Thursday, December 5, 2024

ကျေးလက်ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရန် မြန်မာ-တရုတ်ဆွေးနွေး

ကျေးလက်ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒီဇင်ဘာ ၃ ရက်က မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၊ မြန်မာနိုင်ငံ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ တရုတ်နိုင်ငံကျေးလက်ဖွံ့ ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း(CFRD)တို့မှ တာဝန်ရှိသူများ ဒေသတွင်းခရီးသွားလုပ်ငန်းမှ ကိုယ်စားလှယ်များဆွေးနွေးခဲ့ကြသည်။ မြန်မာ-တရုတ်နှစ်နိုင်ငံကျေးလက်ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုအခြေအနေ၊...

အမေရိကအစိုးရသစ်ကနှစ်နိုင်ငံပြေလည်‌စေမည်ဟုယုံကြည်–ဝမ်ယိ

ပေကျင်း၊ဒီဇင်ဘာ ၄ နောက်တက်မည့်အမေရိကန်အစိုးရသစ်သည် တရုတ် - အမေရိကန်ဆက်ဆံရေးကို တည်ငြိမ်အောင် ကိုင်တွယ်နိုင်လိမ့်မည်ဟုယုံကြည်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိကပြောကြားခဲ့သည်။ တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်လည်းဖြစ်သည့် ဝမ်ယိသည် သမ္မတနှင့် အမေရိကန်နိုင်ငံခြားရေးမူဝါဒဆိုင်ရာ...

တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီး နှုတ်ထွက်စာတင်

ဆိုးလ်၊ဒီဇင်ဘာ ၄ တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီး ကင်မ်ယိုဟန်က နိုင်ငံသားများကိုတောင်းပန်ခဲ့ပြီး သမ္မတယွန်းထံ နုတ်ထွက်စာတင်ထားသည်ဟု ပြောကြားခဲ့ကြောင်း ယွန်ဟပ်သတင်းဌာနကဖော်ပြခဲ့သည်။ အာဏာရပါတီ၏ အဓိကအတိုက်အခံဖြစ်သည့် ဒီမိုကရက်တစ်ပါတီက ကာကွယ်ရေး ဝန်ကြီးကို အရေးပေါ်...

မြန်မာ-ဘယ်လာရုစ်နှစ်နိုင်ငံကြား ကာကွယ်ရေးဆိုင်ရာများတွင် ပူးပေါင်းဆောင်ရွက်မှုများကိုပိုမိုမြှင့်တင်ရန်ဆွေးနွေး

မြန်မာ-ဘယ်လာရုစ်နှစ်နိုင်ငံကြား ကာကွယ်ရေးဆိုင်ရာများတွင် ပူးပေါင်းဆောင်ရွက်မှုများကိုပိုမိုမြှင့်တင်ရန် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဟနွိုင်းမြို့အခြေစိုက်၊ မြန်မာနိုင်ငံဆိုင်ရာ ဘယ်လာရုစ်နိုင်ငံသံအမတ်ကြီးတို့ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ နစက ဥက္ကဋ္ဌမှ...
HomeInternationalတရုတ်တက္ကသိုလ်များ၌ ချစ်မှုရေးရာသင်ခန်းစာများသင်ကြားရန်တောင်းဆို

