တရုတ်နိုင်ငံရှိ မြစ်ကြောင်းတစ်ခုအတွင်း၌ ဒီဇင်ဘာ ၃၀ ရက်နေ့က စင်ကာပူနိုင်ငံအလံတင် သင်္ဘောနှင့် ဂျပန်နိုင်ငံအလံတင် သင်္ဘောတို့ တို-က်မိခဲ့ကြောင်း သိရသည်။
ဒီဇင်ဘာ ၃၀ ရက်နေ့ ည ၁၀ နာရီခန့်က Changjiang မြစ်ကြောင်းအတွင်း စင်ကာပူကုန်တင်သင်္ဘော Yangze 22 သည် ဂျပန်ကုန်သင်္ဘော Vega Dream နှင့် တို-က်မိခဲ့ခြင်းဖြစ်သည်ဟု စင်ကာပူ ရေကြောင်းနှင့် ဆိပ်ကမ်းအာဏာပိုင်အဖွဲ့(MPA) က ဒီဇင်ဘာ ၃၁ တွင် ပြောကြားခဲ့သည်။
သင်္ဘောနှစ်စင်းလုံးပေါ်ပါ သင်္ဘောသားများ ထိခိုက်ဒဏ်ရာရမှုမရှိခဲ့ဟု MPA က ပြောသည်။ အခင်းဖြစ်ခဲ့သော ကုန်သင်္ဘောအမျိုးအစားများသည် ကောက်ပဲသီးနှံများနှင့် ကျောက်မီးသွေး ကဲ့သို့ ကုန်ခြောက်များကို တင်ဆောင်သော သင်္ဘောများဖြစ်သည်။
သင်္ဘောချင်းတို-က်မိမှုကြောင့် Yangze 22 သင်္ဘော၏ ကိုယ်ထည်ပျက်စီးခဲ့ပြီး လောင်စာဆီ ၉ တန်ကျော် ယိုဖိတ်ခဲ့သည်ဟု ဆိုသည်။ လက်ရှိတွင် သင်္ဘောသည် Hengsha East Anchorage ဆိပ်ကမ်းတွင် ကျောက်ချထားကာ ပျက်စီးမှုကို စစ်ဆေးနေသည်ဟု MPA က ပြောဆိုသည်။
ရှန်ဟိုင်းရေကြောင်းလုံခြုံရေးအုပ်ချုပ်မှုအဖွဲ့(MSA) နှင့် သင်္ဘောကုမ္ပဏီတို့က ထောက်ပံ့ရေးသင်္ဘောများစေလွှတ်ကာ ရေပြင်ရှင်းလင်းရေးလုပ်ငန်းများလုပ်ဆောင်နေကြောင်း သိရသည်။
Ref: သည်စထရိတ်တိုင်းမ်စ်