တရုတ်နိုင်ငံမှမြန်မာနိုင်ငံသို့လှူဒါန်းသည့် ကိုဗစ်(၁၉) Vaccine ဆေးထိုးအပ် ၃ သန်းမူဆယ်မြို့သို့ရောက်ရှိ
မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးနှင့်ယူနန်ပြည်နယ်တို့မှ လှူဒါန်းသည့် ကိုဗစ်(၁၉) Vaccine ဆေးထိုးအပ်ခုရေ ၃ သန်းအား ဧပြီ ၂ ရက်က မူဆယ်မြို့၌ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ အရေးပေါ်လှူဒါန်းသည့် ကိုဗစ်(၁၉) Vaccine ဆေးထိုးအပ် ခုရေ ၂ သန်းနှင့် ယူနန်ပြည်နယ်မှလှူဒါန်းသည့်ဆေးထိုးအပ်ခုရေ ၁ သန်း(စုစုပေါင်း ၃ သန်း)အား မြန်မာနိုင်ငံ၏ ကျန်းမာရေးဝန်ကြီးဌာနသို့ လှူဒါန်းခဲ့ခြင်းဖြစ်သည်။
တရုတ်နိုင်ငံမှအရေးပေါ်လှူဒါန်းသည့် ဆေးထိုးအပ်ခုရေ ၃ သန်းသည် မြန်မာနိုင်ငံ၏ Vaccine ဆေးထိုးအပ်လိုအပ်နေမှုအားလျော့နည်းစေကာ ဆေးထိုးနှံမှုကို အရှိန်မြှင့်ရန် အားဖြည့်ပေးကာ ခုခံအားအကာအကွယ်ပိုမိုရရှိလာမည်ဖြစ်ကြောင်း သိရသည်။
ကိုဗစ်(၁၉)ရောဂါ ဖြစ်ပွားချိန်မှစ၍ တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ Vaccine ၊ အောက်ဆီဂျင်စက်နှင့် နှာခေါင်းစည်းများလှူဒါန်းပေးခဲ့ပြီး လက်ရှိအချိန်အထိ ၄၁ သန်းကျော်ထောက်ပံ့လှူဒါန်းပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။