Sunday, December 22, 2024

သြစတြေးလျတွင် တောမီးမထိန်းနိုင်၍ လူရာနှင့်ချီကို ဘေးလွတ်ရာ...

သြစတြေးလျနိုင်ငံ ဗစ်တိုးရီးယားပြည်နယ်တွင် လောင်ကျွမ်းနေသည့် တောမီးသည် စနေနေ့တွင် ထိန်းချုပ်နိုင်ခြင်းမရှိတော့သည့်အတွက် အန္တရာယ်မြင့်မားသော အခြေအနေတွင်ရှိနေသော ပြည်နယ်အနောက်ပိုင်းရှိ ဒေသခံရာနှစ်ချီကို ဘေးလွတ်ရာရွှေ့ပြောင်းရန် အာဏာပိုင်များက အမိန့်ထုတ်ခဲ့သည်။ ပြည်နယ်မြို့တော်...

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၅...

နိုင်ငံတော်အစိုးရမှ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၅ ခုနှစ်အတွင်း အများပြည်သူနှင့် နိုင်ငံ့ဝန်ထမ်းများ ခရီးသွားလာမှုလွယ်ကူစေရန်နှင့် ရက်ရှည်အနားယူအပန်းဖြေနိုင်စေရန် ရည်ရွယ်၍ ရုံးဖွင့်ရက်တချို့အား တစ်ဆက်တည်းပိတ်၍...

မြန်မာအသင်း ဗီယက်နမ်ကို ဂိုးပြတ်ရှုံးကာ အာဆီယံမစ်ဆူဘီရှီ...

အာဆီယံမစ်ဆူဘီရှီ ဖလားပြိုင်ပွဲ အုပ်စုအဆင့်နောက်ဆုံးပွဲစဉ်ကို ယနေ့ ဒီဇင်ဘာ (၂၁)ရက် ည(၇)ခွဲ အချိန်၌ မြန်မာ နှင့် ဗီယက်နမ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာအသင်းက...

အေးချမ်းသည့်ဆောင်းရာသီ၌ စောင်အထည် (၂၀၀၀)လှူဒါန်းခဲ့သည့် “ထိုက်သူပန်”တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး

နေပြည်တော်ရှိ "ထိုက်သူပန်"တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးမှ ယနေ့ ဒီဇင်ဘာ ၂၁ ရက်ညနေ ၄ နာရီက နေပြည်တော်အနီးတစ်ဝိုက်ရှိ ဆောင်းရာသီ၌စောင်လိုအပ်နေသူများအတွက် (၄)နှစ် မြောက်အဖြစ် စောင်အထည်(၂၀၀၀)ကိုလှူဒါန်းပေးခဲ့ကြောင်း...
HomeInternationalတရုတ်နှင့်ရုရှားနိုင်ငံခြားရေးဝန်ကြီးတို့ ကမ္ဘောဒီးယားတွင်တွေ့ဆုံ

တရုတ်နှင့်ရုရှားနိုင်ငံခြားရေးဝန်ကြီးတို့ ကမ္ဘောဒီးယားတွင်တွေ့ဆုံ

တရုတ်နှင့်ရုရှားနိုင်ငံခြားရေးဝန်ကြီးတို့ ကမ္ဘောဒီးယားတွင်တွေ့ဆုံ

ဖနွမ်းပင်၊ဩဂုတ် ၇

တရုတ်နိုင်ငံ‌တော်ကောင်စီဝင်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် အရှေ့အာရှပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နိုင်ငံခြားရေး၀န်ကြီးများ အစည်းအဝေးပြင်ပ၌ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလားရော့ဗ်နှင့် သောကြာနေ့ကတွေ့ဆုံခဲ့သည်။

အစည်းအဝေးတွင် မဟာဗျူဟာမြောက် ညှိနှိုင်းဆောင်ရွက်မှုကို ထိန်းသိမ်းရန်နှင့် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် နှစ်ဖက်စလုံးက သဘောတူညီခဲ့ကြသည်။မစ္စတာဝမ်ယိကမူ ထိုင်ဝမ်ကိစ္စအတွက် တရုတ်နိုင်ငံ၏ တရားဝင်ရပ်တည်ချက်ကို အခိုင်အမာ ရှင်းလင်းပြောကြားခဲ့သည်။

တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲမှုကိုထိပါးသည့် လုပ်ရပ်တိုင်းကိုဆန့်ကျင်ကာ တရုတ်တစ်ပြည်တည်းမူဝါဒအပေါ် အားပေးထောက်ခံရပ်တည်ပေးခဲ့သည့် ရုရှား၏ရပ်တည်ချက်အတွက် ကျေးဇူးတင်ရှိကြောင်းပြောကြားကာ နှစ်နိုင်ငံကြားမဟာဗျူဟာမြောက် ညှိနှိုင်းဆောင်ရွက်မှုကိုသက်သေပြခဲ့သည်။

