Saturday, November 16, 2024

မတ်ပဲနှင့် ပဲစင်းငုံဈေး ဆက်တိုက်ကျဆင်းလာ

နိုင်ငံခြားငွေလဲလှယ်နှုန်းကျဆင်းချိန်နှင့် အိန္ဒိယဝယ်လိုအား နည်းနေသည့်အတွက် မတ်ပဲနှင့် ပဲစင်းငုံဈေး ဆက်တိုက်ကျဆင်းလာကြောင်း ပဲဈေးကွက်အတွင်းမှ သိရသည်။ မတ်ပဲနှင့် ပဲစင်းငုံသည် အိန္ဒိယမှ အဓိကဝယ်ယူခြင်းဖြစ်ပြီး ယခုရက်ပိုင်းအတွင်း ဒေါ်လာဈေး...

ရန်ကုန် – မန္တလေး ရထားလမ်းပိုင်းရှိ...

ရန်ကုန် - မန္တလေး ရထားလမ်းပိုင်း စမုံဘူတာနှင့် သပြေတောင်းဘူတာကြားရှိ စမုံတံတား ပြန်လည်မွမ်းမံပြင်ဆင်မည်ဖြစ်၍ နိုဝင်ဘာ (၁၈) ရက်နှင့် (၁၉) ရက်တွင်...

မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆန်တန်ချိန် (၂)...

မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံအစိုးရတို့အကြား ဆန်ရောင်းဝယ်မှုဆိုင်ရာ သဘောတူညီမှု MoU အရ ၂၀၂၄ -၂၀၂၅ ခုနှစ်အတွင်း မြန်မာနိုင်ငံမှဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ဆန်တန်ချိန် (၂)သိန်း တင်ပို့နိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို...

အမေရိက က အပစ်အခတ်ရပ်စဲရေးကမ်းလှမ်း

ဘေရွတ်၊နိုဝင်ဘာ ၁၅ လက်ဘနွန် ပါလီမန် ဥက္ကဌ က လက်ဘနွန်၌ အပစ်အခတ်ရပ်စဲရေးဖော်ဆောင်ရန် အမေရိကဘက်မှကမ်းလှမ်းသည့် ကမ်းလှမ်းမှုကို လက်ခံရရှိခဲ့ကြောင်းအတည်ပြုခဲ့ပြီး အပြုသဘောဆောင်သည့်အငွေ့အသက်များခံစားရသည်ဟုလည်းဆိုခဲ့သည်။ "လက်ရှိအချိန်မှာ အခြေအနေကတိုးတက်‌ေနတယ်။ အခြေအနေကလည်း...
HomeInternationalတရုတ်နှင့်စင်္ကာတို့ ယခုလအတွင်းပူးတွဲ စစ်ရေးလေ့ကျင့်မှုပြုလုပ်မည်

တရုတ်နှင့်စင်္ကာတို့ ယခုလအတွင်းပူးတွဲ စစ်ရေးလေ့ကျင့်မှုပြုလုပ်မည်

ပေကျင်း၊နိုဝင်ဘာ ၁၅

တရုတ်နှင့်စင်္ကာပူတို့၏ နှစ်နိုင်ငံစစ်တပ်များသည် ယခုလနှောင်းပိုင်းတွင် တရုတ်နိုင်ငံအလယ်ပိုင်း ဟိုင်နန်ပြည်နယ်၌ ပူးတွဲစစ်ရေးလေ့ကျင့်မှုပြုလုပ်မည်ဖြစ်ကြောင်း တရုတ်ကာကွယ်ရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူကပြောကြားခဲ့သည်။

အဆိုပါပြောရေးဆိုခွင့်ရှိသူက ယခုတစ်ကြိမ်ပြုလုပ်သည့် စစ်ရေးလေ့ကျင့်မှုသည်ပူးတွဲ မြို့ပြအကြမ်းဖက်မှုနှိမ်နင်းရေးလုပ်ငန်းများဆောင်ရွက်သည့်ပုံစံဖြင့်နှစ်စဉ်လေ့ကျင့်နေကျပုံစံအတိုင်း နှစ်ဖက်အစိုးရသဘောတူညီမှုဖြင့်လုပ်မည်ဖြစ်ကြောင်းလည်းပြောကြားခဲ့သည်။

ယခုစစ်ရေးလေ့ကျင့်မှုသည် တပ်မတော်နှစ်ရပ်အကြား လက်တွေ့ကျသည့်ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြင့်စေကာ အကြမ်းဖက်မှုတန်ပြန်နှိမ်နင်းရေးစစ်ဆင်ရေးများ၌ ၎င်းတို့၏စွမ်းရည်များ မြင့်မားလာစေရန် ရည်ရွယ်ခြင်းဖြစ်သည်ဟုလည်းဆိုခဲ့သည်။

