Thursday, November 21, 2024

Naypyitaw State Polytechnic University...

ယနေ့ နိုဝင်ဘာ ၂၁ ရက်နံနက်ပိုင်းက မြန်မာနိုင်ငံအင်ဂျင်နီယာပညာရေးနှစ်(၁၀၀)ပြည့်ရာပြည့်သဘင်နှင့် Naypyitaw State Polytechnic University ဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့ရာ နစက ဥက္ကဋ္ဌ၊...

မနက်ဖြန်ပွဲအတွက် အကောင်းဆုံး ကြိုးစားသွားမည်ဟု ရိုးရာဖိုက်တာ...

မနက်ဖြန် နိုဝင်ဘာ (၂၂) ရက်၊ ညပိုင်းတွင် ONE က ပြုလုပ်မည့် ONE Friday Fights 88 ပွဲစဉ်အတွင်း...

ဘန်ကောက်၌ မြန်မာနိုင်ငံသားများကွန်ဒိုဝယ်ယူမှုများပြားလာ

ဘန်ကောက်၊နိုဝင်ဘာ ၂၀ မြန်မာ့ပြည်တွင် ငွေကြေးတန်ဖိုးအပြောင်းအလဲများအခြေအနေများကြောင့် မြန်မာနိုင်ငံသားများသည် ဘန်ကောက်နှင့်ထိုင်းနိုင်ငံ၏ အခြားဒေသများတွင် ကွန်ဒိုဝယ်ယူမှုများမြင့်တက်လာကာ ရောင်းအားနှေးကွေးနေသော ထိုင်းနိုင်ငံ၏ အိမ်ခြံမြေဈေးကွက်အား အပြောင်းအလဲဖြစ်စေခဲ့သည်။ ယခုနှစ် ၂၀၂၄ ခုနှစ်တွင်...

အမေရိကက ဗီယက်နမ်သို့ လေ့ကျင့်ရေးလေယာဉ်များစေလွှတ်ခဲ့

ဟနွိုင်း၊နိုဝင်ဘာ ၂၀ ဗီယက်နမ်နိုင်ငံလေတပ်သည် ၎င်း၏လေ့ကျင့်ရေးစွမ်းရည်ကို မြှင့်တင်ရန်ကြိုးပမ်းနေချိန်၌ အမေရိကက ဗီယက်နမ်သို့ လေ့ကျင့်ရေးလေယာဉ်သုံးစင်းကို ပေးပို့ခဲ့ကြောင်းသိရသည်။ အဆိုပါလေယာဉ်သုံးစင်းသည် အမေရိကထံမှ ဗီယက်နမ်လေတပ်ရရှိမည့် လေယာဉ် ၁၂ စင်းအနက်...
HomeInternationalတရုတ်နှင့်လာအိုက လူသားချင်းစာနာသောကယ်ဆယ်ရေးလေ့ကျင့်မှုပြုလုပ်

တရုတ်နှင့်လာအိုက လူသားချင်းစာနာသောကယ်ဆယ်ရေးလေ့ကျင့်မှုပြုလုပ်

ဗီယန်ကျင်း၊နိုဝင်ဘာ ၂၁

တရုတ်နှင့်လာအိုတို့သည် “Peace Train-2024” အမည်ရှိ လူသားချင်းစာနာမှု‌ေသာ ဆေးကုသကယ်ဆယ်ရေးလေ့ကျင့်ခန်းကို လာအိုနိုင်ငံအလယ်ပိုင်း ဗီယန်ကျန်းပြည်နယ် Phonhong ခရိုင်ရှိ Phonhong ရထားဘူတာ၌ ပြုလုပ်လေ့ကျင့်ခဲ့ကြောင်းသိရသည်။

ဗုဒ္ဓဟူးနေ့ကပြုလုပ်ခဲ့သည့် အဆိုပါ စစ်ရေးလေ့ကျင့်မှုတွင် တရုတ်နှင့် လာအို စစ်ဘက်ဆိုင်ရာ ပူးတွဲကွပ်ကဲမှု နှင့် ပူးတွဲကယ်တင်ခြင်းများကို အဓိကထား လေ့ကျင့်ခဲ့သည်ဟုလည်းသိရသည်။