ရေရှည်တည်တံ့သော လုံခြုံရေးနှင့်ဖွံ့ဖြိုးတိုးတက်မှုတို့ကို ပိုမိုထိရောက်စွာရရှိရန် နိုင်ငံတကာဥပဒေအရ ချမှတ်ထားသောစနစ်အားကုလသမဂ္ဂနှင့် ပိုမိုခိုင်မာစွာကာကွယ်ရန် ရုရှားနဲ့အတူ လက်တွဲဆောင်ရွက်ဖို့ တရုတ်နိုင်ငံကအဆင်သင့်ရှိကြောင်းလည်းဝမ်ကပြောကြားခဲ့သည်။

လက်ရှိအခြေအနေအရ တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံတို့သည် ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှုကို ပူးတွဲမြှင့်တင်သည့်အနေဖြင့် ကိုဗစ်တိုက်ဖျက်ရေး၊ ကျန်းမာရေး၊ ပို့ဆောင်ဆက်သွယ်ရေး၊ ဒစ်ဂျစ်တယ်စီးပွားရေးကဏ္ဍများတွင်သာမက ဒေသတွင်းစက်မှုလုပ်ငန်းနှင့် ထောက်ပံ့ရေးကွင်းဆက်များ တည်ဆောက်ခြင်းတို့တွင် အပြန်အလှန်အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှုကိုတောင်းဆိုကြောင်း ဝမ်ကပြောကြားခဲ့သည်။

ထို့ပြင် တရုတ်နှင့်ရုရှားတို့အနေဖြင့် အင်ဒိုပစိဖိတ်ဒေသလွတ်လပ်မှုအတွက် အာဆီယံ၏ ရှုမြင်သုံးသပ်ချက် နှင့် ချဉ်းကပ်မှုကို အားပေးထောက်ခံသင့်ကြောင်းလည်းဝမ်ကဆိုသည်။

တစ်နိုင်ငံတည်းကိုဗဟိုပြု လွှမ်းမိုးချုပ်ကိုင်ထားသောလုံခြုံရေးစနစ်ထက် ကုလသမဂ္ဂပဋိညာဉ်စာတမ်းပါရည်ရွယ်ချက်များနှင့်မူများအပေါ်အခြေခံကာ ဘက်စုံပူးပေါင်းဆောင်ရွက်ရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲသော လုံခြုံရေးအမြင်ကို အကောင်အထည်ဖော်ဖို့ ဒေသတွင်းရှိနိုင်ငံများအား လမ်းညွှန်ရန်လည်းအရေးကြီးသည်ဟုဝမ်ကဆိုသည်။

တရုတ်နှင့်ရုရှားသည် ရပ်ဝန်းနှင့်လမ်းမစီမံကိန်း နှင့် ယူရေးရှားစီးပွားရေးသမဂ္ဂ (EEU) အကြားထားရှိသော ပူးပေါင်းဆောင်ရွက်မှုကိုခိုင်မာအောင် ဆောင်ရွက်ပြီး ယူရေးရှားတိုက်ကြီး၏ စည်းလုံးညီညွတ်မှု၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် သာယာဝပြောရေးကို မြှင့်တင်ရန်အတွက်နှစ်ဦးနှစ်ဖက်အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေကာ ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်ရေးကို လမ်းကြောင်းမှန်ပေါ် ပို့ဆောင်သင့်သည်ဟုလည်းဆိုသည်။

အမေရိကန်ပြည်ထောင်စုသည် နိုင်လိုမင်းထက်ပြုကျင့်သည့် အလေ့အထရှိပြီး ၎င်း၏ ဩဇာလွှမ်းမိုးလိုသော မူဝါဒများက နိုင်ငံတကာသဘောတူညီမှုနှင့် ဆန့်ကျင်လျက် အနာဂတ်မရှိနိုင်တော့သလိုဖြစ်နေသည် ဟုမစ္စတာလားရော့ဗ်ကဆိုခဲ့သည်။

ရုရှားသည် နိုင်ငံတကာဥပဒေနှင့် ကုလသမဂ္ဂပဋိညာဉ်စာတမ်းပါ ရည်ရွယ်ချက်များနှင့် အခြေခံမူများကို လိုက်နာရန် တရုတ်နဲ့လက်တွဲလုပ်ဆောင်ရန် အသင့်ရှိကြောင်းလည်း၎င်းကပြောကြားခဲ့သည်။

ဘရာဇီး၊ရုရှား၊အင်ဒီးယား၊တရုပ်နှင့်တောင်အာဖရိက (BRICS) ပူးပေါင်းဆောင်ရွက်မှု၊ အီရန်နျူကလီးယားအရေးနှင့် ကိုရီးယားကျွန်းဆွယ်အခြေအနေများကဲ့သို့သောနိုင်ငံတကာနှင့် ဒေသတွင်းကိစ္စရပ်များအပေါ်၌လည်း နှစ်ဖက်အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်ဟုသိရှိရသည်။

