားသုံးဆူနှင့် မိုးမခ ဆင်စခန်းသို့ သွားရောက်လည်ပတ်နိုင်ကြောင်းလည်းသိရသည်။
MAI အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းလိုင်းမှလည်း ရန်ကုန်-ပုသိမ်-မန္တလေး-ဟုမ္မလင်း -မန္တလေး- ခရီးစဉ်များကို ပြေးဆွဲပေးနေသည့်အတွက် လေယာဉ်ဖြင့် လာရောက်မှုများရှိနေကြောင်း သိရသည်။
တန်ဆောင်တိုင်ပိတ်ရက်ကာလတွင် အခြားသော အပန်းဖြေလည်ပတ်သူများအနေဖြင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ကမ်းခြေများဖြစ်သည့် ချောင်းသာကမ်းခြေတွင် ၈,၁၀၀)ကျော်နှင့် ရွှေသောင်ယံကမ်းခြေသို့ ခရီးသွား(၅၀၀)ကျော် လာရောက်လည်ပတ်ခဲ့ကြောင်း သိရသည်။