Tuesday, April 8, 2025

ငလျင်လှုပ်ခတ်မှုကြောင့် အသက်ဆုံးရှုံးခဲ့ရသည့် မြန်မာ့လက်ရွေးစင် ဘောလုံးသမားဟောင်း...

မန္တ‌လေးမြို့ငလျင်လှုပ်ခတ်မှုကြောင့် အသက်ဆုံးရှုံးခဲ့ရသ ည့် မြန်မာ့လက်ရွေးစင် ဘောလုံးသမားဟောင်း ဦးစိန်ဝင်းကြီး အား မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် ဘောလုံးမိသားဝင်များက သွားရောက်ဂါဝရပြုဆုတောင်းခဲ့ကြကြော င်း သိရသည်။ ထို့နောက်...

ငလျင်ဒဏ်သင့်မြို့(၃)မြို့သို့ လူသားချင်စာနာမှု အကူအညီပေးအပ်ခဲ့သည့် YRFA...

ရန်ကုန်တိုင်းဒေသကြီးဘောလုံးအဖွဲ့ချုပ်က ငလျင်ဒဏ်သင့်မြို့(၃)မြို့ဖြစ်‌သော စစ်ကိုင်း၊ မန္တလေးနှင့် နေပြည်တော်မြို့များရှိ ငလျင်သင့်ပြည်သူများအား (၅) ရက်ကြာ လူသားချ င်းစာနာမှု အကူအညီပေးအပ်ခဲ့ကြောင်း သိရသည်။ ထိုသို့ ပေးအပ်ရာ၌...

ဉာဏ်ရည်တု ဆရာဝန် အေအိုင်ဒေါက်တာ များလာ

အက်ပယ်လ်သည် "Project Mulberry" အမည်ဖြင့် ကျန်းမာရေးကဏ္ဍသို့ ဝင်ရောက်ရန် ပြင်ဆင်နေပါသည်။ အဆိုပါ စီမံကိန်းတွင် ၎င်း၏ ကျန်းမာရေးအက်ပ်ကို ပြည့်စုံစွာ ပြန်လည်ပြုပြင်ကာ...

အင်ဒိုနီးရှားနိုင်ငံအာ‌ချေပြည်နယ်တွင်ရစ်ခ်တာစ‌ကေး၅.၉ ငလျင်လှုပ်

ဂျာကာတာ၊ ဧပြီ ၈ အင်ဒိုနီးရှားနိုင်ငံ အနောက်ဘက် အာ‌ချေပြည်နယ်တွင် အင်္ဂါနေ့(ယနေ့မနက်)အစောပိုင်းက ရစ်ခ်တာစကေး ၅.၉ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်သွားခဲ့ကြောင်း နိုင်ငံ၏ မိုးလေဝသ၊...
HomeArticlesတရားစီရင်ရေးတွင်အသုံးဝင်လာမည့် AIChatGPT(အပိုင်း ၆)

တရားစီရင်ရေးတွင်အသုံးဝင်လာမည့် AI
ChatGPT(အပိုင်း ၆)

AI တွေကိုအသုံးပြုပြီး ယခင်ကဖြစ်ပျက်ခဲ့ဖူးတဲ့ အမှုအခင်းဖြစ်စဉ်တွေကိုဖတ်ခိုင်းတာ၊ စိစစ်ခိုင်းတာတွေကိုပြုလုပ်နိုင်တဲ့အပြင် ဘယ်လိုအမှုအခင်းဆိုရင် ဘယ်လိုစီရင်ထုံးတွေရှိခဲ့တယ်ဆိုတာတွေကို AI ကဖြေရှင်းပေးနိုင်စွမ်းရှိတာကြောင့် ရှေ့နေတွေအတွက် အကျိုးကျေးဇူးများစွာရရှိနိုင်မှာဖြစ်ပါတယ်။

ဒါဆိုရင် ရှေ့နေကိုယ်တိုင် တရားခွင်မှာလုပ်ဆောင်ရမည့် စစ်ဆေးမေးမြန်းတာတွေနဲ့ ငြင်းခုန်ရတာတွေစတဲ့အပိုင်းတွေကိုရော AI က အလိုအလျောက်ဖြေကြားပေးမှာလားလို့မေးစရာရှိလာပါတယ်။ တရားခွင်မှာအပြန်အလှန် ပြောကြားထားတဲ့စကားတွေကို AI ရဲ့ Deep Learning နည်းပညာအသုံးပြုပြီး အသေးစိတ် စိစစ်ပေးတာတွေ ဆောင်ရွက်ပေးနိုင်ပါတယ်။