တရုတ်တက္ကသိုလ်များ၌ ချစ်မှုရေးရာသင်ခန်းစာများသင်ကြားရန်တောင်းဆို

နိုင်ငံတွင် မွေးဖွားနှုန်းကျဆင်းနေမှုကို မြှင့်တင်နိုင်ရေးကြိုးပမ်းချက်အဖြစ် လက်ထပ်ထိမ်းမြားခြင်း၊ ချစ်ချင်းမေတ္တာ၊ မျိုးပွားခြင်း နှင့် မိသားစု တို့နှင့်ပတ်သက်၍ အပေါင်းလက္ခဏာဆောင်သော အမြင်များကို အလေးပေးစေရေးအတွက် တက္ကသိုလ်၊ ကောလိပ်များတွင် ချစ်မှုရေးရာသင်ခန်းစာများ ကို ထည့်သွင်းသင်ကြားပေးရန် တရုတ်က တိုက်တွန်းခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် ၂၀၂၃ ခုနှစ်တွင် ၂ နှစ်ဆက်တိုက် လူဦးရေကျဆင်းမှုကို ကြုံတွေ့ခဲ့ရပြီးနောက် ရင်သွေးယူကြရေးအတွက် လူငယ်ဇနီးမောင်နှံများကို ပိုမိုဆွဲဆောင်နိုင်ရန် ပေကျင်းက အစီအမံအမျိုးမျိုးကို ချမှတ်ဖော်ဆောင်နေခဲ့သည်။

တရုတ်နိုင်ငံသည် လူဦးရေ ၁ ဒဿမ ၄ ဘီလျံဖြင့် ကမ္ဘာပေါ်တွင် ဒုတိယမြောက်လူဦးရေအများဆုံးနိုင်ငံဖြစ်သော်လည်း သက်ကြီးရွယ်အိုဦးရေ အလျင်မြန်တိုးပွားနေမှုသည် အနာဂတ်တွင် အစိုးရအသုံးစရိတ်လိုအပ်ချက်တိုးမြင့်လာကာ စီးပွားရေးအပေါ် ဖိအားဖြစ်လာစေနိုင်သည်။

ကောလိပ်ကျောင်းသားများသည် ကလေ-းမွေးဖွားမှုအတွက် အကြီးမားဆုံး မောင်းနှင်အားဖြစ်လာနိုင်သော်လည်း အိမ်ထောင်ရေးနှင့် အချစ်ရေးတို့အပေါ် ၎င်းတို့၏ အမြင်များသည် သိသိသာသာ ပြောင်းလဲလာသည်ဟု ကျင်းစုနှင့် ရှင်းဟွာသတင်းစာအုပ်စုက လူဦးရေဆိုင်ရာ တရားဝင်ထုတ်ပြန်ချက်တစ်ခုဖြစ်သည့် China Population News ကို ကိုးကား၍ ဖော်ပြခဲ့သည်။

တက္ကသိုလ်နှင့် ကောလိပ်များသည် အိမ်ထောင်ရေးနှင့် ချစ်မှုရေးရာ သင်ခန်းစာများကို ထည့်သွင်းသင်ကြားပေးခြင်းဖြင့် ကောလိပ်ကျောင်းသားများကို အိမ်ထောင်ရေး၊ အချစ်ရေးဆိုင်ရာ ပညာပေးမှုများလုပ်ဆောင်ပေးရန် တာဝန်ရှိသည်ဟု မှတ်ယူရမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။

အဆိုပါအစီအစဉ်သည် ကျန်းမာပြီး၊ အပြုသ‌ေဘာဆောင်သော အိမ်ထောင်ရေးနှင့် ကလေးမွေးဖွားခြင်းဆိုင်ရာ ဝန်းကျင်အခြေအနေတစ်ရပ်ကို ဖန်တီးရန် အထောက်အကူဖြစ်လိမ့်မည်ဟု ဆိုသည်။

နိုင်ငံတော်ကောင်စီသည် နိုဝင်ဘာလတွင် ဒေသဆိုင်ရာ အစိုးရများကို ဆင့်ခေါ်၍ တရုတ်နိုင်ငံ၏ လူဦးရေကျဆင်းမှုကို ထိန်းညှိရန်နှင့် အရွယ်ကောင်းအခါကောင်းတွင် အိမ်ထောင်သားမွေးပြုမှုကို အလေးထားကြစေရန်အတွက် အရင်းအမြစ်များကို အသုံးပြုရန် ညွှန်ကြားခဲ့သည်။ သို့သော်လည်း အဆိုပါ လှုပ်ရှားမှုသည် တရုတ်လူငယ်များအတွင်း စိတ်ဝင်စားဖွယ်မရှိဟု လူဦးရေစာရင်းအင်း ပညာရှင်များက သုံးသပ်သည်။

