ပေကျင်း၊ဧပြီ ၂၃
တရုတ်ဒုဝန်ကြီးချုပ် မစ္စတာ Ding Xuexiang သည် အီရန်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ Seyed Abbas Araghchi နှင့် ဗုဒ္ဓဟူးနေ့က ပေကျင်း၌တွေ့ဆုံခဲ့သည်ဟုသိရသည်။
တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ၏ နိုင်ငံရေးဗျူရိုမှ အမြဲတမ်းကော်မတီအဖွဲ့ဝင်လည်းဖြစ်သည့် မစ္စတာ Ding က နှစ်နိုင်ငံကြား အစဉ်အလာ ချစ်ကြည်ရင်းနှီးမှုနှင့် နယ်ပယ်ပေါင်းစုံပူးပေါင်းဆောင်ရွက်မှု၏ မြောက်များလှစွာသော ရလဒ်များကိုအလေးပေးပြောကြားခဲ့သည်။
ဆက်လက်၍ နှစ်နိုင်ငံခေါင်းဆောင်များအကြား အပြန်အလှန်နားလည်မှုရရှိရေး၊အဆင့်မြင့်ဖလှယ်မှုများ ပိုမိုပြုလုပ်လာနိုင်စေရန်နှင့် နိုင်ငံရေးအရ အပြန်အလှန်ယုံကြည်မှု ခိုင်မာစေရန်အတွက် တရုတ်နိုင်ငံအနေဖြင့် အီရန်နှင့်လက်တွဲဆောင်ရွက်သွားရန်ဆန္ဒရှိကြောင်းလည်း Ding ကပြောကြားခဲ့သည်။
နှစ်နိုင်ငံကြား လက်တွေ့ကျသည့်ပူးပေါင်းဆောင်ရွက်မှု ကို ချဲ့ထွင်ရေး၊ နိုင်ငံတကာနှင့် ဒေသတွင်းရေးရာများ၌ ပူးပေါင်းဆောင်ရွက်မှုအားကောင်းလာရေးနှင့်နှစ်ဖက်ပြည်သူများအကျိုးဖြစ်ထွန်းစေမည့် ဘက်စုံမဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှုကိုလည်း ရေရှည်တိုးတက်ရန်မြှင့်တင်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။
အီရန်ဘက်ကလည်း ပြည့်စုံသော အရေးပါသော မိတ်ဖက်ဆက်ဆံရေးသည်အလွန်အရေးကြီးကာ အပြန်အလှန်အကျိုးရှိမည့်ပူးပေါင်းဆောင်ရွက်မှုကိုတိုးမြှင့်ဆောင်ရွက်ရန်၊နိုင်ငံစုံ ညှိနှိုင်းဆောင်ရွက်မှုကိုမြှင့်တင်ရန်နှင့်ဘုံအကျိုးစီးပွားကိုကာကွယ်ရန်လည်းဆန္ဒရှိကြောင်းကိုလည်းပြောကြားခဲ့သည်။
Source : ရှင်းဟွာ