စင်္ကာပူ – တရုတ် စစ်ရေးလေ့ကျင့်မှုသည် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှု စီမံချက်တစ်ခုဖြစ်ပြီး ယခုနှစ်လေ့ကျင့်မှုသည် ခြောက်ကြိမ်မြောက်လေ့ကျင့်ခြင်းဖြစ်သည်ဟုလည်းသိရသည်။

Source : ရှင်းဟွာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မတ်ပဲနှင့် ပဲစင်းငုံဈေး ဆက်တိုက်ကျဆင်းလာ

နိုင်ငံခြားငွေလဲလှယ်နှုန်းကျဆင်းချိန်နှင့် အိန္ဒိယဝယ်လိုအား နည်းနေသည့်အတွက် မတ်ပဲနှင့် ပဲစင်းငုံဈေး ဆက်တိုက်ကျဆင်းလာကြောင်း ပဲဈေးကွက်အတွင်းမှ သိရသည်။ မတ်ပဲနှင့် ပဲစင်းငုံသည် အိန္ဒိယမှ အဓိကဝယ်ယူခြင်းဖြစ်ပြီး ယခုရက်ပိုင်းအတွင်း ဒေါ်လာဈေး ဆက်တိုက်ပြန်ကျလာခြင်းကြောင့် ပို့ကုန် ပဲဈေးကွက်အပေါ် သက်ရောက်မှု ရှိလာကြောင်း သိရသည်။ ပြီးခဲ့သည့် အောက်တိုဘာ နောက်ဆုံးပတ်တွင် တစ်တန်လျှင် ကျပ် (၃၈) သိန်းကျော်တက်ခဲ့သည့် မတ်ပဲဈေးသည် နိုဝင်ဘာ (၁၃) ရက်တွင် တစ်တန်လျှင် ကျပ် (၃၅) သိန်း (၇) ‌သောင်းအထိ ပြန်ကျလာကြောင်း ကုန်သည်များ၏ပြောပြချက်အရ သိရသည်။ အလားတူ ပဲစင်းငုံဈေးသည်လည်း...

ရန်ကုန် – မန္တလေး ရထားလမ်းပိုင်းရှိ စမုံတံတား ပြန်လည်မွမ်းမံပြင်ဆင်မည်ဖြစ်၍ ရထားလမ်းပိုင်း ယာယီပိတ်ထားမည်

ရန်ကုန် - မန္တလေး ရထားလမ်းပိုင်း စမုံဘူတာနှင့် သပြေတောင်းဘူတာကြားရှိ စမုံတံတား ပြန်လည်မွမ်းမံပြင်ဆင်မည်ဖြစ်၍ နိုဝင်ဘာ (၁၈) ရက်နှင့် (၁၉) ရက်တွင် ရထားလမ်းပိုင်း ယာယီပိတ်ထားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။ တိုင်ဖွန်းမုန်တိုင်း “ယာဂီ” ၏ အရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ရေတိုက်စားမှုကြောင့် ပျက်စီးသွားသည့် မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ် စမုံနှင့်သပြေတောင်းကြား အဆန်ရထားလမ်း တံတားအမှတ် (၆၉၁) ၏ ကမ်းကပ်ခုံရေတိုက်စားခံရမှု အပေါ် ပေ (၆၀) ဘေလီ သံပေါင်ဖြ င့် ယာယီအစားထိုးဆောင်ရွက်ခဲ့ပြီး ယခုအခါ...

မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆန်တန်ချိန် (၂) သိန်း ထပ်မံတင်ပို့နိုင်ရေး ဆွေးနွေး

မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံအစိုးရတို့အကြား ဆန်ရောင်းဝယ်မှုဆိုင်ရာ သဘောတူညီမှု MoU အရ ၂၀၂၄ -၂၀၂၅ ခုနှစ်အတွင်း မြန်မာနိုင်ငံမှဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ဆန်တန်ချိန် (၂)သိန်း တင်ပို့နိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာလ (၁၃)ရက်၊ ညနေပိုင်းက Online ဖြင့်ပြုလုပ်ခဲ့ကြောင်း မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့မှ သိရသည်။ အစည်းအဝေးတွင် မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆန်တန်ချိန်(၂)သိန်း ထပ်မံတင်ပို့နိုင်ရန် အရောင်းအဝယ်စာချုပ်(Sale Contract)စာချုပ်ချုပ်ဆိုနိုင်ရေးအတွက် ဈေးနှုန်းဆိုင်ရာ ကိစ္စရပ်များအား အသေးစိတ်ညှိနှိုင်းခဲ့ကြကြောင်း သိရသည်။ အဆိုပါ အစည်းအဝေးသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့၊ညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှဥက္ကဋ္ဌနှင့်တကွ တာဝန်ရှိသူများ၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071