Wednesday, December 25, 2024

ရွှေကုက္ကိုက ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် အရှိန်အဟုန်နှင့်...

ထိုင်း - မြန်မာနယ်စပ် မြဝတီမြို့နယ်အတွင်းရှိ ရွှေကုက္ကိုကျေးရွာတွင် ဖြစ်ပွားနေသည့် ဝမ်းရောဂါဖြစ်ပွားမှုနှင့်ပတ်သက်၍ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေး အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေကြောင်း ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူက ပေါ်ပြူလာနယူးစ်သို့...

စက်သုံးဆီများကို လိုအပ်သလောက်ဝယ်ယူနိုင်မည့် MPTA FM...

မည်သည့် စက်သုံးဆီအမျိုးအစားကိုမဆို လို အပ်သလောက်ဝယ်ယူနိုင်မည့် MPTA FM Application အား ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှစတင်၍...

ရုရှားကုန်သင်္ဘောတစ်စင်း ပေါက်ကွဲန-စ်မြုပ်

Ursa Major အမည်ရ ရုရှားကုန်တင်သင်္ဘောတစ်စင်းသည် စပိန်နိုင်ငံ နှင့် အယ်ဂျီးရီယားနိုင်ငံအကြား မြေထဲပင်လယ်ရေပြင်တွင် စက်ခန်းပေါက်ကွဲမှုဖြစ်ပွားကာ န-စ်မြုပ်ခဲ့ကြောင်းနှင့် သင်္ဘောသားနှစ်ဦး ပျောက်ဆုံးနေကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက...

ရှိတ်ဟာစီနာကို ပြန်လွှဲပေးရန် ဘင်္ဂလားဒေ့ရှ်က အိန္ဒိယကိုတောင်းဆို

သြဂုတ်လအတွင်းက နူးဒေလီသို့ ထွက်ပြေးသွားခဲ့သည့် ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာကို တရားစီရင်နိုင်ရန်အတွက် နိုင်ငံသို့ ပြန်လွှဲပေးစေလိုသည်ဟု ဘင်္ဂလားဒေ့ရှ်အစိုးရက အိန္ဒိယအစိုးရကို ‌ေတာင်းဆိုထားကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ယာယီဝန်ကြီးက...
HomeNewsLocal Newsတပ်မတော်(ရေ)မှ တည်ဆောက်ခဲ့သမျှ အကြီးဆုံးဖြစ်သည့်...

တပ်မတော်(ရေ)မှ တည်ဆောက်ခဲ့သမျှ အကြီးဆုံးဖြစ်သည့် ဖရီဂိတ် စစ်ရေယာဉ်ရေချ၊ “သာလွန်မင်း”ဟုအမည်ပေး

မြန်မာ့တပ်မတော်(ရေ) တွင်တည်ဆောက်ခဲ့သည့် စစ်ရေယာဉ်များအနက် အရွယ်အစားအကြီးမားဆုံးဖြစ်သည့် အလျား(၁၃၅)မီတာရှိ ဖရီဂိတ်စစ်ရေယာဉ်ကြီးကို ယနေ့ ဒီဇင်ဘာ ၂၄ ရက်နံနက်ပိုင်းက “သာလွန်မင်း”ဟုအမည်ပေးပြီးနောက် ရေချပေးခြင်းအခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားကို ရန်ကုန်တိုင်း၊ သန်လျင်တပ်နယ်ရှိ ရေတပ်သင်္ဘောကျင်းဌာနချုပ်၌ ကျင်းပရာ နစက ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တက်ရောက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားအတွင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ စစ်ရေယာဉ်ကြီးတည်ဆောက်ရာတွင် ပါဝင်ဆောင်ရွက်ခဲ့သော အရာရှိ၊ စစ်သည်များအားတွေ့ဆုံနှုတ်ဆက်၍ ဂုဏ်ပြုလက်ဆောင်သစ်သီးခြင်း ပေးအပ်ပြီး ဖရီဂိတ်စစ်ရေယာဉ်ကြီးကို Ship lift Platform မှ ရေချခြင်းအားကြည့်ရှုအားပေးခဲ့သည်။

