Monday, April 14, 2025

အီရန်သည်နျူကလီးယားဗုံးကို ဘယ်တော့မှမရစေရဟုယူအက်စ်ပြော

ဝါရှင်တန်၊ဧပြီ ၁၄ အမေရိကအနေဖြင့် အီရန်က နျူကလီးယားလက်နက်မရ‌ေစရေးအတွက် သံတမန်နည်းလမ်းဖြင့်သာဆောင်ရွက်သွားရန် မျှော်လင့်ထားသော်လည်း သံတမန်နည်းလမ်းဖြင့် မအောင်မြင်ပါက စစ်ရေး နည်လမ်းကို အသုံးပြုရန်အတွက်အမေရိကန်စစ်တပ်ကအဆင်သင့်ဖြစ်နေပြီဟု ကာကွယ်ရေးဝန်ကြီးကပြောကြားခဲ့သည်။ အီရန်၏နျူကလီးယားကိစ္စနှင့်ပတ်သက်၍ အနောက်နိုင်ငံများ၏သည်...

အာရှခေတ်မီတိုးတက်ရေးအိမ်နီးချင်းများနှင့်ပူးပေါင်းမည်ဟုရှီကျင့်ဖျင်ဆို

ပေကျင်း၊ဧပြီ ၁၄ အာရှခေတ်မီတိုးတက်ရေးအတွက် တရုတ်နိုင်ငံအနေဖြင့် အိမ်နီးချင်းနိုင်ငံများနှင့်ချစ်ကြည်ရင်းနှီးစွာပူးပေါင်းဆောင်ရွက်မှုကိုထဲထဲဝင်ဝင်‌ေဆာင်ရွက်သွားမည်ဖြစ်ကြောင်း တရုတ်သမ္မတရှီကျင့်ဖျင်ကပြောကြားခဲ့သည်။ အာရှသည် ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနှင့်ဖွံ့ဖြိုးတိုးတက်မှုအတွက် မြင့်မားသည့်တိုးတက်မှုအသစ်ဖြစ်ကြောင်းသမ္မတရှီကပြောကြားခဲ့ပြီး ဒေသတစ်ခုလုံး ပြန်လည်ရှင်သန်လာရေးအတွက်အစပျိုးချိန်တွင် မကြုံဖူးသည့်စိန်ခေါ်မှုများနှင့်လည်း ရင်ဆိုင်‌နေရသည်ဟုသူက ပြောကြားခဲ့သည်။ တရုတ်နိုင်ငံအနေဖြင့်...

အင်းဝ – ပင်းယ ရှေးဟောင်းနယ်မြေအတွင်း...

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်၊ အင်းဝ-ပင်းယ ရှေးဟောင်းနယ်မြေအတွင်း ငလျင်ကြောင့် ပြိုကျပျက်စီးခဲ့သော ဘုရား၊ စေတီ၊ ပုထိုးများအနက် မူလစေတီကို ငုံ၍ တည်ခဲ့သော နှစ်ထပ်စေတီများ...

ကျိုက်ထီးဆောင်းဆရာတော်ကြီးမှ ငလျင်ဒဏ်သင့်သူများအတွက် ပထမအကြိမ်အဖြစ် အလှူငွေ...

မန္တလေးငလျင်ကြီးဒဏ်သင့် မန္တလေးတိုင်း၊ နေ ပြည်တော်နှင့် စစ်ကိုင်းတိုင်းတို့မှ ငလျင်ဒဏ်သင့်သူများနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်ပေးနေသည့် လူမှုကူညီရေးအသင်းတို့ထံသို့ ကျိုက်ထီးဆောင်းဆရာတော်ကြီးမှ ပထမအကြိမ်အဖြစ် အလှူငွေများကို ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက...
HomeInternationalတယ်လီကွန်းလိ-မ်လည်ခံရသူတရုတ်၄၀ဦးကိုထိုင်းမှတစ်ဆင့်နေရပ်ပြန်ပို့

တယ်လီကွန်းလိ-မ်လည်ခံရသူတရုတ်၄၀ဦးကိုထိုင်းမှတစ်ဆင့်နေရပ်ပြန်ပို့

ပေကျင်း၊ဖေဖော်ဝါရီ ၂၇

တယ်လီကွန်းလိ-မ်လည်မှုနှင့်နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများအား တိုက်ဖျက်နေစဉ်အတွင်း လိ-မ်လည်ခံခဲ့ရသည့် တရုတ်နိုင်ငံသား ၄၀ ဦးကိုထိုင်းမှတစ်ဆင့်နေရပ်ပြန်ပို့လိုက်ကြောင်းသိရသည်။

