Monday, January 13, 2025

ထရမ့်-ပူတင် အစည်းအဝေးအတွက် ပြင်ဆင်မှုတွေ လုပ်ဆောင်နေဟု...

ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် ထရမ့်တို့၏ အလားအလာရှိသော တွေ့ဆုံမှုအတွက် ပြင်ဆင်မှုများလုပ်နေကြောင်း အမေရိကန် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်က ရွေးချယ်ထားသော အမျိုးသားလုံခြုံရေးအကြံပေး မိုက်ဝေ့ါဇ်က ပြောကြားသည်။ “ပြင်ဆင်မှုတွေ...

အမျိုးသား ကန်တော်ကြီးဥယျာဉ် နှစ် (၁၀၀)...

ပြင်ဦးလွင်မြို့ရှိ အမျိုးသားကန်တော်ကြီးဥယျာဉ် နှစ် (၁၀ဝ) ပြည့် အထိမ်းအမှတ် (၁၇) ကြိမ်မြောက် ပန်းပွဲတော်ကို ဇန်နဝါရီ (၁၉) ရက်အထိ ထပ်မံတိုးမြှင့်ဖွင့်လှစ်လိုက်ကြောင်း သိရသည်။ အဆိုပါ...

ဗန်းမော်စစ်ရှောင်အချို့ မန္တလေးမြို့တွင်နေထိုင်စားသောက်ရေးအခက်အခဲကြောင့် နေရပ်ပြန်လိုသူများရှိနေ

ဗန်းမော်စစ်ရှောင်အချို့ မန္တလေးမြို့တွင် နေထိုင်စားသောက်ရေးအခက်အခဲကြောင့် နေရပ်ပြန်လိုသူများရှိနေသည်ဟု မြေပြင်စစ်ရှောင်အရေးဆောင်ရွက်နေသည့် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။ နေရပ်သို့ ပြန်လည်လိုက်ပါသူများအနေဖြင့် ဗန်းမော်မြို့အထိ လိုက်ပါပို့ဆောင်နိုင်ခြင်းမရှိသော်လည်း ရွှေကူမြို့အထိ ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ "...

မြောက်ကိုရီးယားနှင့် သုံ့ပန်းအလဲအလှယ်လုပ်ရန်အသင့်ရှိ–ဇလန်းစကီး

ရုရှားလက်တွင်းရောက် ယူကရိန်းနိုင်ငံသားများနှင့် အလဲအလှယ်လုပ်နိုင်ရေး ကို ဝင်ရောက်ဆောင်ရွက်ပေးမည်ဆိုပါက ဖမ်းမိထားသော မြောက်ကိုရီးယားစစ်သားနှစ်ဦးကို ခေါင်းဆောင်ကင်ဂျုံအန်ထံ လွှဲပြောင်းပေးရန် ကိဗ်က အသင့်ရှိသည်ဟု ယူကရိန်းသမ္မတ ဇလန်းစကီးက...
HomeInternationalတရုတ်က ကမ္ဘောဒီးယား၌ ကားတာယာစက်ရုံ...

တရုတ်က ကမ္ဘောဒီးယား၌ ကားတာယာစက်ရုံ တည်ဆောက်ပြီ

ဖနောင်ပင်၊ဇန်နဝါရီ ၁၂

တရုတ်နိုင်ငံမှ ကွမ်ကျိုးစက်မှုရင်းနှီးမြှုပ်နှံရေး ဦးပိုင်လုပ်ငန်းစု (GIIHG) ၏ပံ့ပိုးကူညီမှုဖြင့် ဝမ်လီကားတာရာ ကုမ္ပဏီသည် ကမ္ဘောဒီးယားအရှေ့တောင်ပိုင်းရှိပြည်နယ်တစ်ခုတွင် ကားတာယာစက်ရုံကို တနင်္ဂနွေနေ့တွင် စတင်တည်ဆောက်ခဲ့ကြောင်း ကမ္ဘောဒီးယားဖွံ့ဖြိုးတိုးတက်ရေးကောင်စီ၏ သတင်းထုတ်ပြန်ချက်အရသိရသည်။

ကမ္ဘောဒီးယား နိုင်ငံဒုဝန်ကြီးချုပ် ကမ္ဘောဒီးယားဖွံ့ဖြိုးတိုးတက်ရေးကောင်စီ (CDC) ပထမ ဒုတိယဥက္ကဌ ဆွန်ချန်ထော သည် အဆိုပါစက်ရုံ၏ ပန္နက်ရိုက်အခမ်းအနားသို့တက်ရောက်ခဲ့ကြောင်းသိရသည်။

ယခုဆောက်လုပ်နေသည့် တာယာစက်ရုံသည် လုပ်ငန်းစတင်လည်ပတ်ချိန်၌ ကမ္ဘောဒီးယားနိုင်ငံသားများအတွက် အလုပ်အကိုင်အခွင့်အလမ်း ၁,၀၀၀ ခန့် ဖန်တီးပေးနိုင်လိမ့်မည်ဖြစ်သည်။

ဆက်လက်၍ ပန္နက်တင်အခမ်းအနား၌ CDC ဒုတိယဥက္ကဌကယခုရင်းနှီးမြှုပ်နှံမှုစီမံကိန်းသစ်သည် ကမ္ဘောဒီးယားနှင့်တရုတ်တို့အကြား ရပ်ဝန်းနှင့်လမ်းမ (BRI) ၏မူဘောင်အောက်မှ ပူးပေါင်းဆောင်ရွက်မှု၏ အသီးအပွင့်ဖြစ်ကြောင်းပြောကြားခဲ့သည်။