နိုင်ငံ၏ပြည်တွင်းရန်နှိမ်နင်းခြင်း၊ ပြည်ပရန်ကာကွယ်ခြင်းနှင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင် စံနှုန်းစနစ်များ ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် သာလွန်မင်းတရားကြီးကို ဂုဏ်ပြုသောအားဖြင့် ဖရီဂိတ်စစ်ရေယာဉ်ကြီးအား “သာလွန်မင်း”ဟု အမည်ပေးအပ်ထားခြင်းဖြစ်ကြောင်း သိရသည်။

တပ်မတော်(ရေ)မှ အရာရှိ၊စစ်သည်များက ၂၀၁၇ ခုနှစ်၊ မတ်လတွင် စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ကာ ရေယာဥ်ကိုယ်ထည်များခွဲခြားတည်ဆောက်ပြီး ရေယာဉ်ကိုယ်ထည်ကြီးအဖြစ် တွဲဆက်တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

တပ်မတော်(ရေ) တွင်တည်ဆောက်ခဲ့သည့် စစ်ရေယာဉ်များအနက် အရွယ်အစားအကြီးမားဆုံးဖြစ်ပြီး ခေတ်မီစစ်ရေယာဉ်တစ်စီး၏ လိုအပ်ချက်များနှင့်အညီ နိုင်ငံတကာခေတ်မီ စစ်ရေယာဉ်ကြီးများနည်းတူ ကောင်းမွန်စေရန် ကြိုးပမ်းတည်ဆောက်ထားကြောင်း သိရသည်။

အဆိုပါ ရေယာဉ်ကြီးသည် အလျား ၁၃၅ မီတာ၊ အနံ ၁၄ ဒသမ ၅ မီတာ၊ အမြင့် ၉ မီတာ၊ ရေစူး ၄ ဒသမ ၁ မီတာ၊ ဝန်ပြည့်အလေးချိန် ၃၅၀၀ တန်ရှိပြီး အမြန်နှုန်း ၁ နာရီလျင် ရေမိုင် ၃၀ အထိမောင်းနှင်နိုင်မည်ဖြစ်သည်။

ထို့ပြင် ၂၁ ရာစု ရေတပ်များ ၏ ရည်မှန်းချက်တာဝန်များနှင့် စွမ်းရည်များကိုပိုင်ဆိုင်၍ မြန်မာ့ပင်လယ်ပြင်အတွင်း သမားရိုးကျနှင့်သမားရိုးကျမဟုတ်သော ခြိမ်းခြောက်မှုများကို ရှေ့တန်းကျကျကာကွယ်တားဆီးတိုက်ပွဲဝင်နိုင်ခြင်း၊ ကင်းလှည့်ထောက်လှမ်းခြင်း၊ အကြမ်းဖက်အဖွဲ့အစည်းများ၊ ကျူးကျော်မှုများကိုတိုက်ဖျက်ခြင်းနှင့် ရေပြင်နယ်နိမိတ်ကာကွယ် ခြင်း၊ မိမိနိုင်ငံပိုင်နက်ပင်လယ်ပြင်ကိုထိန်းချုပ်ခြင်း၊ လူသားချင်းစာနာထောက်ထားရှာဖွေကယ် ဆယ်ရေးလုပ်ငန်းများကိုလုပ်ဆောင်နိုင်စွမ်းရှိကြောင်းလည်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရွှေကုက္ကိုက ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် အရှိန်အဟုန်နှင့် ဆောင်ရွက်နေကြောင်း ကျန်းမာရေး ဝန်ကြီးဌာနပြော

