Saturday, December 21, 2024

မြန်မာအသင်း ဗီယက်နမ်ကို ဂိုးပြတ်ရှုံးကာ အာဆီယံမစ်ဆူဘီရှီ...

အာဆီယံမစ်ဆူဘီရှီ ဖလားပြိုင်ပွဲ အုပ်စုအဆင့်နောက်ဆုံးပွဲစဉ်ကို ယနေ့ ဒီဇင်ဘာ (၂၁)ရက် ည(၇)ခွဲ အချိန်၌ မြန်မာ နှင့် ဗီယက်နမ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာအသင်းက...

အေးချမ်းသည့်ဆောင်းရာသီ၌ စောင်အထည် (၂၀၀၀)လှူဒါန်းခဲ့သည့် “ထိုက်သူပန်”တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး

နေပြည်တော်ရှိ "ထိုက်သူပန်"တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးမှ ယနေ့ ဒီဇင်ဘာ ၂၁ ရက်ညနေ ၄ နာရီက နေပြည်တော်အနီးတစ်ဝိုက်ရှိ ဆောင်းရာသီ၌စောင်လိုအပ်နေသူများအတွက် (၄)နှစ် မြောက်အဖြစ် စောင်အထည်(၂၀၀၀)ကိုလှူဒါန်းပေးခဲ့ကြောင်း...

နိုင်ငံ၏လျှပ်စစ်ဓာတ်အားလိုအပ်ချက်အတွက် ၅၅ ရာခိုင်နှုန်းခန့်သာ ထုတ်လုပ်ပေးနိုင်လျက်ရှိ

နိုင်ငံအတွင်းရှိ နေရာအနှံ့၌ လျှပ်စစ်ဓာတ်အားပြတ်တောက်ချိန်များပြားကြာမြင့်လာခြင်းနှင့်ပတ်သက်၍ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ရှင်းလင်းထုတ်ပြန်အသိပေးခဲ့ခြင်းဖြစ်သည်။ နိုင်ငံ၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်မှာ နှစ်စဉ် (၉)ရာခိုင်နှုန်းခန့် တိုးတက်သုံးစွဲလျက်ရှိပြီး လျှပ်စစ်မီးသုံးစွဲသူများ၏ တစ်ရက်အတွက် လျှပ်စစ်ဓာတ်အားပျမ်းမျှလိုအပ်ချက်မှာ (၄၄၀၀)မဂ္ဂါဝပ်ဖြစ်သော်လည်း...

ကမ္ဘာ့ပထမဆုံး အာကာသဆာကေး အရက် ဂျပန်...

ဂျပန်ဆာကေး ယမကာချက်လုပ်သော ကုမ္ပဏီတစ်ခုသည် ကမ္ဘာ့ပထမဆုံး အာကာသဆာကေး အရက်ချက်ရန် ကြိုးပမ်းမည်ဖြစ်ပြီး တစ် ပုလင်း သာ ထုတ်လုပ်ကာ ယင်းကို ရောင်းချ၍ရရှိသည့်...
HomeInternationalတရုတ်နိုင်ငံ၏ ရာသီဥတုရည်မှန်းချက်များပြည့်မီရန် ရင်းနှီးမြှုပ်နှံမှုဒေါ်လာ...

တရုတ်နိုင်ငံ၏ ရာသီဥတုရည်မှန်းချက်များပြည့်မီရန် ရင်းနှီးမြှုပ်နှံမှုဒေါ်လာ ၁၇ ထရီလီယံလိုအပ်ဟုကမ္ဘာ့ဘဏ်ဆို

ဝါရှင်တန်၊အောက်တိုဘာ ၁၃

တရုတ်နိုင်ငံသည် ၂၀၆၀ ပြည့်နှစ်တွင် အသား တင်ဓာတ်ငွေ့ထုတ်လွှတ်မှုလုံးဝကင်းစင်သွားစေရန် စွမ်းအင်နှင့်သယ်ယူပို့ဆောင်ရေးကဏ္ဍများတွင် စိမ်းလန်းသောအဆောက်အဦနှင့် နည်းပညာအတွက်ထပ်လောင်းရင်းနှီးမြှုပ်နှံမှုများပြုလုပ်နိုင်ရန် ကန်ဒေါ်လာ ၁၇ ထရီလီယံအထိလိုအပ်ကြောင်း တရုတ်နိုင်ငံ၏ ရာသီဥတုနှင့်ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ စိန်ခေါ်မှုများ၏ ကမ္ဘာ့ဘဏ်အစီရင်ခံစာသစ်တွင်ဖော်ပြထားသည်။