အဆိုပါလေ့ကျင့်မှု၌ ဒဏ်ရာရရှိသူများနှင့် ဖျားနာသူများကို ကုသရေး၊ကျန်းမာရေးနှင့် ကူးစက်ရောဂါ ကာကွယ်ရေးနှင့် စိတ်ပိုင်းဆိုင်ရာစသည့် သင်တန်းများကို နှစ်ဖက်ပူးပေါင်းဆောင်ရွက်ခဲ့သည်ဟုလည်းဆိုသည်။

ယခုလေ့ကျင့်မှုတွင် လေ့ကျင့်ခန်းခွဲများစွာနှင့် စုစည်းလေ့ကျင့်မှုများပါဝင်ပြီး နှစ်ဖက်လုံးမှဆေးအဖွဲ့များသည် အောင်မြင်စွာ ပူးပေါင်းဆောင်ရွက်နိုင်ခဲ့သည်ဟုလည်းဆိုသည်။

လေ့ကျင့်မှုတွင် ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များသည် သဘာဝဘေးဒဏ်သင့်ရာ‌ေနရာသို့ လျင်မြန်စွာဝင်ရောက်၍ ထိခိုက်ဒဏ်ရာရရှိသူများကို ရှာဖွေကယ်ဆယ်ကာ မြန်မြန်ဆန်ဆန်တုန့်ပြန်ဆောင်ရွက်နိုင်ရေးအတွက်လည်းလေ့ကျင့်ခဲ့ကြသည်။

ပူးတွဲလေ့ကျင့်မှုအပြီးတွင် ပါဝင်သူအားလုံးသည် ချို့ယွင်းချက်များကို ပြန်လည်သုံးသပ်ခြင်း၊အကျဉ်းချုံ့မှတ်ချက်ပေးခြင်း၊စံချိန်စံညွှန်းသတ်မှတ်ထားသော ပူးတွဲကယ်ဆယ်ရေးလုပ်ငန်းများနှင့်ပံ့ပိုးမှုညှိနှိုင်းဆောင်ရွက်ခြင်းများလည်းပြုလုပ်ခဲ့ကာ ပူးတွဲလေ့ကျင့်မှုများ၏ အရည်အသွေးနှင့်ထိရောက်မှုကို မြှင့်တင်ပေးရန်လည်းကြိုးပမ်းခဲ့ကြသည်။

Source : ရှင်းဟွာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

Naypyitaw State Polytechnic University ကို နိုင်ငံ့ထိပ်တန်းတက္ကသိုလ်ကြီး တစ်ခု ဖြစ်လာစေရန်ရည်ရွယ်၍ တိုးချဲ့ဖွင့်လှစ်ခဲ့သည်ဟု နစကဥက္ကဋ္ဌ ပြော

ယနေ့ နိုဝင်ဘာ ၂၁ ရက်နံနက်ပိုင်းက မြန်မာနိုင်ငံအင်ဂျင်နီယာပညာရေးနှစ်(၁၀၀)ပြည့်ရာပြည့်သဘင်နှင့် Naypyitaw State Polytechnic University ဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့ရာ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်၍ ဂုဏ်ပြုအမှာစကားပြောကြားခဲ့သည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင်လိုအပ်သည့် အရည်အသွေးမြင့်လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရေး၊ နိုင်ငံတော်အတွက်လိုအပ်သည့် အင်ဂျင်နီယာပညာရှင်များပိုမိုမွေးထုတ်လေ့ကျင့်ပေးနိုင်ရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုး တက်မှုကိုအထောက်အကူပြုနိုင်ရေးရည်ရွယ်ချက်များဖြင့် နေပြည်တော်နည်းပညာတက္ကသိုလ်ကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁ ရက်တွင် အစိုးရနည်းပညာကောလိပ်(နေပြည်တော်)အဖြစ်မှ တက္ကသိုလ်အဖြစ်အဆင့်တိုးမြှင့်ဖွင့်လှစ်ပေးခဲ့သည်ဟု ပြောသည်။ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် အင်ဂျင်နီယာအထူးပြုဘာသာရပ်(၆)ခုကိုသင်ကြားပေးခဲ့ပြီး ၂၀၂၃-၂၀၂၄...

