တပ်မတော်အတွင်းတာဝန်ထမ်းဆောင်နေသည့် အသက်မပြည့်စစ်သည်(၉၃)ဦးကို နှုတ်ထွက်ခွင့်ပြုပြီးနောက် ယနေ့ မတ် ၁၉ ရက်နံနက်ပိုင်းက ရန်ကုန်မြို့ရှိ စစ်ကြောရေးနှင့်တည်းခိုရေးစခန်း၌ မိဘများထံပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အသက်မပြည့်စစ်သည်(၉၃)ဦးအား ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)နှင့် မြန်မာနိုင်ငံစောင့်ကြည့်လေ့လာရေးနှင့် အစီရင်ခံတင်ပြရေးလုပ်ငန်းအဖွဲ့တို့၏အစီအမံဖြင့် သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်အလိုက် အသေးစိတ်စိစစ်နုတ်ထွက်ခွင့်ပြုခဲ့ခြင်းဖြစ်သည်။
ယင်း ကလေ-းငယ်များအား တပ်မတော်မှနုတ်ထွက်ခွင့်ပြုသည့် လက်မှတ်နှင့် (၁၀)နှစ်မှ (၁၈)နှစ်ကြား မှတ်ပုံတင်ကတ်ပြားများကို တာဝန်ရှိသူတို့က ပေးအပ်၍ ကလေ-းများအား မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းပေးအပ်ခဲ့ပြီးနောက် ကလေ-းများနှင့် မိဘများကို မြန်မာနိုင်ငံစောင့်ကြည့်လေ့လာရေးနှင့်အစီ ရင်ခံတင်ပြရေးလုပ်ငန်းအဖွဲ့နှင့် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့မှစီစဉ်သော ကြားကာလပြုစုစောင့်ရှောက်ရေးစခန်းသို့ တပ်မတော်မှပို့ဆောင်ပေးခဲ့သည်။
ယင်း စခန်းတွင် မိဘများနှင့်အဆက်အသွယ်မရရှိသေးပါက ဆက်သွယ်ဆောင်ရွက်ပေးခြင်း၊ ကျန်းမာရေးဆေးဝါးကုသရန် လိုအပ်မှု ရှိ/မရှိ စစ်ဆေး၍ လိုအပ်က ဆေးဝါးကုသမှုခံယူစေခြင်း၊ ကျောင်းပြန်တက်ရန် ဆန္ဒရှိပါက ကျောင်းပြန်တက်ရန်၊ ကျောင်းပြင်ပ ပညာသင်ကြားရန်၊ အလုပ်လုပ်ကိုင်ရန် ဆန္ဒရှိပါက မျှတသောအလုပ်အကိုင်ရရှိနိုင်ရန်လိုအပ်သည့် ကျွမ်းကျင်မှုများသင်ယူရန် ဖြစ်နိုင်ခြေများ ဆန်းစစ်ခြင်းနှင့် လက်ငင်းအသုံးပြုရန် အခြေခံပစ္စည်းများဝေငှခြင်း၊ အိမ်အပြန်ခရီးစရိတ်နှင့် စားစရိတ်စီစဉ်ပေးခြင်းများကို ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။
၂၀၁၂ ခုနှစ်မှယနေ့အထိ အသက်မပြည့်စစ်သည်များအား အခမ်းအနားဖြင့်(၁၈)ကြိမ်၊ တပ်မတော်အစီအစဉ်ဖြင့်(၄)ကြိမ်(စုစုပေါင်း ၂၂ ကြိမ်)ရှိခဲ့ရာ အသက်မပြည့်စစ်သည်ပေါင်း(၁၁၅၀)ဦးကို လွှဲပြောင်းပေးအပ်ပြီးဖြစ်သည်။
ထို့ပြင် တပ်မတော်အနေဖြင့် အရွယ်မရောက်သေးသူ ကလေ-းသူငယ်စစ်သည်များအား တပ်မတော်အတွင်းလုံးဝမကျန်ရှိစေရန် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကာ အရွယ်မရောက်သေးသူ ကလေ-း သူငယ်များအား လုံးဝစုဆောင်းခြင်းမပြုရန်နှင့် အ ကြောင်းအမျိုးမျိုးဖြင့် မှားယွင်းစုဆောင်းခဲ့သူများရှိပါက အမြန်ဆုံးထွက်ခွင့်ပြုရန် စိစစ်ဆောင်ရွက်လျက်ရှိပြီး တာဝန်ရှိသူများကိုလည်း စစ်စည်းကမ်းနှင့်အညီအရေးယူခဲ့သည်။