နှစ်(၈၀)ပြည့်တပ်မတော်နေ့အခမ်းအနားအား နေပြည်တော်တွင် ယနေ့ မတ် ၂၇ ရက်က ကျင်းပရာ ယင်းအခမ်းအနားတက်ရောက်ရန် ဘယ်လာရုစ်နိုင်ငံ၊ ကာကွယ်ရေးဝန်ကြီး Lieutenant General Viktar Gennadyevich Khrenin နှင့် ရုရှားနိုင်ငံ၊ ဒု-ကာကွယ်ရေးဝန်ကြီး Colonel General Aleksandr Vasilyevich FOMIN တို့ရောက်ရှိခဲ့သည်။
ဘီလာရုစ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ဝင်များသည် မတ် ၂၆ ရက်ညပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိခဲ့ရာ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ပြည့်စုံလင်းနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။
ထို့ပြင် ရုရှားနိုင်ငံ ဒု-ကာကွယ်ရေးဝန်ကြီးဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ဝင်များသည်လည်း မတ် ၂၆ ရက်နေ့လည်ပိုင်းက နေပြည်တော်ရှိ တပ်မတော်လေဆိပ်သို့ရောက်ရှိခဲ့ရာ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှုး ဗိုလ်ချူပ်စိုးမင်းနှင့် တပ်မတော်အရာရှိကြီးများက ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။