ကမ္ဘာ့ဒုတိယစီး ပွားရေး အင်အား အကြီးဆုံး နိုင်ငံဖြစ်သောတရုတ်သည် ကြီးမားသောဈေးနှုန်းကိုကာမိစေရန်နှင့် လိုအပ်သောတီထွင်ဆန်းသစ်မှုများကို ထုတ်လုပ်ရန်ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုများ လိုအပ်မည်ဖြစ်ကြောင်း နိုင်ငံ၏ရာသီဥတုနှင့် ဖွံ့ဖြိုးတိုးတက်မှုအစီရင်ခံစာတစ်ခုကပြောကြားခဲ့သည်။

ရာသီဥတုဖောက်ပြန်မှုသည် တရုတ်နိုင်ငံအတွက် သိသာထင်ရှားသောခြိမ်းခြောက်မှုတစ်ခုဖြစ်ပြီး အထူးသဖြင့် ၎င်း၏လူဦးရေထူထပ်ပြီးစီးပွားရေးအရအရေးပါသော အနိမ့်ပိုင်းရှိကမ်းရိုးတန်းမြို့များတွင်ပိုမိုဆိုးရွားသည်။ မတည်ငြိမ်သော ရာသီဥတုဖောက်ပြန်မှုကြောင့် ၎င်း၏စီးပွားရေးထွက်ကုန်အား ၂၀၃၀ ပြည့်နှစ်အစောပိုင်းတွင် ၀ ဒသမ ၅ ရာခိုင်နှုန်းမှ ၂ ဒသမ ၃ ရာခိုင်နှုန်းအထိ လျော့ကျစေခဲ့ကြောင်း အောက်တိုဘာ ၁၂ ရက် ဗုဒ္ဓဟူးနေ့တွင်ထုတ်ပြန်သည့် အစီရင်ခံစာအရသိရှိရသည်။

တရုတ်နိုင်ငံ၏ရေရှည်တိုးတက်မှုအလားအလာသည် အခြေခံအဆောက်အဦရင်းနှီးမြှုပ်နှံမှုမှ ဆန်းသစ်တီထွင်မှု၊ပို့ကုန်မှပြည်တွင်းစားသုံးမှုများအား စီးပွားရေးကိုပြန်လည်ချိန်ညှိခြင်းနှင့် နိုင်ငံတော်က ဦးဆောင်၍ အရင်းအမြစ်များခွဲဝေပေးသည့် ဈေးကွက်၏အပေါ်မှီခိုနေရသည် ဟုလည်း ကမ္ဘာ့ဘဏ်၏ အရှေ့အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာ ဒုတိယဥက္ကဌ Manuela Ferro ကပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည်ကာဗွန်နည်းသော စီးပွားရေးစနစ်သို့မကူးပြောင်းပဲ ကမ္ဘာ့ရာသီဥတုမျှော်မှန်းချက်ပန်းတိုင်သို့ ရောက်ရှိရန်မဖြစ်နိုင်ကြောင်း အစီရင်ခံစာတွင်ဖော်ပြထားပြီး တရုတ်နိုင်ငံအနေဖြင့် ကမ္ဘာ့ကာဗွန်ဒိုင်အောက်ဆိုဒ် ၂၇ ရာခိုင်နှုန်းနှင့် ကမ္ဘာ့ဖန်လုံအိမ်ဓာတ်ငွေ့သုံးပုံတစ်ပုံကိုထုတ်လွှတ်ကြောင်းလည်းဖော်ပြထားသည်။

