Sunday, January 5, 2025

(၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်ဂုဏ်ပြုညစာစားပွဲသို့ နစက ဥက္ကဋ္ဌနှင့်ဇနီးတို့တက်ရောက်

ယနေ့ ဇန်နဝါရီ ၄ ရက်တွင်ကျရောက်သည့် (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အဖြစ် ဂုဏ်ပြုညစာစားပွဲနှင့် ဂုဏ်ပြုဖျော်ဖြေပွဲအား နေပြည်တော်ရှိ နစက ဥက္ကဋ္ဌရုံး၌...

တရုပ်၏တိဘက်ဆည်စီမံကိန်းကို စိုးရိမ်ကြောင်း အိန္ဒိယက ပြောကြား

အိန္ဒိယနိုင်ငံအတွင်းသို့ စီးဝင်သော တိဗက်ဒေသရှိ Yarlung Zangbo မြစ်ကြောင်းပေါ်တွင် တရုတ်နိုင်ငံ၏ ရေအားလျှပ်စစ်ဆည်တည်ဆောက်‌ရေးစီမံကိန်းနှင့်ပတ်သက်၍ နူးဒေလီက ၎င်းတို့၏ စိုးရိမ်ပူပန်မှုများကို ပေကျင်းကို အသိပေးတင်ပြထားသည်ဟု...

ဗိုလ်တထောင်စေတီ မဂ္ဂင်မြိုင်ပန်းခြံအတွင်းရှိ တိလောကသီတလ မဟာဗောဓိစေတီတော်မြတ်ကြီးအား...

ရန်ကုန်တိုင်း၊ ဗိုလ်တထောင်မြို့နယ်ရှိ ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်မြတ်ကြီး၏ မဂ္ဂင်မြိုင်ပန်းခြံအတွင်းတည်ထားသည့် တိလောကသီတလ မဟာဗောဓိစေတီတော်မြတ်ကြီးအား ရွှေထီးတော်တင်လှူပူဇော်ခြင်းမင်္ဂလာအခမ်းအနားကို ယနေ့ ဇန်နဝါရီ ၄ ရက်နံနက်ပိုင်းက ဆင်ယင်ကျင်းပခဲ့သည်။ အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနယကအ...

သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များဆက်ကပ်

နစက မှ ယနေ့ ဇန်နဝါရီ ၄ ရက်တွင်ကျရောက်သည့် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များကို ဆက်ကပ်လှူဒါန်းအပ်နှံခဲ့ကြောင်း အမိန့်ကြော်ငြာစာအမှတ်...
HomeNewsLocal Newsတရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး The...

တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး The News Person of the Year (2024)ဆုရရှိ

တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးတင်မောင်ဆွေသည် Home and Abroad News Press မှချီးမြှင့်သည့် The News Person of the Year (2024)ဆုရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ဆုပေးပွဲအား ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၃၀ ရက်က တရုတ်နိုင်ငံ၊ ပေကျင်းမြို့ရှိ China National Convention Center ၌ကျင်းပခဲ့ရာ ဆုရရှိခဲ့သည့် မြန်မာသံအမတ်ကြီးမှ နိုင်ငံတစ်နိုင်ငံ၏ အုပ်ချုပ်ရေးစနစ်တွင် မီဒီယာမဏ္ဍိုင်သည် အရေးပါသောအခန်းကဏ္ဍကပါဝင်ကာ ယခုခေတ်တွင် ဆိုရှယ်မီဒီယာများ၌ သတင်းအမှားများ၊ ကောလာဟလများ လျင်မြန်စွာထွက်ပေါ်လျက်ရှိသည်ဟု မိန့်ခွန်းပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့သည်။

ထိုသို့ ထွက်ပေါ်နေခြင်းမှာ နိုင်ငံ၏လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးကိုထိခိုက်စေ၍ ထိရောက်စွာတားဆီးရန်လိုအပ်ပြီး သတင်းများကို မှန်မှန်ကန်ကန်ဖော်ပြပေးနေသည့် မီဒီယာများကိုလည်းလိုအပ်ကာ မြန်မာ-တရုတ်နှစ်နိုင်ငံဆက်ဆံရေးနှင့် နှစ်နိုင်ငံပြည်သူများကြား နားလည် မှုခိုင်မာပြီး ချစ်ကြည်ရင်းနှီးမှုများတိုးပွားရန် မီဒီယာသည် ပိုမိုအရေးပါသောအခန်းကဏ္ဍတွင်ရှိနေသည်ဟုလည်း ပြောကြားခဲ့သည်။

