မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ရှိ တပ်မတော်ဧည့်ရိပ်သာများသည် ရှေးဟောင်းအဆောက်အဦများဖြစ်၍ မူလပုံစံမပျက်စနစ်တကျထိန်းသိမ်းစောင့်ရှောက်ရန် နစက ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မှာကြားသည်။
၎င်းမှ ယနေ့ ဒီဇင်ဘာ ၁၂ ရက်နံနက်ပိုင်းက ပြင်ဦးလွင်မြို့ရှိ ရှေးဟောင်းတပ်မတော်ဧည့်ရိပ်သာများဖြစ်သည့် သဇင်မြိုင်၊ ချယ်ရီမြိုင်နှင့် ယုဇနမြိုင်တို့အား ထိန်းသိမ်းထားရှိမှုကို ကြည့်ရှုစဉ် တာဝန်ရှိသူများကိုမှာကြားခဲ့ခြင်းဖြစ်သည်။
တပ်မတော်ဧည့်ရိပ်သာများသည် ရှေးဟောင်းအဆောက်အဦများဖြစ်၍ မူလပုံစံမပျက်စနစ်တ ကျထိန်းသိမ်းစောင့်ရှောက်ရမည်ဖြစ်ကာ ထိန်းသိမ်းရာတွင်လည်း ထည့်သွင်းအသုံးပြုရန်လိုအပ်သည့် ပရိဘောဂများနှင့် အခြား အသုံးအဆောင်ပစ္စည်းများအား ရှေးဟောင်းလက်ရာပစ္စည်းများကိုသာ အတတ်နိုင်ဆုံးရှာဖွေထည့်သွင်းသုံးစွဲရန်မှာကြားခဲ့သည်။
ထို့ပြင် ပြင်ဦးလွင်မြို့ရှိ အခြား ရှေးဟောင်းအဆောက်အဦများကိုလည်း စနစ်တကျထိန်းသိမ်း စောင့်ရှောက်ရန်လည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ တာဝန်ရှိသူများအား မှာကြားခဲ့သည်။
ထို့နောက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ဧည့်ရိပ်သာများ၏ အတွင်းပိုင်းနှင့်အပြင် ပတ်ဝန်းကျင်ထိန်းသိမ်းထားရှိမှုတို့အား လှည့်လည်ကြည့်ရှုခဲ့သည်။