မကြာသေးမီကပဲ အမေရိကန်မှာရှိတဲ့ တရားခွင်တစ်ခုမှာတော့ စီရင်ထုံးတစ်ခုချမှတ်ဖို့အတွက် ChatGPT ကိုအသုံးပြုခဲ့ပါတယ်။ အမှုဖြစ်စဉ်ကတော့ ကျန်းမာရေးအာမခံကုမ္ပဏီတစ်ခုက အော်တစ်ဇင်ကလေးငယ်များဆေးကုသမှုခံယူခွင့် ရသင့်လား/မရသင့်ဘူးလားဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီး တရားရုံးမှာသဘောထားကွဲလွဲမှုတစ်ခုဖြစ်ခဲ့ပါတယ်။

တရားသူ ကြီးဖြစ်သူ Juan Manuel Padilla Garcia က အမှုနဲ့ပတ်သက်တဲ့ ဥပဒေကြောင်းအရမေးခွန်းတင်သွင်းရာမှာ AI ကိုအသုံးပြုခဲ့ပြီး အမှုဆုံးဖြတ်ရာမှာလည်း AI ရဲ့ဆုံးဖြတ်ချက်တွေကိုပါ ထည့်သွင်းစဉ်းစားခဲ့တယ်လို့ဆိုပါတယ်။

 AI ကထုတ်ပေးလိုက်တဲ့စီရင်ထုံးတွေကို တရားသူကြီးတွေရဲ့တရားစီရင်တဲ့နေရာမှာ အစားထိုးလိုက်ဖို့ ရည်ရွယ်ပြီး အခုလိုသုံးတာတော့ မဟုတ်ပါဘူး၊AI ကထောက်ပံ့ပေးတဲ့အချက်အလက်တွေကို စိစစ်ဆန်းစစ်ပြီးတဲ့နောက် အမှုကိုဆုံးဖြတ်ချက်ချဖို့လိုအပ်တဲ့အချိန်ပမာဏကို လျှော့ချဖို့အတွက်သာသုံးပါတယ်လို့ တရားသူကြီး Garcia ကဆိုခဲ့ပါတယ်။

ဆေးဘက်ဆိုင်ရာပညာ၊ ဗိသုကာပညာ၊ သို့မဟုတ် စိတ်ပညာဘာသာရပ်တွေမှာလည်း AI ကစွမ်းဆောင်ပေးနိုင်မလားဆိုပြီး မေးလာခဲ့ရင်တော့ အဆိုပါနယ်ပယ်တွေ အတွက်လည်း အကောင်းဆုံးစွမ်းဆောင်ပေးနိုင်မှာပါလို့ ဖြေရပါလိမ့်မယ်။ ရှေ့မှာဖော်ပြခဲ့သလိုပဲ AI နည်းပညာဟာ လူတွေမလုပ်ချင်တဲ့ ပုံမှန်ထပ်တလဲလဲလုပ်ဆောင်ရတဲ့ ပျင်းရိငြီးငွေ့စရာအလုပ်တွေကို အစားထိုးလုပ်ပေးနိုင်ယုံတင်မကဘဲ ရှုပ်ထွေးနက်နဲတဲ့ လုပ်ငန်းတွေနဲ့ ဖန်တီးမှုတွေကိုပါ လုပ်ဆောင်ပေးနိုင်စွမ်းရှိနေပါပြီ။

ဥာဏ်​ဝေ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ငလျင်လှုပ်ခတ်မှုကြောင့် အသက်ဆုံးရှုံးခဲ့ရသည့် မြန်မာ့လက်ရွေးစင် ဘောလုံးသမားဟောင်း ဦးစိန်ဝင်းကြီး မိသားစုအား အလှူငွေပေးအပ်