ယခုအပြောင်းအလဲတွင် ကြီးမားသည့်အရင်းအမြစ်အပြောင်းအလဲများ၊ဆန်းသစ်တီထွင်မှုများ၊စွမ်းအင်ထိရောက်မှုနှင့်ကုန်ထုတ်စွမ်းအားအရင်းအမြစ်မြှင့်တင်ရန်ကြီးမားသော ပြောင်းလဲမှုနှင့်နည်းပညာသစ်များလည်းလိုအပ်လိမ့်မည်” ဟုအစီရင်ခံစာကဆိုသည်။

သို့သော်တရုတ်၏ကာဗွန်မျှခြေလမ်းကြောင်းကိုသေချာစေရန်အတွက် ပုဂ္ဂလိကကဏ္ဍမှပူးပေါင်းပါဝင်မှုသည် အရေးကြီးသည် ဟုဆိုကာ ပိုမိုခန့်မှန်းနိုင်သော စည်းမျဉ်းစည်းကမ်းဝန်းကျင်တစ်ခုနှင့် ဈေးကွက်နှင့်ဘဏ္ဍာရေးဆိုင်ရာ ပိုမိုကောင်းမွန်သောလက်လှမ်းမီမှုအတွက် လိုအပ်ကြောင်းလည်းအလေးပေးဖော်ပြခဲ့သည်။

Source : Reuters

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာအသင်း ဗီယက်နမ်ကို ဂိုးပြတ်ရှုံးကာ အာဆီယံမစ်ဆူဘီရှီ ဖလားပြိုင်ပွဲမှ ထွက်ခွာရ

အာဆီယံမစ်ဆူဘီရှီ ဖလားပြိုင်ပွဲ အုပ်စုအဆင့်နောက်ဆုံးပွဲစဉ်ကို ယနေ့ ဒီဇင်ဘာ (၂၁)ရက် ည(၇)ခွဲ အချိန်၌ မြန်မာ နှင့် ဗီယက်နမ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာအသင်းက (၅)ဂိုးပြတ်ဖြင့် ရှူံးနိမ့်ခဲ့ရသည်။ ယနေ့ ပွဲစဉ်အတွင်း ပထမပိုင်းပွဲပြီးချိန်အထိ နှစ်ဘက်အသင်း သွင်းဂိုးမရရှိဘဲ ဒုတိယပိုင်း ပွဲချိန်၌ ဗီယက်နမ်အသင်း က (၅)ဂိုး သွင်းယူကာ အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ဗီယက်နမ်အသင်းသည် ဆီးမီးဖိုင်နယ်သို့ တက်ရောက်သွားပြီဖြစ်ပြီး မြန်မာအသင်းမှာ အုပ်စုအဆင့်မှသာ အိမ်ပြန်ခဲ့ရခြင်းဖြစ်သည်။ အာဆီယံ မစ်ဆူဘီရှီဖလား ပြိုင်ပွဲအုပ်စု (ဘီ)တွင် အင်ဒိုနီးရှားအသင်းက ရမှတ် (၄)မှတ်ဖြင့် အုပ်စုတွင်းထိပ်ဆုံးနေရာတွင်...

အေးချမ်းသည့်ဆောင်းရာသီ၌ စောင်အထည် (၂၀၀၀)လှူဒါန်းခဲ့သည့် “ထိုက်သူပန်”တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး

