မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်၊ မိုးထိမိုးမိဒေသရှိ သပြေပင်ကျေးရွာအနီး၌ တရားမဝင်ရွှေတူးဖော်နေသူ(၇)ဦးကို မြန်မာ့သတ္တုတွင်းဥပဒေဖြင့် အမှုဖွင့်အရေးယူထားကြောင်း နစက ၏သတင်းထုတ်ပြန်ရေးအဖွဲ့ထံမှ သိရသည်။
မိုးထိမိုးမိဒေသရှိ သပြေပင်ကျေးရွာအနီးတွင် တရားမဝင်ရွှေတူးဖော်မှုများရှိနေကြောင်းသ တင်းအရ နိုဝင်ဘာ ၂၇ ရက်ည ၆ နာရီက လုံခြုံ ရေးအဖွဲ့ဝင်များမှသွားရောက်စစ်ဆေးရာ ယင်းနေရာ၌ တရားမဝင်ရွှေတူးဖော်လုပ်ကိုင်နေသည့် ဦးဇော်(၅၂)နှစ်၊ လွင်ကိုနိုင်(၂၈)နှစ်၊ ကျော်သက်ပိုင်(၂၂)နှစ်၊ ဦးမောင်(၆၀)နှစ်၊ နိုင်ကောင်းထက် (၂၂)နှစ်တို့အား ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
စစ်ဆေးချက်များအရ နိုဝင်ဘာ ၂၈ ရက်နံနက် ၁၀ နာရီတွင် တင်လင်း(၄၅)နှစ်၏နေအိမ်အား ဝင်ရောက်စစ်ဆေးရာ တရားမဝင်ရွှေတူးဖော်သူများဖြစ်သည့် ဝင်းစိုး(၃၂)နှစ်နှင့် အောင်စိုးဦး(၁၆)နှစ်တို့အား နေအိမ်ခြံဝင်းအတွင်းမှ ရွှေပါသည်ဟုယူဆရသော ဗြုန်းကျောက်အိတ်ပိုင်း(၃၅ပိုင်း၊ သဲစာအိတ်ပိုင်း(၂၀)ပိုင်း၊ ဗြုန်းကျောက်များကြိတ်ရာတွင်အသုံးပြုသည့် ရိုက်ပြား(၅)ပြား၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထို့အတူ ည ၆ နာရီခွဲတွင် သပြေပင်ကျေးရွာအ နီး(ဒေသအခေါ် ဘက်ဟိုးတောင်ကုန်း)အနီးဝန်း ကျင်အား လုံခြုံရေးအဖွဲ့ဝင်များကသွားရောက်စစ်ဆေးရာ ရွှေပါသည်ဟုယူဆရသော ဗြုန်းကျောက်အိတ်ပိုင်း(၁၅)ဝိုင်း၊ တရားမဝင်ရွှေတူးဖော်ရာတွင်အသုံးပြုသည့် ဆိုလာပြား(၁)ချပ်၊ ဘတ္ထရီအိုး(၁)လုံး၊ လက်ဆွဲမီးစက်(၁)လုံး၊ ဒီ ဇယ်အင်ဂျင်(၁)လုံး၊ ဒိုင်နမို(၁)လုံး၊ လက်တွန်း လှည်း(၁)စီး၊ ဆိုင်ကယ်(၁၃)စီးတို့အား သိမ်း ဆည်းရမိခဲ့ကြောင်း သိရသည်၊
ထို့ကြောင့် ဖမ်းဆီးရမိခဲ့သည့် တရားမဝင်ရွှေတူးဖော်နေသူများအား ရမည်းသင်းမြို့မရဲစခန်းက မြန်မာ့သတ္ထုတွင်းဥပဒေပုဒ်မ ၃၀(က)ဖြင့်အမှုဖွင့်ကာ တရားစွဲဆိုနိုင်ရန် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။