မြန်မာသံအမတ်ကြီးသည် တရုတ်နိုင်ငံသို့ရောက်ရှိတာဝန်ထမ်းဆောင်စဉ်မှစ၍ နှစ်နိုင်ငံဆက်ဆံရေးဖွံ့ဖြိုးတိုးတက်အောင် စဉ်ဆက်မပြတ်ကြိုး ပမ်းဆောင်ရွက်မှုများ၊ ဟဲနန်၊ ဟဲဘေ၊ ယူနန်၊ ကျန်းရှီး၊ ကွမ်ရှီး၊ ရှန်းတုံး၊ ကျီလင်းနှင့် အခြားပြည် နယ်များသို့သွားရောက်၍ စီးပွားရေးဆက်ဆံရေးများကိုထူထောင်ခဲ့ကာ သိသာထင်ရှားသော ပူးပေါင်းဆောင်ရွက်မှုများ၊ သံအမတ်ကြီး၏ ဆောင်ရွက်ပေးမှုကြောင့် တရုတ်-မြန်မာစီးပွား ရေးစင်္ကြံတည်ဆောက်မှုအတွက် ယူနန်-မြန်မာ စီ မံကိန်းများကို ပိုမိုနက်ရှိုင်းအောင်ဆောင်ရွက်နိုင်ခဲ့ခြင်းတို့ကြောင့် ဆုချီးမြှင့်ခံရခြင်းဖြစ်သည်။

အဆိုပါ The News Person of the Year (2024) ဆုသည် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ တရုတ်နိုင်ငံနှင့် သက်ဆိုင်ရာနိုင်ငံများကြား ချစ်ကြည်ရင်းနှီးသောဆက်ဆံရေးများကို တည်ဆောက်ပေးနိုင်ခဲ့သည့် တရုတ်နိုင်ငံဆိုင်ရာ နိုင်ငံခြားသံအမတ်ကြီးများအားချီးမြှင့်ပေးအပ်ခြင်းဖြစ်သည်။

ယင်း ဆုအား မြန်မာသံအအမတ်ကြီးနှင့်အတူ တရုတ်နိုင်ငံဆိုင်ရာ ပီရူး၊ ကာဇက်စတန်၊ ဘယ်လာရုစ်၊ သီရိလင်္ကာနှင့် နိုက်ဂျီးရီးယားနိုင်ငံတို့မှ သံအမတ်ကြီးများလည်းရရှိခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

(၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်ဂုဏ်ပြုညစာစားပွဲသို့ နစက ဥက္ကဋ္ဌနှင့်ဇနီးတို့တက်ရောက်

ယနေ့ ဇန်နဝါရီ ၄ ရက်တွင်ကျရောက်သည့် (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အဖြစ် ဂုဏ်ပြုညစာစားပွဲနှင့် ဂုဏ်ပြုဖျော်ဖြေပွဲအား နေပြည်တော်ရှိ နစက ဥက္ကဋ္ဌရုံး၌ ယနေ့ညပိုင်းကပြုလုပ်ရာ နစက ဥက္ကဋ္ဌနှင့်ဇနီးတို့တက်ရောက်ခဲ့ကြသည်။ နစက ဥက္ကဋ္ဌနှင့်ဇနီးတို့က ဂုဏ်ပြုညစာစားပွဲသို့တက်ရောက်လာကြသူများအား တွေ့ဆုံနှုတ်ဆက်ပြီးနောက် မီးရှူးမီးပန်းပစ်ဖောက်နေမှုများကို ကြည့်ရှုအားပေးပြီး ညစာသုံးဆောင်ခဲ့ကြသည်။ ညစာမသုံးဆောင်ခင်နှင့် သုံးဆောင်နေချိန်တို့တွင် ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ အနုပညာရှင်များ၊ သာသနာရေးနှင့်ယဥ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနမှ အနုပညာရှင်များက ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။ ထို့နောက် ဂုဏ်ပြုဆောင်ခန်းမတွင်ပြုလုပ်သည့် ပဒေသာကပွဲအား နစက ဥက္ကဋ္ဌနှင့်ဇနီးတို့မှ ဂုဏ်ပြုညစာစားပွဲတက်ရောက်လာကြသူများနှင့်အတူ ကြည့်ရှုအားပေး၍ ဖျော်ဖြေတင်ဆက်ခဲ့သူများကို ဂုဏ်ပြုပန်းခြင်းပေးအပ်ခဲ့ကြသည်။ အဆိုပါ (၇၇)နှစ်မြောက်...