လက်ရှိတွင် ကမ္ဘောဒီးယားနိုင်ငံတစ်ဝန်း အထူးစီးပွားရေးဇုန်များတွင် ကားတာယာထုတ်လုပ်ရေး စီမံကိန်း ခြောက်ခုကို ဆောင်ရွက်လျက်ရှိသည်ဟုလည်း အဆိုပါ သတင်းထုတ်ပြန်ချက်အရသိရသည်။

Source : ရှင်းဟွာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ထရမ့်-ပူတင် အစည်းအဝေးအတွက် ပြင်ဆင်မှုတွေ လုပ်ဆောင်နေဟု ထရမ့်၏အကြံပေးက ပြော

ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် ထရမ့်တို့၏ အလားအလာရှိသော တွေ့ဆုံမှုအတွက် ပြင်ဆင်မှုများလုပ်နေကြောင်း အမေရိကန် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်က ရွေးချယ်ထားသော အမျိုးသားလုံခြုံရေးအကြံပေး မိုက်ဝေ့ါဇ်က ပြောကြားသည်။ “ပြင်ဆင်မှုတွေ လုပ်ဆောင်နေပါတယ်” ဟု ABC News နှင့် အင်တာဗျူးတွင် သူက ပြောကြားခဲ့ခြင်းဖြစ်သည်။ အမေရိကန် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့အကြားဖုန်းဖြင့် ဆွေးနွေးမှုများ မကြာမီ ပြုလုပ်နိုင်မည်ဟု မျှော်လင့်ထားကြောင်းကိုလည်း အမျိုးသားလုံခြုံရေးအကြံပေးအဖြစ် ရွေးချယ်ခံထားရသူ မိုက်ဝေါ့ဇ်ကပြောသည်။ "ကျနော်တို့က အဲဒါအတွက် တိကျတဲ့မူဘောင်ကို မသတ်မှတ်ရသေးဘူး" ဟု ABC News နှင့်...

အမျိုးသား ကန်တော်ကြီးဥယျာဉ် နှစ် (၁၀၀) ပြည့် အထိမ်းအမှတ် (၁၇) ကြိမ်မြောက် ပန်းပွဲတော်ကိုရက် ထပ်တိုး

ပြင်ဦးလွင်မြို့ရှိ အမျိုးသားကန်တော်ကြီးဥယျာဉ် နှစ် (၁၀ဝ) ပြည့် အထိမ်းအမှတ် (၁၇) ကြိမ်မြောက် ပန်းပွဲတော်ကို ဇန်နဝါရီ (၁၉) ရက်အထိ ထပ်မံတိုးမြှင့်ဖွင့်လှစ်လိုက်ကြောင်း သိရသည်။ အဆိုပါ ပန်းပွဲတော်ကို၂၀၂၄ ခုနှစ် ဒီဇင်ဘာ (၁၄) ရက်က စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၂၅ ခုနှစ် ဇန်နဝါရီ (၁၂) ရက်အထိ သတ်မှတ်ထားခြင်းဖြစ်ကြောင်း၊ယခုအခါ လာရောက်လည်ပတ်သည်များဖြင့် စည်ကားလျက်ရှိပြီး ထပ်မံလည်ပတ်နိုင်ရန် ဇန်နဝါရီ (၁၉) ရက်အထိ ထပ်မံတိုးမြှင့်ဖွင့်လှစ်ပေးထားခြင်းဖြစ်ကြောင်း သိရသည်။ အမျိုးသားကန်တော်ကြီးဥယျာဉ် နှစ်(၁၀၀)ပြည့် အထိမ်းအမှတ် (၁၇) ကြိမ်မြောက်ပန်းပွဲတော်ကို ဇန်နဝါရီ (၁၉)...

ဗန်းမော်စစ်ရှောင်အချို့ မန္တလေးမြို့တွင်နေထိုင်စားသောက်ရေးအခက်အခဲကြောင့် နေရပ်ပြန်လိုသူများရှိနေ

ဗန်းမော်စစ်ရှောင်အချို့ မန္တလေးမြို့တွင် နေထိုင်စားသောက်ရေးအခက်အခဲကြောင့် နေရပ်ပြန်လိုသူများရှိနေသည်ဟု မြေပြင်စစ်ရှောင်အရေးဆောင်ရွက်နေသည့် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။ နေရပ်သို့ ပြန်လည်လိုက်ပါသူများအနေဖြင့် ဗန်းမော်မြို့အထိ လိုက်ပါပို့ဆောင်နိုင်ခြင်းမရှိသော်လည်း ရွှေကူမြို့အထိ ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ " စားသောက်ရေးနဲ့ နေထိုင်ရေးအခက်အခဲရှိသူတွေက သူတို့နေရပ်ကိုပြန်ချင်တာမျိုးတွေရှိတယ်။ ဒါ့ကြောင့် ဗန်းမော်စစ်ရှောင်တွေကိူ ရွှေကူမှာ သွားကြိုတဲ့ ခရီးစဉ်အတွက် အသွားလမ်းဒီအတိုင်းကြီး ဆင်းတာထက် လိုက်ချင်တဲ့သူတွေကို ပြန်ခေါ်ပေးသွားတဲ့ သဘောပါ။အချို့ကလည်း မန္တလေး ဆေးလာကုကြပြီး သက်သာလို့ နေရပ်ပြန်ချင်သူတွေကိုလည်း အခမဲ့ခေါ်သွားမှာပါ။ ဆေးလာကုလို့ နေရပ်ပြန်တဲ့သူတွေကတော့ ဗန်းမော်မြို့ကတော့ မဟုတ်ဘူး၊ မြို့နဲ့ (၁၅)မိုင်လောက်ဝေးတဲ့ရွာတွေမှာနေတဲ့သူတွေပါ"ဟု ၎င်းက ရှင်းပြသည်။ တိုက်ပွဲများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071