Tuesday, March 25, 2025

ရက်သတ္တပတ် နှစ်ပတ်ခန့် ယာယီဖြတ်သန်းခွင့်ပိတ်ထားသည့် စဉ့်အင်တံတား...

(၁၃)ရက်ကြာ တံတားကြမ်းခင်းပြင်ဆင်နေမှုကြောင့် ယာယီဖြတ် သန်းခွင့်ပိတ်ထားသည့် ရှမ်းပြည်မြောက်ပိုင်း သီပေါ- လားရှိုးကြား ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ စဥ့်အင်တံတားကို ယနေ့ မတ်လ (၂၄) ရက်...

ရှမ်း/တောင် မိုင်းရှူးမြို့ တောတွင်းတစ်နေရာ၌ တရားမဝင်ငွေလိ-မ်ဂိုဏ်းတစ်ခုကို...

ရှမ်းပြည်တောင်ပိုင်း၊ မိုင်းရှူးမြို့နယ်၊ မန်ကျောင်းကျေးရွာအုပ်စု တောတွင်းတစ်နေရာ၌ ကျားဖြန့်ငွေလိ-မ်ဂိုဏ်းတစ်ခုကို ယမန်နေ့ မတ်လ(၂၃) ရက်နေ့ နံနက်အစောပိုင်းအချိန်၌ ဝင်ရောက်စီးနင်းဖမ်းဆီးခဲ့ကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA)က...

ကန်-ရုရှား ဆွေးနွေးပွဲ မတိုင်မီ ဆော်ဒီတွင်...

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ် အစိုးရအဖွဲ့က ကြားဝင်ဆောင်ရွက်ပေးသည့် စေ့စပ်ဆွေးနွေးမှုများ၏ တစ်စိတ်တစ်ပိုင်းအဖြစ် အမေရိကနှင့် ယူကရိန်းအစိုးရ ကိုယ်စားလှယ်များသည် ဆော်ဒီအာရေဗျနိုင်ငံတွင် ဆွေးနွေးမှုများလုပ်ဆောင်လျက်ရှိသည်။ ရီယာ့ဒ်ဆွေးနွေးမှုတွင် ယူကရိန်းဘက်ကို ကိုယ်စားပြုသော...

ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာတွင် နာမည်ကြီးတရုတ်ရုပ်ရှင်ဇာတ်ကားများ အပတ်စဉ်ပြသပေးနေ

ရန်ကုန်မြို့၊ အလုံမြို့နယ်ရှိ ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာတွင် လူကြိုက်များသော တရုတ်ရုပ်ရှင်ဇာတ်ကားကောင်းများကို အပတ်စဉ် စနေနေ့တိုင်း ပြသပေးလျက်ရှိကြောင်း သိရသည်။ ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာ၏ “Weekend ရုပ်ရှင်အစီအစဉ်”အတွက် လူကြိုက်များသော တရုတ်ရုပ်ရှင်ဇာတ်ကားကောင်း...
HomeNewsLocal Newsတရုတ်နိုင်ငံကို တင်ပို့မည့်စားသောက်ကုန် ကုန်စည်အစောင်ရေ...

တရုတ်နိုင်ငံကို တင်ပို့မည့်စားသောက်ကုန် ကုန်စည်အစောင်ရေ ၁၈၀၀ ကျော်ကို GACC မှတ်ပုံတင်ခွင့်ပြု

မြန်မာနိုင်ငံမှ တရုတ်နိုင်ငံ၏ GACC တွင် Competent Authority ထောက်ခံချက်လိုအပ်နေသည့် ကုန်စည်အုပ်စုနှင့် ကိုယ်တိုင်ဝင်ရောက် လျှောက်ထားသည့် ကုန်စည်အုပ်စု အပါအဝင် စုစုပေါင်းအစောင်‌ရေ (၁၈၅၄) စောင်ကို မှတ်ပုံတင်ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနကထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ၂ဝ၂၁ ခုနှစ်၊ ဒီဇင်ဘာ(၁)ရက်မှ ၂ဝ၂၃ ခုနှစ်၊ မေလ(၂၆) ရက်နေ့အထိ ကုမ္ပဏီ (၁၁၅၅) ခုမှ အစောင်ရေ (၂၁၉၄) စောင်ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အကောက်ခွန်အထွေထွေအုပ်ချုပ်မှု အာဏာပိုင်အဖွဲ့(GACC) ကို မှတ်ပုံတင်နိုင်ရေး လျှောက်ထားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ စိုက်ပျိုးရေးစားသောက်ကုန်များ တင်ပို့သည့် ကုမ္ပဏီများ၏ မှတ်ပုံတင်ခြင်းဆိုင်ရာအတွက် တရုတ်နိုင်ငံ၊ (GACC) အောက်ရှိ Department of Animal and Plant Quarantine ဌာနမှ ကုန်စည်အုပ်စု(၇)မျိုးကို တာဝန်ယူ ဆောင်ရွက်နေခြင်းဖြစ်သည်။

အဆိုပါ ကုန်စည်အုပ်စု (၇)မျိုးမှာ ကော်ဖီစေ့နှင့်ကိုကိုးစေ့၊ဟင်းသီးဟင်းရွက်အစိမ်းများ၊ဟင်းခတ်အမွှေးအကြိုင်များ၊ စားသုံးနိုင်သည့်အစေ့အဆံများ၊ပဲမျိုးစုံ၊ ဆီထွက်အပင်များ၊ တရုတ်တိုင်းရင်းဆေးထုတ်လုပ်သည့် တိရိစ္ဆာန် နှင့်အပင်မူရင်းများပါဝင်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရက်သတ္တပတ် နှစ်ပတ်ခန့် ယာယီဖြတ်သန်းခွင့်ပိတ်ထားသည့် စဉ့်အင်တံတား ယနေ့ ပြန်လည်ဖြတ်သန်းခွင့်ပြု

