မနီလာ၊မတ် ၂၄
တောင်တရုတ်ပင်လယ်သန္တာကျောက်တန်းအနီးရှိ ဖိလစ်ပိုင်ထောက်ပံ့ရေးသင်္ဘောတစ်စင်းကို တရုတ်ကမ်းခြေစောင့်တပ်က ရေအမြှောက်ဖြင့် ပ-စ်ခ-တ်သဖြင့် ဖိလစ်ပိုင်တပ်ဖွဲ့ဝင်သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဖိလစ်ပိုင်အမျိုးသားလုံခြုံရေးအကြံပေးက မတ်လ ၂၄ ရက်တွင်ပြောကြားခဲ့သည်။
Second Thomas Shoal ကျွန်းအနီးတွင်ရပ်နားထားသည့် ဖိလစ်ပိုင်ရေတပ်သင်္ဘောမှ တပ်ဖွဲ့ဝင်များအား ရိက္ခာများပေးရန်ထွက်ခွာသွားသည့် Unaizah May 4 သင်္ဘောသည် အဆိုပါ တို-က်ခို-က်မှုကြောင့် ဆိုးရွားစွာပျက်စီးခဲ့ကြောင်းဖိလစ်ပိုင်အစိုးရကပြောကြားခဲ့သည်။
နိုင်ငံတကာက ဥပဒဒေ နှင့် မညီဟု ပြောထားပြီး ဖိလစ်ပိုင်သာမက ကျန်ပြိုင်ဘက်နိုင်ငံအတော်များများက ကန့်ကွက်နေသော်လည်း တရုတ်သည် တောင်တရုတ်ပင်လယ်တစ်ခုလုံးနီးပါးအား ၎င်းအပိုင်ဖြစ်သည်ဟုဆိုခဲ့သည်။
ယခုဖြစ်စဉ်မတိုင်မီ မတ်လ ၅ ရက်နေ့ကလည်း ယခုသင်္ဘောကိုပင် တရုတ်က တို-က်ခို-က်ခဲ့သဖြင့် သင်္ဘောသား ၄ ဦးဒဏ်ရာရရှိခဲ့သေးကြောင်းသိရသည်။ “ဒါဟာ ဖိလစ်ပိုင်အနေနဲ့ ပုံမှန်ပြုလုပ်နေကျ ရိက္ခာထောက်ပံ့ရေးအစီအစဉ်တစ်ခုပါပဲ၊ဒါပေမဲ့ တရုတ်ကမ်းခြေစောင့်တပ်က တုန့်ပြန်လိုက်တဲ့လုပ်ရပ်ကိုကြည့်ပါ” ဟုလည်း မနီလာအမျိုးသားလုံခြုံရေးအကြံပေးကဆိုခဲ့သည်။
ဖိလစ်ပိုင်နှင့် ကာကွယ်ရေးဆိုင်ရာ သဘောတူစာချုပ်ချုပ်ဆိုထားသည့် အမေရိက ကလည်း ယခုတို-က်ခို-က်မှုကို ဝေဖန်ရှုံ့ချခဲ့သည်။
“တရုတ်ရဲ့လုပ်ရပ်တွေဟာ ဒေသတွင်းမတည်ငြိမ်မှုတွေကိုဖြစ်ပေါ်စေပြီး နိုင်ငံတကာဥပဒေကိုပြောင်ေပြာင်တင်းတင်းလျစ်လျူရှုထားတာကိုပြသနေပါတယ်” ဟု ကန်နိုင်ငံခြားရေးဌာပြောခွင့်ရပုဂ္ဂိုလ် မက်သရူးမီလာကပြောကြားခဲ့ပြီး ဝါရှင်တန်နှင့်မနီလာအကြား အပြန်အလှန်ကာကွယ်ရေးဆိုင်ရာသဘောတူစာချုုပ်၏ ကတိကဝတ်များကိုလည်း ထပ်မံအတည်ပြုပြောကြားခဲ့သည်။
Source : အေအက်ဖ်ပီ/အေတီ