တရုပ်၏တိဘက်ဆည်စီမံကိန်းကို စိုးရိမ်ကြောင်း အိန္ဒိယက ပြောကြား

အိန္ဒိယနိုင်ငံအတွင်းသို့ စီးဝင်သော တိဗက်ဒေသရှိ Yarlung Zangbo မြစ်ကြောင်းပေါ်တွင် တရုတ်နိုင်ငံ၏ ရေအားလျှပ်စစ်ဆည်တည်ဆောက်‌ရေးစီမံကိန်းနှင့်ပတ်သက်၍ နူးဒေလီက ၎င်းတို့၏ စိုးရိမ်ပူပန်မှုများကို ပေကျင်းကို အသိပေးတင်ပြထားသည်ဟု အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက သောကြာနေ့တွင် ပြောကြားခဲ့သည်။ တိဘက်ရှိ ရေအားလျှပ်စစ်စီမံကိန်းများသည် သဘာဝပတ်ဝန်းကျင်နှင့် မြစ်အောက်ပိုင်းရေပေးဝေမှုကို ကြီးကြီးမားမား အကျိုးသက်ရောက်မှုရှိမည်မဟုတ်ဟု တရုတ်အရာရှိများက ပြောထားစေကာမူ ယင်းဆည်တမံနှင့်ပတ်သက်၍ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်တို့က စိုးရိမ်ပူပန်နေကြသည်။ တိဗက်တွင် မြစ်ဖျားခံသော Yarlung Zangbo မြစ်သည် ဗြဟ္မပုတ္တရမြစ်အဖြစ် ထွက်ခွာကာ တောင်ဘက် အိန္ဒိယနိုင်ငံ အရူနာချယ်လ် ပရာဒေ့ရှ်နှင့် အာသံပြည်နယ်များသို့ စီးဝင်ပြီး...

ဗိုလ်တထောင်စေတီ မဂ္ဂင်မြိုင်ပန်းခြံအတွင်းရှိ တိလောကသီတလ မဟာဗောဓိစေတီတော်မြတ်ကြီးအား ရွှေထီးတော်တင်လှူပူဇော်

ရန်ကုန်တိုင်း၊ ဗိုလ်တထောင်မြို့နယ်ရှိ ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်မြတ်ကြီး၏ မဂ္ဂင်မြိုင်ပန်းခြံအတွင်းတည်ထားသည့် တိလောကသီတလ မဟာဗောဓိစေတီတော်မြတ်ကြီးအား ရွှေထီးတော်တင်လှူပူဇော်ခြင်းမင်္ဂလာအခမ်းအနားကို ယနေ့ ဇန်နဝါရီ ၄ ရက်နံနက်ပိုင်းက ဆင်ယင်ကျင်းပခဲ့သည်။ အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနယကအ ဖွဲ့၊တွဲဖက်အကျိုးတော်ဆောင်၊ ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ သြဝါဒါစရိယ သာ ယာကုန်းပြာသာဒ်ကျောင်းဆရာတော်ကြီး ကြွရောက်တော်မူခဲ့သည်။ ထို့နောက် ဗိုလ်တထောင်စေတီတော်မြတ်ကြီး၏ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များနှင့် ဧည့်ပရိသတ်များက သာယာကုန်းပြာသာဒ်ကျောင်း ဆရာတော်ကြီးထံမှ သီလခံယူဆောက်တည်ကာ ကြွရောက်တော်မူလာကြသည့် ဆရာတော်၊ သံ ဃာတော်များအား ပရိတ်ရည်၊ ပရိတ်အိုး၊ ပရိတ် ချည် ပရိတ်သဲ၊ ပရိတ်ကျောက်တို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ထို့ပြင် ဆရာတော်၊ သံဃာတော်များက ပရိတ်တရားတော်များကို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071