China Population News က စစ်တမ်းကောက်ယူခဲ့သော ကောလိပ်ကျောင်းသားများ၏ ၅၇ ရာခိုင်နှုန်းက သူတို့အနေဖြင့် အချစ်ရေးကိစ္စကို မလိုလားကြောင်း ဖြေကြားခဲ့ကြပြီး အဓိကအားဖြင့် အချစ်ရေးနှင့် ပညာရေးအကြား ဟန်ချက်ညီစေရန် မည်သို့အချိန်ခွဲဝေသုံးစွဲရမည်ကို မသိ၍ဖြစ်ကြောင်း ဆိုခဲ့ကြသည်။

Ref: ယူအက်စ်နူးစ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကျေးလက်ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရန် မြန်မာ-တရုတ်ဆွေးနွေး

ကျေးလက်ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒီဇင်ဘာ ၃ ရက်က မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၊ မြန်မာနိုင်ငံ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ တရုတ်နိုင်ငံကျေးလက်ဖွံ့ ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း(CFRD)တို့မှ တာဝန်ရှိသူများ ဒေသတွင်းခရီးသွားလုပ်ငန်းမှ ကိုယ်စားလှယ်များဆွေးနွေးခဲ့ကြသည်။ မြန်မာ-တရုတ်နှစ်နိုင်ငံကျေးလက်ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုအခြေအနေ၊ မူဝါဒအစီအမံများနှင့် ပူးပေါင်းဆောင်ရွက်ရေးအလားအလာများကို ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် ကျေးလက်ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုး တက်ရေးသည် ပြည်သူများလူနေမှုဘဝတိုး တက်ကောင်းမွန်လာစေရေး၊ စီးပွားရေးအင်အားများတိုးများလာစေရေးနှင့် ကောင်းမွန်သော ရိုးရာယဉ်ကျေးမှုအား ထိန်းသိမ်းစောင့်ရှောက် လက်ဆင့်ကမ်းရေးတို့အတွက်လည်းအသိအမှတ်ပြုခဲ့ကြသည်။ ထို့အတူ ဆွေးနွေးပွဲတက်ရောက်လာသည့် ခရီး သွားလုပ်ငန်း ကိုယ်စားလှယ်များမှလည်း တ ရုတ်နိုင်ငံခရီးစဥ်တွင် တွေ့မြင်ကြုံတွေ့မှုများကိုရှင်းလင်းပြောကြားခဲ့ပြီးနောက် ကျေးလက်ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုမြှင့်တင်ရေးကိုလည်း အကြံပြုဆွေးနွေးခဲ့ကြသည်။