ယခုဖြစ်စဉ်ကိုကြည့်ခြင်းအားဖြင့် ထိုင်းနှင့်တရုတ်အကြား အာဏာပိုင်အဖွဲ့အစည်းများ၏ တယ်လီကွန်းလိ-မ်လည်မှုနှင့်နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများကိုပူးပေါင်းတိုက်ဖျက်နိုင်သည့်နမူနာကောင်းတစ်ခုဖြစ်လာသည်ဟုလည်းဆိုသည်။

အဆိုပါလိ-မ်လည်ခံရသူများသည် တယ်လီကွန်းလိ-မ်လည်ဂိုဏ်းများ၏သားကောင်ဘဝရောက်ရှိပြီး ယခုကဲ့သို့ပိုက်စိပ်တိုက်ဖမ်းဆီးအရေးယူချိန်၌ ထိုင်းနိုင်ငံတွင်သောင်တင်ကျန်ရစ်ခဲ့ကြခြင်းဖြစ်သည်ဟုလည်းသိရသည်။

၎င်းတို့၏မိသားစုဝင်များသည် ၎င်းတို့ပြန်လွတ်ရေးအတွက် အစိုးရကိုအကူအညီတောင်းခံထားကြပြီး တရုတ်အစိုးရအနေဖြင့်လည်း ပြည်သူများ၏အကျိုးစီးပွားကိုကာကွယ်မည်ဟူသော၎င်း၏ကတိစကားအတိုင်း စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

ယခုပြန်လည်ပို့ဆောင်ခံရသူ တစ်ဦးချင်းစီ၏ ဥပဒေဆိုင်ရာအခွင့်အရေးများကို အပြည့်အဝကာကွယ်ပေးထားကာ လိုအပ်သည့် ဥပဒေလုပ်ငန်းစဉ်များပြီးသည်နှင့် ၎င်းတို့၏မိသားစုများနှင့်ပတ်ဝန်းကျင်အတွင်း ပြန်လည်ပို့ဆောင်ပေးမည်ဖြစ်ကြောင်းလည်းထပ်လောင်းပြောကြားခဲ့သည်။

Source : ရှင်းဟွာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အီရန်သည်နျူကလီးယားဗုံးကို ဘယ်တော့မှမရစေရဟုယူအက်စ်ပြော

ဝါရှင်တန်၊ဧပြီ ၁၄ အမေရိကအနေဖြင့် အီရန်က နျူကလီးယားလက်နက်မရ‌ေစရေးအတွက် သံတမန်နည်းလမ်းဖြင့်သာဆောင်ရွက်သွားရန် မျှော်လင့်ထားသော်လည်း သံတမန်နည်းလမ်းဖြင့် မအောင်မြင်ပါက စစ်ရေး နည်လမ်းကို အသုံးပြုရန်အတွက်အမေရိကန်စစ်တပ်ကအဆင်သင့်ဖြစ်နေပြီဟု ကာကွယ်ရေးဝန်ကြီးကပြောကြားခဲ့သည်။ အီရန်၏နျူကလီးယားကိစ္စနှင့်ပတ်သက်၍ အနောက်နိုင်ငံများ၏သည် စိုးရိမ်မှုများမြင့်တက်လျက်ရှိပြီး အဆိုပါပြဿနာကို ဖြေရှင်းနိုင်ရန် အမေရိကနှင့်အီရန်ကိုယ်စားလှယ်များ အိုမန်၌ စနေနေ့ကတွေ့ဆုံဆွေးနွေးခဲ့ကြသေးသည်။ အမေရိကန်ကာကွယ်ရေးဝန်ကြီး ပိတ်ဟက်ဆက်ကမူ အိုမန်၌ကနဦးသဘောတွေ့ဆုံမှုသည် အကျိုးဖြစ်ထွန်းခဲ့ပြီး ခြေလှမ်းကောင်းတစ်ရပ်အဖြစ်သတ်မှတ်ခဲ့ကြောင်းပြောကြားခဲ့သည်။ “အမေရိကအနေနဲ့ စစ်ရေးအရဖြေရှင်းလိုတဲ့ဆန္ဒမရှိပါဘူး၊ဒါပေမဲ့ လိုအပ်လာရင်တော့လည်း စစ်အင်အားကိုထုတ်သုံးသွားမှာဖြစ်ပြီး နျူကလီးယားလက်နက်တွေ အီရန်လက်ထဲမရောက်ဖို့ နည်းလမ်းကုန်သုံးပြီး ကြိုးပမ်းသွားမှာပါ” ဟုလည်း၄င်းက ပြောကြားခဲ့သည်။ "အိုမန်မှာလုပ်တဲ့ဆွေးနွေးမှုတွေမအောင်မြင်ခဲ့ရင် အစ္စရေးနဲ့ပေါင်းပြီး အီရန်ကိုစစ်ရေးအရအရေးယူသွားမှာပါ" ဟုလည်း အမေရိကန်သမ္မတထရမ့်ပ်ကပြောကြားခဲ့သည်။ Source : ဆော့ထ်ချိုင်းနားမောနင်းပို့စ်ထ်

