ရုပ်ရှင်ရိုက်ကူးရေးတစ်ခုအတွက် ထိုင်းနိုင်ငံကို သွားရောက်ခဲ့ရာမှ မြန်မာနိုင်ငံအတွင်းသို့ လူကုန်ကူးခံခဲ့ရသော တရုတ်သရုပ်ဆောင်မင်းသား ဝမ်ရှင်း၏ အမှုတွင် ပါဝင်ပတ်သက်ခဲ့သည့် သံသယရှိ သော အမျိုးသားတစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်ဟု တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက ပြောသည်။
ဝန်ကြီးဌာန၏ လုပ်ငန်းအဖွဲ့နှင့် ထိုင်းနိုင်ငံဆိုင်ရာ တရုတ်သံရုံးတို့သည် ထိုင်း တရားဥပဒေစိုးမိုးရေးအဖွဲ့ အစည်း ၏ အကူအညီဖြင့် အဓိကသံသယရှိ သော ရာဇဝတ်သားတစ်ဦးကို စနေနေ့တွင် ဖမ်းဆီးရမိခဲ့သည်ဟု တနင်္ဂနွေနေ့ညပိုင်းက ထုတ်ပြန်ချက်တွင် ဝန်ကြီးဌာနက ပြောဆိုခဲ့သည်။
မျိုးရိုးအမည် ယန်ဟု ခေါ်သော သံသယရှိသူကို စနေနေ့တွင် တရုတ်နိုင်ငံသို့ ပြန်ပို့လိုက်ပြီဖြစ်ကြောင်း ဝန်ကြီးဌာနက ပြောကြားသော်လည်း အသေးစိတ်အချက်အလက်များကို မူ ထုတ် ဖေါ် ပြော ကြား ခြင်းမရှိပေ။
ရဲတပ်ဖွဲ့သည် အွန်လိုင်းအလိမ်အညာဂိုဏ်းများကို နှိမ်နင်းရန်၊နိုင်ငံတကာ တရား ဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်သွားမည်ဖြစ်ကြောင့်နှင့် ရာဇဝတ်သားများကို ဖမ်းဆီးရန်နှင့် တရုတ်နိုင်ငံသားများကို ကယ်တင်ရန် သက်ဆိုင်ရာနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း ဝန်ကြီးဌာနက ပြောကြား ခဲ့သည်။
ကိုဗစ်-၁၉ ကပ်ရောဂါစတင်ချိန်နောက်ပိုင်းတွင် အရှေ့တောင်အာရှ၌ အွန်လိုင်းငွေလိမ်ဂိုဏ်းများ ပြန့်ပွားလာခဲ့ပြီး ကမ္ဘာတစ်ဝန်းမှ လူများကို လိမ်လည်လှည့်ဖြားကာ တရုတ်နွယ်ဖွားအများစုဖြစ်သော ရာဇဝတ်ဂိုဏ်းများအတွက် နှစ်စဉ် ဒေါ်လာဘီလျံနှင့်ချီ၍ ရရှိစေခဲ့သည်။
ပြီးခဲ့သည့် သီတင်းပတ်က တရုတ်၊ မြန်မာနှင့် ထိုင်းနိုင်ငံမှ တာဝန်ရှိသူများသည် မြန်မာနိုင်ငံတွင်းရှိ ငွေလိမ်ဂိုဏ်းများကို အမြစ်ပြတ်ချေမှုန်းရန် သဘောတူညီမှု ရရှိခဲ့ကြသည်။
Ref: ဟင်ဒူစတန်တိုင်းမ်စ်