ငလျင်ဒဏ်သင့်ဒေသများသို့ ကူညီထောက်ပံ့ရန် တရုတ်နိုင်ငံမှ ဓာတ်ဆီ၊ ဒီဇယ်ဆီ တန်ချိန်ငါးသောင်း ကူညီထောက်ပံ့မည်ဖြစ်ကြောင်း သိရသည်။
ဧပြီ (၂၆) ရက်တွင် ပြုလုပ်ခဲ့သည့် အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ (၃/၂၀၂၅) အစည်းအဝေးမှ သိရသည်။
တရုတ်နိုင်ငံမှ ကူညီထောက်ပံ့သည့် စက်သုံးဆီ (ဓာတ်ဆီ၊ ဒီဇယ်ဆီ) တန်ချိန် (၅)သောင်းသည် မကြာမီ ရောက်ရှိလာမည်ဖြစ်ပြီး ရောက်ရှိပါက ဖြန့်ခွဲအသုံးပြုမည့် လျာထားချက်ကိုလည်း စွမ်းအင်ဝန်ကြီးဌာနက ကြိုတင် တင်ပြရန် နစကဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက အစည်းအဝေးတွင် ပြောကြားခဲ့သည်။
ထို့ပြင် လိုအပ်သလို ရေကြောင်းခရီးဖြင့် ရောက်ရှိလာမည့် Container Modular များနှင့် အခြားသော ထောက်ပံ့ရေးပစ္စည်းများအား ကုန်ရထားဖြင့် ရန်ကုန်မှနေပြည်တော်၊ မန္တလေးထိ ပို့ဆောင်နိုင်ရေးကိုလည်း ပို့ဆောင်ဆက်သွယ်ရေးလုပ်ငန်းကော်မတီနှင့် လှူဒါန်းသည့်ပစ္စည်းများ လက်ခံ၊ ဖြန့်ဝေရေး လုပ်ငန်းကော်မတီတို့မှ ပေါင်းစပ်ညှိနှိုင်းဆောင် ရွက်သွားရန်လိုကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့သ ည်။
