ပေကျင်း၊ဧပြီ ၂၃
တယ်လီကွန်းလိ-မ်လ-ည်မှုဖြင့် သံသယရှိသူ (၉၂၀) ကျော်ကို မြန်မာနိုင်ငံမှတာဝန်ရှိသူအရာရှိများက တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးခဲ့ကြောင်း တရုတ်နိုင်ငံပြည်သူ့လုံခြုံရေးဝန်ကြီးဌာနကပြောကြားခဲ့သည်။
ပြီးခဲ့သည့်နှစ် နိုဝင်ဘာလက မြန်မာနိုင်ငံမြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်အနီးရှိ အကြီးစားတယ်လီကွန်းလိမ်လည်မှုစင်တာများကို ဖျက်သိမ်းပြီးနောက် တရုတ်နှင့်မြန်မာနှစ်နိုင်ငံ တရားဥပဒေ စိုးမိုးရေးအာဏာပိုင်များ၏ ပူးပေါင်းနှိမ်နင်းမှုမှ နောက်ဆုံးအောင်မြင်မှုဖြစ်သည်။
တရုတ်နိုင်ငံ ယူနန်ပြည်နယ်ရှိ Daluo ဆိပ်ကမ်းမှတစ်ဆင့်လွှဲပြောင်းပေးခဲ့သည့် အဆိုပါသံသယရှိသူများကို မြန်မာဘက်အာဏာပိုင်များ၏ မတ်လ (၂၄) ရက်ကစတင်ပြုလုပ်ခဲ့သည့် ပြင်းထန်သည့်စစ်ဆင်ရေးများအတွင်း ဆက်တိုက်ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သို့သော် ယင်းသို့ နှိမ်နှင်းရေးကြိုးပမ်းမှုများကို ရှောင်လွှဲရန်အတွက် တယ်လီကွန်းလိ-မ်လ-ည်မှုမှ သံသယရှိသူအချို့သည် မြန်မာနိုင်ငံအတွင်းပိုင်းရှိဒေသများသို့ပြောင်းရွှေ့ကာ တရုတ်နိုင်ငံသားများကို ဆက်လက်ပစ်မှတ်ထားနေခဲ့သည်ဟုလည်း သိရသည်။
နယ်စပ်ဖြတ်ကျော်တယ်လီကွန်းလိ-မ်လ-ည်မှုများအပေါ် မြန်မာနှင့်ပူးပေါင်းကာ အပြင်းအထန်ဖိအားပေးမည်ဟုလည်း တရုတ်ဘက်က ကတိပြုခဲ့သည်။
ဝန်ကြီးဌာနက တယ်လီကွန်းနှင့်အွန်လိုင်းလိ-မ်လ-ည်မှု၌ပါဝင်ပတ်သက်သူများကို အဆိုပါလုပ်ရပ်များကိုစွန့်လွှတ်ရန်နှင့် တရုတ်နိုင်ငံသို့အမြန်ဆုံးပြန်လာရန်တိုက်တွန်းထားပြီး ပူးပါင်းပါဝင်မည်ဆိုပါက ပြစ်ဒဏ်လျှော့ပေါ့ပေးမည်ဟုလည်းပြောကြားခဲ့သည်။
Source : ရှင်းဟွာ