မန္တ‌လေးမြို့ငလျင်လှုပ်ခတ်မှုကြောင့် အသက်ဆုံးရှုံးခဲ့ရသ ည့် မြန်မာ့လက်ရွေးစင် ဘောလုံးသမားဟောင်း ဦးစိန်ဝင်းကြီး အား မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် ဘောလုံးမိသားဝင်များက သွားရောက်ဂါဝရပြုဆုတောင်းခဲ့ကြကြော င်း သိရသည်။ ထို့နောက် ကျန်ရစ်သူမိသားစုဝင်များကို အဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် ဘောလုံးမိသားစုက ကျပ်ငွေ(၅၅)သိန်း အားကူညီခဲ့ပြီး၊ မန္တ လေးမြို့ အရိုးကုဆေးရုံကြီးသို့ ကျပ်သိန်း (၅၀)၊ လူနာရှင်တစ်ဦးလျင် ကျပ်(၅၀,၀၀၀)နှုန်းဖြင့် လူနာ (၄၉) ဦး တို့အားလှူဒါန်းခဲ့ကြောင်း သိရသည်။ ထို့ပြင် ပျော်ဘွယ်မြို့ ၊ မြို့ကန်ဦးကျောင်းတိုက် ကူညီကယ် ဆယ်ရေး လုပ်ငန်းများအတွက် မြန်မာ့ဘောလုံး မိသားစုက...

ငလျင်ဒဏ်သင့်မြို့(၃)မြို့သို့ လူသားချင်စာနာမှု အကူအညီပေးအပ်ခဲ့သည့် YRFA အသင်း

ရန်ကုန်တိုင်းဒေသကြီးဘောလုံးအဖွဲ့ချုပ်က ငလျင်ဒဏ်သင့်မြို့(၃)မြို့ဖြစ်‌သော စစ်ကိုင်း၊ မန္တလေးနှင့် နေပြည်တော်မြို့များရှိ ငလျင်သင့်ပြည်သူများအား (၅) ရက်ကြာ လူသားချ င်းစာနာမှု အကူအညီပေးအပ်ခဲ့ကြောင်း သိရသည်။ ထိုသို့ ပေးအပ်ရာ၌ အစားအသောက်၊ ဆေးဝါး၊ အသုံးအ ဆောင်ပစ္စည်းများအပြင် ဆန်အိတ် (၂,၀၀၀)၊ ရေသန့်ကဒ် (၇,၃၃၄)ကဒ် နှင့် စာသုံးဆီကား(၂)စီး (၈၄,၅၅၄) လီတာတို့ကို သွားရောက်‌ ပေးအပ်လှူဒါန်းခဲ့ကြောင်းသိရသည်။ လူသားချင်းစာနာမှုဆိုင်ရာ ကူညီကယ်ဆယ်ရေးနှင့် လှူဒါန်းမှုများပြုလုပ်ရာ တွင် HEYDAY Energy Group of Compa nies မှ ဦးဆောင်ကာ ရန်ကုန်...

ဉာဏ်ရည်တု ဆရာဝန် အေအိုင်ဒေါက်တာ များလာ

အက်ပယ်လ်သည် "Project Mulberry" အမည်ဖြင့် ကျန်းမာရေးကဏ္ဍသို့ ဝင်ရောက်ရန် ပြင်ဆင်နေပါသည်။ အဆိုပါ စီမံကိန်းတွင် ၎င်း၏ ကျန်းမာရေးအက်ပ်ကို ပြည့်စုံစွာ ပြန်လည်ပြုပြင်ကာ ဆေးကုသမှုဆိုင်ရာ အကြံပြုချက်များပေးနိုင်မည့် AI ဉာဏ်ရည်တုမော်ဒယ်လ် တစ်ခုထည့်သွင်းဝထားသည်။ ထိုအက်ပ်သည် Apple Watch, iPhone နှင့် Air Pods ကဲ့သို့သော စက်များမှ ဒေတာများကို စုဆောင်းပြီး၊ ထိုသတင်းအချက်အလက်များကို ချိန်ညှိခြင်းဖြင့် လူတစ်ဦးချင်း အတွက်ကျန်းမာရေး အကြံပြုချက်များကို ပေးနိုင်မည်ဖြစ်သည်။ ယင်းအစီအစဉ်သည် ကျန်းမာရေးကဏ္ဍသို့ အက်ပယ်လ် ၏ အကြီးမားဆုံး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071