ထိုင်း - မြန်မာနယ်စပ် မြဝတီမြို့နယ်အတွင်းရှိ ရွှေကုက္ကိုကျေးရွာတွင် ဖြစ်ပွားနေသည့် ဝမ်းရောဂါဖြစ်ပွားမှုနှင့်ပတ်သက်၍ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေး အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေကြောင်း ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။ ရွှေကုက္ကို အပါအဝင် မန္တလေး၊ လပွတ္တာနှင့် ဒေသအချို့တွင် ဝမ်းရောဂါဖြစ်ပွားမှုနှုန်း မြင့်တက်နေသည့်အပေါ် ကျန်းမာရေးဝန်ကြီးဌာန၏ ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ ‌ပေါ်ပြူလာနယူးစ်၏ မေးမြန်းမှုကို ဝန်ကြီးဌာနက ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။ "ကရင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ အနီးကပ် ကြီးကြပ်ကွပ်ကဲမှုဖြင့် ကရင်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနသည် ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ မြဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့တို့နှင့်ညှိနှိုင်း၍ ဒေသခံကျန်းမာရေးဝန်ထမ်းများ၊ ဒေသခံကျန်းမာရေးစောင့်ရှောက်မှုပေးသည့် အဖွဲ့အစည်းများနှင့်ပူးပေါင်းကာ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင်...

စက်သုံးဆီများကို လိုအပ်သလောက်ဝယ်ယူနိုင်မည့် MPTA FM Application အား ဇန်နဝါရီ ၁ ရက်မှစတင်အသုံးပြုနိုင်ပြီဖြစ်

မည်သည့် စက်သုံးဆီအမျိုးအစားကိုမဆို လို အပ်သလောက်ဝယ်ယူနိုင်မည့် MPTA FM Application အား ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှစတင်၍ အသုံးပြုနိုင်ပြီဖြစ်ကြောင်း သိရသည်။ MPTA FM Application အား မှန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီ၏ ဦးဆောင်မှုဖြင့် စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်း(MPTA)နှင့်ပူးပေါင်း၍ ရေးဆွဲခဲ့ခြင်းဖြစ်သည်။ အဆိုပါ Application အား ပြည်သူများအနေဖြင့် ဖုန်းအသုံးပြု၍ နီးစပ်ရာ မည်သည့်စက်သုံးဆီအရောင်းဆိုင်များတွင် မည်သည့်စက်သုံးဆီအမျိုးအစားများကို မည်သည့်စျေးနှုန်းများဖြင့် လိုအပ်သလောက်ဝယ်ယူဖြည့်တင်းနိုင်ခြင်း ရှိ/မရှိသိရှိနိုင်ရန်အတွက် ရေးဆွဲခဲ့ခြင်းဖြစ်သည်။ ယင်း Application ၌ နိုင်ငံတစ်ဝှမ်းရှိ စက်သုံးဆီအရောင်းဆိုင်များတည်နေရာ၊ ဆိုင်ဖွင့်ချိန်/ပိတ်ချိန်၊...

ရုရှားကုန်သင်္ဘောတစ်စင်း ပေါက်ကွဲန-စ်မြုပ်

Ursa Major အမည်ရ ရုရှားကုန်တင်သင်္ဘောတစ်စင်းသည် စပိန်နိုင်ငံ နှင့် အယ်ဂျီးရီယားနိုင်ငံအကြား မြေထဲပင်လယ်ရေပြင်တွင် စက်ခန်းပေါက်ကွဲမှုဖြစ်ပွားကာ န-စ်မြုပ်ခဲ့ကြောင်းနှင့် သင်္ဘောသားနှစ်ဦး ပျောက်ဆုံးနေကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၂၄ ရက်တွင် ပြောကြားခဲ့သည်။ ၂၀၀၉ ခုနှစ်တွင် တည်ဆောက်ခဲ့သော အဆိုပါသင်္ဘောသည် ရုရှားကာကွယ်ရေးဝန်ကြီးဌာန စစ်ဘက်တည်ဆောက်ရေးလုပ်ငန်း၏ အစိတ်အပိုင်းဖြစ်သော Oboronlogistika ကုမ္ပဏီက စီမံထိန်းချုပ်ပြီး သင်္ဘောသည် ရုရှားအရှေ့ဖျား ဗလာဒီဗော့စ်တော့ ဆိပ်ကမ်းသို့ သွားရာလမ်းကြောင်းတွင်ရှိနေကာ သင်္ဘောပေါ်တွင် ဆိပ်ကမ်းသုံး ဧရာမကရိန်းကြီးနှစ်ခု တပ်ဆင်ထားသည်ဟု ပြောဆိုထားခဲ့သည်။ သင်္ဘောသား ၁၆ ဦးအနက် ၁၄...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071