အမေရိကအစိုးရသစ်ကနှစ်နိုင်ငံပြေလည်‌စေမည်ဟုယုံကြည်–ဝမ်ယိ

ပေကျင်း၊ဒီဇင်ဘာ ၄ နောက်တက်မည့်အမေရိကန်အစိုးရသစ်သည် တရုတ် - အမေရိကန်ဆက်ဆံရေးကို တည်ငြိမ်အောင် ကိုင်တွယ်နိုင်လိမ့်မည်ဟုယုံကြည်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိကပြောကြားခဲ့သည်။ တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်လည်းဖြစ်သည့် ဝမ်ယိသည် သမ္မတနှင့် အမေရိကန်နိုင်ငံခြားရေးမူဝါဒဆိုင်ရာ အမျိုးသားကော်မတီအမှုဆောင်အရာရှိချုပ် ဆူဆန်အေးလီးယက်ထ် ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံစဉ်ယခု ကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။ အပြန်အလှန်လေးစား‌ရေး၊ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးနှင့်နှစ်ဘက်အကျိုးရှိစေမည့်ပူးပေါင်းဆောင်ရွက်မှုအခြေခံမူများနှင့်အညီ အမေရိကန်ပြည်ထောင်စုနှင့်ဆက်ဆံရေး တိုးတက်ကောင်းမွန်စေရန် အမြဲဆောင်ရွက်သွားမည်ဟုလည်း ပြောကြားခဲ့သည်။ တရုတ်၏ရည်ရွယ်ချက်ဖြစ်သည့် နှစ်နိုင်ငံဆက်ဆံရေးတည်ငြိမ်‌စေရေးနှင့် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်‌ရေး သည် ဘိုင်ဒင်နှင့်ရှီတို့‌တွေ့ဆုံစဥ်ကတိပြုခဲ့သည့်အတိုင်းပြောင်းလဲသွားမည်မဟုတ်ကြောင်းလည်း ဝမ်ကထပ်လောင်းပြောကြားခဲ့သည်။ အလားတူပင် အမေရိကအနေဖြင့်လည်း အဆိုပါကတိကို မဖောက်ဖျက်ဘဲ ထိန်းသိမ်းစေလိုကြောင်းဝမ်ကပြောကြားခဲ့ပြီး လာမည့်အစိုးရသစ်သည်လည်း နှစ်နိုင်ငံဆက်ဆံ‌ရေးတည်ငြိမ်စေရန် ကိုင်တွယ်နိုင်လိမ့်မည်ဟုယုံကြည်ကြောင်း ပြောကြားခဲ့သည်။ Source : ရှင်းဟွာ

တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီး နှုတ်ထွက်စာတင်

ဆိုးလ်၊ဒီဇင်ဘာ ၄ တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီး ကင်မ်ယိုဟန်က နိုင်ငံသားများကိုတောင်းပန်ခဲ့ပြီး သမ္မတယွန်းထံ နုတ်ထွက်စာတင်ထားသည်ဟု ပြောကြားခဲ့ကြောင်း ယွန်ဟပ်သတင်းဌာနကဖော်ပြခဲ့သည်။ အာဏာရပါတီ၏ အဓိကအတိုက်အခံဖြစ်သည့် ဒီမိုကရက်တစ်ပါတီက ကာကွယ်ရေး ဝန်ကြီးကို အရေးပေါ် စစ်အုပ်ချုပ်ရေးကြောင့် မငြိမ်မသက်မှုများဖြစ်ခဲ့ရခြင်းနှင့်ပတ်သက်၍ စွပ်စွဲပြစ်တင်‌မှု အဆိုတင်သွင်းသဖြင့် ရာထူးမှ နုတ်ထွက်ခဲ့ခြင်းဖြစ်သည်။ တစ်ချိန်တည်းမှာပင် ဝန်ကြီးချုပ်ဟန်ဒက်ဆိုးနှင့် အာဏာရ People Power ပါတီ ခေါင်းဆောင်များသည် အတိုက်အခံပါတီက စွပ်စွဲပြစ်တင်မှု ဥပဒေကြမ်းတင်ထားသဖြင့် တောင်ကိုရီးယားသမ္မတနှင့်တွေ့ဆုံရန်ရှိနေကြောင်းသိရသည်။ အင်္ဂါနေ့ညကထုတ်ပြန်လိုက်သည့် အရေးပေါ်စစ်အုပ်ချုပ်ရေးအမိန့်ကြောင့် ဖြစ်ပေါ်လာသည့် နောက်ထပ်နိုင်ငံရေးမတည်ငြိမ်မှုများအတွက် တောင်ကိုရီးယားအတိုက်အခံပါတီက သမ္မတယွန်အားစွပ်စွဲပြစ်တင်‌ေရး အဆိုတင်ခဲ့ကြသည်။ တောင်ကိုရီးယားသမ္မတသည် အရေးပေါ်စစ်အုပ်ချုပ်ရေးဥပဒေကို လွှတ်တော်တွင်မဲခွဲဆုံးဖြတ်ရာ ကန့်ကွက်မှုများခဲ့သဖြင့်ဗုဒ္ဓဟူးနေ့အစောပိုင်းကရုပ်သိမ်းပေးခဲ့ရခြင်းဖြစ်သည်။ အဆိုပါပြဿနာ၏ နောက်ဆက်တွဲအနေဖြင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071