နေပြည်တော်ရှိ "ထိုက်သူပန်"တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးမှ ယနေ့ ဒီဇင်ဘာ ၂၁ ရက်ညနေ ၄ နာရီက နေပြည်တော်အနီးတစ်ဝိုက်ရှိ ဆောင်းရာသီ၌စောင်လိုအပ်နေသူများအတွက် (၄)နှစ် မြောက်အဖြစ် စောင်အထည်(၂၀၀၀)ကိုလှူဒါန်းပေးခဲ့ကြောင်း သိရသည်။ ထိုသို့ လှူဒါန်းရာ၌ လူကြီး၊ ကလေ-း(လမ်း လျှောက်အလှူခံနိုင်သူ)အားလုံးကို တစ်ဦးလျင်စောင်တထည်စီလှူဒါန်းပေးခြင်းဖြစ်ပြီး ကိုယ် စားအလှူခံခြင်းများကို ခွင့်ပြုလှူဒါန်းပေးခဲ့ခြင်းမရှိကြောင်း သိရသည်။ " ဒီနှစ်ဆောင်းက နည်းနည်းပိုအေးတော့ တချို့တွေက အချမ်းဒဏ်ကိုပိုခံစားနေရပါတယ်။ "ထိုက်သူပန်"အနေနဲ့က နှစ်စဉ်ဒီလိုအချိန်ကာလရောက်တိုင်း အနွေးစောင်တွေကိုလှူဒါန်းပေးလာခဲ့တာ(၄)နှစ်ကျော်လာပါပြီ။ ဒီနှစ်မှာလည်း လှူချင်လွန်းလို့ကို စောင်တွေကြိုဝယ်ထားလိုက်တာပါ။ နှစ်စဉ် ဒီဇင်ဘာလရောက်တိုင်းလှူဒါန်းပေးနေတာ(၄)နှစ်ရှိပါပြီ။ ပထမနှစ်နဲ့ဒုတိယနှစ်ကစောင်(၁၀၀၀)၊ တတိယနှစ်ကစောင်(၁၂၀၀)၊ ဒီနှစ်ကစောင်(၂၀၀၀)ပါ"ဟု ထိုက်သူပန်...

နိုင်ငံ၏လျှပ်စစ်ဓာတ်အားလိုအပ်ချက်အတွက် ၅၅ ရာခိုင်နှုန်းခန့်သာ ထုတ်လုပ်ပေးနိုင်လျက်ရှိ

နိုင်ငံအတွင်းရှိ နေရာအနှံ့၌ လျှပ်စစ်ဓာတ်အားပြတ်တောက်ချိန်များပြားကြာမြင့်လာခြင်းနှင့်ပတ်သက်၍ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ရှင်းလင်းထုတ်ပြန်အသိပေးခဲ့ခြင်းဖြစ်သည်။ နိုင်ငံ၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်မှာ နှစ်စဉ် (၉)ရာခိုင်နှုန်းခန့် တိုးတက်သုံးစွဲလျက်ရှိပြီး လျှပ်စစ်မီးသုံးစွဲသူများ၏ တစ်ရက်အတွက် လျှပ်စစ်ဓာတ်အားပျမ်းမျှလိုအပ်ချက်မှာ (၄၄၀၀)မဂ္ဂါဝပ်ဖြစ်သော်လည်း လက်ရှိအချိန်တွင် လိုအပ်ချက်ထက် တစ်ရက်ပျမ်းမျှ(၂၄၀၀) မဂ္ဂါဝပ်ခန့်သာထုတ်လုပ်နိုင်၍ လိုအပ်ချက်၏ (၅၅)ရာခိုင်နှုန်းခန့်သာ ထုတ်လုပ်ပေးနိုင်လျက်ရှိသည်ဟု အသိပေးခဲ့သည်။ ထိုသို့ လျော့နည်းနေရခြင်းမှာ ၂၃၀ ကေဗွီ၊ ၁၃၂ ကေဗွီ ဓာတ်အားလိုင်းများဖျက်ဆီးခံရမှုကြောင့် ရေအားလျှပ်စစ်စက်ရုံများနှင့် အပူစွမ်းအင်သုံးစက်ရုံများမှ စွမ်းအားပြည့်ဓာတ်အားပို့လွှတ်ဖြန့်ဖြူးနိုင်မှုမရှိခြင်း၊ သဘာဝဘေးအန္တရာယ်ကြောင့် ဓာတ်အားထုတ်လုပ်နိုင်ခြင်းမရှိသည့် ဓာတ်အားပေးစက်ရုံများရှိခြင်း၊ ဓာတ်ငွေ့ခွဲတမ်းလျော့နည်းရရှိမှုများအရ တပ်ဆင်ထားသောစက်များ၏ စက်စွမ်းအားပြည့်လည်ပတ်နိုင်မှုမရှိခြင်းတို့ကြောင့်ဖြစ်သည်ဟု ရှင်းလင်းထုတ်ပြန်ခဲ့သည်။ ထို့ကြောင့် ဖျက်ဆီးခံရသည့် လျှပ်စစ်ဓာတ်အားလိုင်းများနှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071