Source – Khmer Times

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

သြစတြေးလျတွင် တောမီးမထိန်းနိုင်၍ လူရာနှင့်ချီကို ဘေးလွတ်ရာ ရွှေ့ခိုင်း

သြစတြေးလျနိုင်ငံ ဗစ်တိုးရီးယားပြည်နယ်တွင် လောင်ကျွမ်းနေသည့် တောမီးသည် စနေနေ့တွင် ထိန်းချုပ်နိုင်ခြင်းမရှိတော့သည့်အတွက် အန္တရာယ်မြင့်မားသော အခြေအနေတွင်ရှိနေသော ပြည်နယ်အနောက်ပိုင်းရှိ ဒေသခံရာနှစ်ချီကို ဘေးလွတ်ရာရွှေ့ပြောင်းရန် အာဏာပိုင်များက အမိန့်ထုတ်ခဲ့သည်။ ပြည်နယ်မြို့တော် မဲလ်ဘုန်း၏ အနောက်ဘက် ၂၄၁ ကီလိုမီတာခန့်နှင့် လူဦးရေ ၄၉၅ ဦးရှိသည့် Halls Gap ကဲ့သို့ ကျေးလက်မြို့လေးများအပါဝင် Grampians အမျိုးသားဥယျာဉ်အနီး ဧရိယာများအတွက် သတိပေးချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ “အန္တရာယ်အရမ်းများတဲ့ အခြေအနေမရောက်ခင် အလုံခြုံဆုံးနေရာကို ချက်ချင်းထွက်ခွာပါ” ဟု ဗစ်တိုးရီးယားပြည်နယ် အရေးပေါ်ဝန်ဆောင်မှုဌာနက ပြောဆိုခဲ့သည်။ မီးလောင်ပြင်များအနက်တစ်ခုသည် အင်္ဂါနေ့က မိုးကြိုးပစ်မှုများကြောင့် ပေါ်ပေါက်ခဲ့ခြင်းဖြစ်ပြီး တစ်ညလုံး...

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၅ ခုနှစ်အတွင်း ရုံးပိတ်ရက်ရှည် (၄) ကြိမ်ရရှိစေရန် ရုံးဖွင့်ရက်တချို့အား တစ်ဆက်တည်းပိတ်၍ အစားထိုးပြင်ဆင်သတ်မှတ်ပေး

နိုင်ငံတော်အစိုးရမှ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၅ ခုနှစ်အတွင်း အများပြည်သူနှင့် နိုင်ငံ့ဝန်ထမ်းများ ခရီးသွားလာမှုလွယ်ကူစေရန်နှင့် ရက်ရှည်အနားယူအပန်းဖြေနိုင်စေရန် ရည်ရွယ်၍ ရုံးဖွင့်ရက်တချို့အား တစ်ဆက်တည်းပိတ်၍ အစားထိုးပြင်ဆင်သတ်မှတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ထိုသို့ တစ်ဆက်တည်း ရုံးပိတ်ရက်အဖြစ် သတ်မှတ်လိုက်သည့် ရုံးဖွင့်ရက်များကို အနီးစပ်ဆုံး စနေနေ့တစ်ရက်စီဖြင့် အစားထိုးရုံးပိတ်ရက်များအဖြစ် ပြန်လည် သတ်မှတ်ထားကြောင်းလည်း သိရသည်။ ပထမရုံးပိတ်ရက်ရှည်တွင် ပိတ်ရက် ၅ ရက်ရှိမည်ဖြစ်ပြီး ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်(စနေနေ့)၊ ၂၉ ရက်(တနင်္ဂနွေနေ့)၊ ၃၀ ရက် (ကရင်နှစ်သစ်ကူးနေ့)နှင့် လာမည့်...

မြန်မာအသင်း ဗီယက်နမ်ကို ဂိုးပြတ်ရှုံးကာ အာဆီယံမစ်ဆူဘီရှီ ဖလားပြိုင်ပွဲမှ ထွက်ခွာရ

အာဆီယံမစ်ဆူဘီရှီ ဖလားပြိုင်ပွဲ အုပ်စုအဆင့်နောက်ဆုံးပွဲစဉ်ကို ယနေ့ ဒီဇင်ဘာ (၂၁)ရက် ည(၇)ခွဲ အချိန်၌ မြန်မာ နှင့် ဗီယက်နမ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာအသင်းက (၅)ဂိုးပြတ်ဖြင့် ရှူံးနိမ့်ခဲ့ရသည်။ ယနေ့ ပွဲစဉ်အတွင်း ပထမပိုင်းပွဲပြီးချိန်အထိ နှစ်ဘက်အသင်း သွင်းဂိုးမရရှိဘဲ ဒုတိယပိုင်း ပွဲချိန်၌ ဗီယက်နမ်အသင်း က (၅)ဂိုး သွင်းယူကာ အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ဗီယက်နမ်အသင်းသည် ဆီးမီးဖိုင်နယ်သို့ တက်ရောက်သွားပြီဖြစ်ပြီး မြန်မာအသင်းမှာ အုပ်စုအဆင့်မှသာ အိမ်ပြန်ခဲ့ရခြင်းဖြစ်သည်။ အာဆီယံ မစ်ဆူဘီရှီဖလား ပြိုင်ပွဲအုပ်စု (ဘီ)တွင် အင်ဒိုနီးရှားအသင်းက ရမှတ် (၄)မှတ်ဖြင့် အုပ်စုတွင်းထိပ်ဆုံးနေရာတွင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071