(၁၃)ရက်ကြာ တံတားကြမ်းခင်းပြင်ဆင်နေမှုကြောင့် ယာယီဖြတ် သန်းခွင့်ပိတ်ထားသည့် ရှမ်းပြည်မြောက်ပိုင်း သီပေါ- လားရှိုးကြား ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ စဥ့်အင်တံတားကို ယနေ့ မတ်လ (၂၄) ရက် ညနေ (၆)နာရီအချိန်၌ ပြန် လည်ဖြတ်သန်းခွင့်ပြုပြီဖြစ်ကြောင်း ဒေသတွင်းခရီးသွားတစ်ဦးကပြော သည်။ အဆိုပါ စဥ့်အင်တံတားကိုမတ်လ (၁၂) ရက်မှစတင်၍ အကြီးစားပြင်ဆင်မှုများဆောင်ရွက်နေခြင်းကြောင့် ယာယီပိတ်ထားခဲ့ခြင်းဖြစ်သည်။ စဉ်အင်တံတား ဖြတ်သန်းခွင့် ပိတ်ထားစဉ်အတွင်း ဒေသတွင်းကွင်းလမ်းများဖြစ်သည့် ကုံးမုံ-နမ္မလမ်းနှင့် လားရှိုး-အီနိုင်း-မန်စံ-မိုးတေ-သီပေါလမ်းတို့ကို ရွေးချယ်သွားလာနေကြရသည်။ "အခု ညနေ ၆ နာရီမှာ ဖြတ်ခွင့်ပြုလိုက် ပါပြီ"ဟု ၎င်းက ဆိုသည်။ ထို့ကြောင့် ကွင်းလမ်းများမှ သွားလာနေရသည့်...

ရှမ်း/တောင် မိုင်းရှူးမြို့ တောတွင်းတစ်နေရာ၌ တရားမဝင်ငွေလိ-မ်ဂိုဏ်းတစ်ခုကို SSPP/SSA စီးနင်း ဖမ်းဆီး

ရှမ်းပြည်တောင်ပိုင်း၊ မိုင်းရှူးမြို့နယ်၊ မန်ကျောင်းကျေးရွာအုပ်စု တောတွင်းတစ်နေရာ၌ ကျားဖြန့်ငွေလိ-မ်ဂိုဏ်းတစ်ခုကို ယမန်နေ့ မတ်လ(၂၃) ရက်နေ့ နံနက်အစောပိုင်းအချိန်၌ ဝင်ရောက်စီးနင်းဖမ်းဆီးခဲ့ကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA)က ယနေ့တွင် အသိပေးထုတ်ပြန် သည်။ ထိုသို့ စီးနင်းဖမ်းဆီးရာ၌ တရားမဝင် တရုတ်နိုင်ငံသား အချို့အပါ အဝင်ဆက်စပ်ပစ္စည်းများဖြစ်သည့် ဖုန်းမျိုးစုံ ၊ I Pad ၊ ကွန်ပျုတာမျိုးစုံတို့ကို အများအပြား ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။ ဖမ်းဆီးရမိသည့် တရုတ်နိုင်ငံသားများကိုလည်း သက်ဆိုင်ရာ တရုတ်နိုင်ငံသို့ ပြန်လည်လွဲပြောင်းပေး အပ်သွားမည် ဖြစ်ကြောင်း သိရသည်။ ဗိုလ်ချုပ်ကြီး ယွက်ဆစ်...

ကန်-ရုရှား ဆွေးနွေးပွဲ မတိုင်မီ ဆော်ဒီတွင် ကန်-ယူကရိန်း ဆွေးနွေး

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ် အစိုးရအဖွဲ့က ကြားဝင်ဆောင်ရွက်ပေးသည့် စေ့စပ်ဆွေးနွေးမှုများ၏ တစ်စိတ်တစ်ပိုင်းအဖြစ် အမေရိကနှင့် ယူကရိန်းအစိုးရ ကိုယ်စားလှယ်များသည် ဆော်ဒီအာရေဗျနိုင်ငံတွင် ဆွေးနွေးမှုများလုပ်ဆောင်လျက်ရှိသည်။ ရီယာ့ဒ်ဆွေးနွေးမှုတွင် ယူကရိန်းဘက်ကို ကိုယ်စားပြုသော ကာကွယ်ရေးဝန်ကြီး ရပ်စ်တန် အူမီရော့ဗ်က အကျိုးရလဒ်ထွက်ပေါ်သော ဆွေးနွေးမှုများ သည် တနင်္ဂနွေနေ့ ညပိုင်းတွင် အဆုံးသတ်ခဲ့သည်ဟု ပြောကြားခဲ့သည်။ အစောပိုင်းတွင် ယူကရိန်းသမ္မတ ဇလန်းစကီးက ရုပ်သံထုတ်ပြန်ချက်တစ်ခုတွင် ပြောဆိုရာ၌ မိမိတို့ ကိုယ်စားလှယ်အဖွဲ့သည် လုံး၀ အပြုသဘောဆောင်သော သဘောထားဖြင့် ဆောင်ရွက်နေကြောင်းနှင့် ဆွေးနွေးပွဲ စကားဝိုင်းသည် အလွန်အသုံးဝင်ပြီး ကိုယ်စားလှယ်အဖွဲ့၏ လုပ်ငန်းတာဝန်များကို ဆက်လက်လုပ်ဆောင်နေသည်ဟု...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071