မနက်ဖြန်ပွဲအတွက် အကောင်းဆုံး ကြိုးစားသွားမည်ဟု ရိုးရာဖိုက်တာ ထွန်းမင်းအောင် ကတိပြု

မနက်ဖြန် နိုဝင်ဘာ (၂၂) ရက်၊ ညပိုင်းတွင် ONE က ပြုလုပ်မည့် ONE Friday Fights 88 ပွဲစဉ်အတွင်း မော်ရိုကိုဖိုက်တာနှင့် ယှဉ်ပြိုင်ထိုးသ-တ်ရမည့် ရိုးရာဖိုက်တာထွန်းမင်းအောင် ပရိတ်သတ်အတွက် အကောင်းဆုံးကြိုးစားသွားမည်ဟု Facebook လူမှုကွန်ရက်စာမျက်နှာမှတဆင့် ကတိပြုစကားဆိုသည်။ ပြိုင်ဘက် မော်ရိုကို ဖိုက်တာနှင့် ထွန်းမင်းအောင်တို့ ယနေ့တွင် ဆေးစစ်ဝိတ်ချိန်အောင်မြင်ပြီးဖြစ်ကြောင်း သိရသည်။ "ဘယ်လောက်ပဲ ပင်ပန်းနေပါစေ ၊ ကျွန်တော် ပရိတ်သတ်တွေအတွက် မနက်ဖြန်အကောင်းဆုံးကြိုးစားမယ်။ အားပေးဖို့ Redy ပဲလား"ဟု ၎င်းက ဆိုသည်။ ရိုးရာဖိုက်တာ ထွန်းမင်းအောင်နှင့် ယှဉ်ပြိုင်ထိုးသ-တ်မည့်...

ဘန်ကောက်၌ မြန်မာနိုင်ငံသားများကွန်ဒိုဝယ်ယူမှုများပြားလာ

ဘန်ကောက်၊နိုဝင်ဘာ ၂၀ မြန်မာ့ပြည်တွင် ငွေကြေးတန်ဖိုးအပြောင်းအလဲများအခြေအနေများကြောင့် မြန်မာနိုင်ငံသားများသည် ဘန်ကောက်နှင့်ထိုင်းနိုင်ငံ၏ အခြားဒေသများတွင် ကွန်ဒိုဝယ်ယူမှုများမြင့်တက်လာကာ ရောင်းအားနှေးကွေးနေသော ထိုင်းနိုင်ငံ၏ အိမ်ခြံမြေဈေးကွက်အား အပြောင်းအလဲဖြစ်စေခဲ့သည်။ ယခုနှစ် ၂၀၂၄ ခုနှစ်တွင် မြန်မာနိုင်ငံသားများထံသို့ ထိုင်းကွန်ဒိုရောင်းချမှုပမာဏသည် ယမန်နှစ်ကထက် သုံးဆမြင့်တက်လာကာ ထိုင်းကွန်ဒိုဝယ်ယူမှုဈေးကွက်တွင် တရုတ်ပြီးပါက ဒုတိယဝယ်ယူမှုအများဆုံးမှာ မြန်မာနိုင်ငံသားများဖြစ်လာကြောင်း ထိုင်းအိမ်ခြံမြေဈေးကွက်ဆိုင်ရာ သတင်းအချက်အလက်များအရသိရသည်။ “တခြားဘယ်နိုင်ငံမှာမဆိုငြိမ်းချမ်းမှုကိုလိုလားတဲ့ နိုင်ငံခြားသားတွေက ထိုင်းနိုင်ငံကိုပဲဝင်ရောက်လာကြတာပါပဲ” ဟုလည်း ထိုင်းအိမ်ခြံမြေဈေးကွက်ဆိုင်ရာ သတင်းအချက်အလက်ဌာန၏ ညွှန်ကြားရေးမှူးချုပ်ကပြောကြားခဲ့သည်။ ယခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ မြန်မာနိုင်ငံသားများထံ ထိုင်းကွန်ဒိုရောင်းချမှုသည် ဘတ်ငွေ ၅ ဒသမ ၄၆ ဘီလျံ (ကန်ဒေါ်လာ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071