အာရှခေတ်မီတိုးတက်ရေးအိမ်နီးချင်းများနှင့်ပူးပေါင်းမည်ဟုရှီကျင့်ဖျင်ဆို

ပေကျင်း၊ဧပြီ ၁၄ အာရှခေတ်မီတိုးတက်ရေးအတွက် တရုတ်နိုင်ငံအနေဖြင့် အိမ်နီးချင်းနိုင်ငံများနှင့်ချစ်ကြည်ရင်းနှီးစွာပူးပေါင်းဆောင်ရွက်မှုကိုထဲထဲဝင်ဝင်‌ေဆာင်ရွက်သွားမည်ဖြစ်ကြောင်း တရုတ်သမ္မတရှီကျင့်ဖျင်ကပြောကြားခဲ့သည်။ အာရှသည် ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနှင့်ဖွံ့ဖြိုးတိုးတက်မှုအတွက် မြင့်မားသည့်တိုးတက်မှုအသစ်ဖြစ်ကြောင်းသမ္မတရှီကပြောကြားခဲ့ပြီး ဒေသတစ်ခုလုံး ပြန်လည်ရှင်သန်လာရေးအတွက်အစပျိုးချိန်တွင် မကြုံဖူးသည့်စိန်ခေါ်မှုများနှင့်လည်း ရင်ဆိုင်‌နေရသည်ဟုသူက ပြောကြားခဲ့သည်။ တရုတ်နိုင်ငံအနေဖြင့် အိမ်နီးချင်းနိုင်ငံများနှင့် သံတမန်ဆက်ဆံရေးကိုစဥ်ဆက်မပြတ်အောင်၊ တည်ငြိမ်အောင်လုပ်ဆောင်သွားမည်ဖြစ်ပြီး ချစ်ခင်ရင်းနှီးမှု၊ရိုးသားမှု၊အပြန်အလှန်အကျိုးရှိမှုနှင့် အားလုံးပါဝင်မှု အခြေခံမူကိုဆက်လက်ထိန်းသိမ်းမည်ဟု ထပ်လောင်းပြောကြားခဲ့သည်။ တရုတ်နိုင်ငံအနေဖြင့် ကမ္ဘာကြီးကို အခွင့်အလမ်းများကို ၎င်း၏ မြင့်မားသော စံနှုန်းများနှင့်အညီ ပိုမို၍ ဆက်လက်ပံ့ပိုးသွားဦးမည်ဖြစ်ပြီး ၎င်း၏အရည်အသွေးမြင့်ဖွံ့ဖြိုးတိုးတက်မှုများဖြင့်လည်း နိုင်ငံ အားလုံး၏ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူပြုပေးသွားမည်ဟုလည်း သမ္မတရှီကပြောကြားခဲ့သည်။ Source : ရှင်းဟွာ

အင်းဝ – ပင်းယ ရှေးဟောင်းနယ်မြေအတွင်း ပြိုကျသွားခဲ့သည့် စေတီများအနက် ရှေးဟောင်း နှစ်ထပ်စေတီများ တွေ့ရှိ

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်၊ အင်းဝ-ပင်းယ ရှေးဟောင်းနယ်မြေအတွင်း ငလျင်ကြောင့် ပြိုကျပျက်စီးခဲ့သော ဘုရား၊ စေတီ၊ ပုထိုးများအနက် မူလစေတီကို ငုံ၍ တည်ခဲ့သော နှစ်ထပ်စေတီများ တွေ့ရှိခဲ့ကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီး ဌာန(မန္တလေးဌာနခွဲ)ထံမှ သိရသည်။ အဆိုပါ ရှေးဟောင်းနယ်မြေအတွင်း ငလျင်ကြောင့် ထိခိုက်ပျက်စီးမှုစာရင်းကောက်ယူစာရင်းပြုစုရာမှ ရှေးဟောင်းစေတီအချို့သည် နှစ်ထပ်စေတီဖြစ်နေသည်ကို တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။ ထို နှစ်ထပ်စေတီများမှာ သောတာပန်ဘုရားအနီးမှ အမှတ် (၉၃) စေတီတစ်ဆူ၊ဒေါ်ဂျမ်းဘုရားစုအတွင်း အမှတ် (၃၁၆) နှင့် (၃၁၈) စေတီ၊ အမှတ် (၂၁) ကြေးနီမုဌောစေတီ၊ မြသိန်းတန်ဘုရားအနီးမှ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071