တရုတ်နိုင်ငံ ကြက်ခြေနီအသင်းသည် မြန်မာနိုင်ငံကြက်ခြေနီအသင်းသို့ ယွမ်ငွေ ၂.၄ သန်းအပြင် ကယ်ဆယ်ရေးပစ္စည်းများ ပေးအပ်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ သိရသည်။
တရုတ်အရပ်ဘက်အဖွဲ့အစည်းများ၊ ကုမ္ပဏီများနှင့် လူပုဂ္ဂိုလ်များသည် ငွေကြေးနှင့် ပစ္စည်းများကိုလှူဒါန်းကြပြီးတရုတ်နိုင်ငံ ကြက်ခြေနီအသင်းသည် မြန်မာနိုင်ငံကြက်ခြေနီအသင်းသို့ ယွမ်ငွေ ၁.၅ သန်းအပြင် ရွက်ဖျင်တဲ ၃၀၀ ခု၊ ချည်စောင်တဘက်၂၀၀၀ ထည်၊ ခေါက်ကုတင် ၆၀၀ ခုနှင့်ဘေးဒဏ်သင့်မိသားစု ၂၀၀၀ သုံးနိုင်သော မိသားစုအရေးပေါ်ကယ်ဆယ်ရေးသုံးပစ္စည်းအထုပ်များ ပေးအပ်ခဲ့သည်။
ထို့ပြင် ယူနန်ပြည်နယ် ကြက်ခြေနီအသင်းသည် အလှူငွေ ယွမ် ၉ သိန်း၂ သောင်း နှင့် ယွမ် ၃ သိန်းတန်ဖိုးရှိ ထောက်ပံ့ရေးပစ္စည်းများကို စုဆောင်းနိုင်ခဲ့ပြီး သယ်ယူပို့ဆောင်ရေး လုပ်ငန်းကိုအရှိန်မြှင့် ဆောင်ရွက်လျက်ရှိသည်။
The General Association of Dian Entrepreneurs မှ ယွမ် ၁ သန်းကျော်တန်ဖိုးရှိသောဆေးဘက်ဆိုင်ရာ အထောက်အပံ့ ပစ္စည်းများလှူဒါန်းခဲ့ပြီး ဘေးသင့်ပြည်သူများထံသို့ ဆက်တိုက် ပို့ဆောင်ပေးလျှက်ရှိကြောင်း သိရသည်။
အလားတူ မြန်မာနိုင်ငံရှိ တရုတ်အဖွဲ့အစည်း၊ ကုမ္ပဏီနှင့် စေတနာ့ဝန်ထမ်းများက သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးလုပ်ငန်းများတွင် ကိုယ်တိုင်ထဲထဲဝင်ဝင် ပါဝင်ခဲ့ကြသလို တရုတ် ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း မြန်မာရုံးခန်းကလည်း မန္တလေးနှင့် နေပြည်တော်၌ ငလျင်ဒဏ်သင့်ပြည်သူမိသားစု (၁၀၀၀) အတွက် လူနေမှုဘဝပစ္စည်းများ လှူဒါန်းပေးခဲ့သည်။
မြန်မာနိုင်ငံ တရုတ်လုပ်ငန်းရှင်များ အသင်းက လှူဒါန်းငွေ မြန်မာကျပ် ၁ ဘီလီယံ၊ မြန်မာကျပ် ၁.၅ ဘီလီယံ တန်ဖိုးရှိပစ္စည်းများ စုဆောင်းခဲ့ပြီး ငလျင်ဒဏ်သင့်ပြည်သူများလက်ထဲသို့ ဆက်တိုက်ပို့ဆောင်ပေးလျက်ရှိကြောင်း သိရသည်။