Sunday, January 19, 2025

ခြေတုလက်တု ပြုပြင်ရန်ှနှင့် အသစ်ပြုလုပ်ရန် လိုအပ်သူ...

ပဲခူးတိုင်း၊ တောင်ငူမြို့အပါအဝင် ရေတာရှည်နှင့် ဆွာမြို့နယ်တို့ရှိ ခြေတုလက်တု ပြုပြင်ရန်နှင့် အသစ်ပြုလုပ်ရန်လိုအပ်သူ (၂၀၀)ခန့်ကို နယ်လှည့်လုပ်ဆောင်ပေးခြင်းများဆောင်ရွက်ပေးခဲ့ကြောင်း မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းထံမှ သိရသည်။ နယ်လှည့်ဆောင်ရွက်ပေးမှုအား...

ထိုင်း – မြန်မာ နှစ်နိုင်ငံ...

လတ်တလောရေပန်းအစားဆုံးဖြစ်နေသည့် ထိုင်း - မြန်မာ နယ်စပ်က အွန်လိုင်းငွေလိ--မ်ဂိုဏ်များကို နှစ်နိုင်ငံပူးပေါင်းတိုက်ဖျက်နှိမ်နှင်းသွားရန် သဘောတူခဲ့ကြောင်း ထိုင်းနိုင်ငံအခြေစိုက် ဘန်ကောက်ပို့စ်သတင်းက ဖော်ပြလာသည်။ ဇန်နဝါရီ (၁၇) ရက်က...

(၅)ကြိမ်မြောက် သွားရောက်ခေါ်ယူခဲ့သည့် ဗန်းမော်ဒေသခံစစ်ရှောင် (၆၈)...

ဗန်းမော်မြို့တိုက်ပွဲများကြောင့် ရွေကူမြို့သို့ ရောက်ရှိခိုလှုံနေသည့် ဒေသခံစစ်ရှောင် (၆၈) ဦးကို (၅)ကြိမ်မြောက် အဖြစ်သွားရောက်ခေါ်ယူရာ ယနေ့ဇန်နဝါရီ (၁၉)ရက်တွင် မန္တလေးမြို့သို့ ရောက်ရှိမည်ကြောင်း မြေပြင်ကူညီကယ်ဆယ်နေသည့်...

တောင်ကြီးမြို့နယ် အေးသာယာရှိ စက်မှုဇုန်၌ ဆိုလာစနစ်လျှပ်စစ်မီးရရှိရေး...

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့ရှိ စက်မှုဇုန်တွင် သင့်တော်သော ဈေးနှုန်းဖြင့် ဆိုလာစနစ်လျှပ်စစ်မီးရရှိရေး ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် UNI ENERGY Co.Ltd တို့ ညှိနှိုင်းဆွေးနွေးလျက်ရှိကြောင်း...
HomeNewsLocal Newsတရုတ်ဘာသာစကား ကျွမ်းကျင်မှုသင်တန်း ဖွင့်လှစ်နိုင်ရေး...

တရုတ်ဘာသာစကား ကျွမ်းကျင်မှုသင်တန်း ဖွင့်လှစ်နိုင်ရေး ရည်ရွယ်ချက်စာချွန်လွှာ (MOI) လက်မှတ်ရေးထိုး

တရုတ်ဘာသာစကား ကျွမ်းကျင်မှုသင်တန်း (Training in Chinese Language Proficiency) ဖွင့်လှစ်နိုင်ရေး ရည်ရွယ်ချက်စာချွန်လွှာ (MOI)ကိုနေပြည်တော်ရှိ Jasmine Palace Hotel တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့နှင့်ပူးပေါင်း၍ တရုတ်ဘာသာစကား ကျွမ်းကျင်မှုသင်တန်း ( Training in Chinese Language Proficiency ) ဖွင့်လှစ်နိုင်ရေးကို စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့အနေဖြင့် ယူနန်ပြည်နယ်ကုန်သွယ်ရေးကိုယ်စားလှယ်ရုံး၏ ကူညီပံ့ပိုးမှုနှင့် တရုတ်ဘာသာစကားကျွမ်းကျင်မှုသင်တန်း (ပထမအဆင့်) ကို ၂၀၂၄ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့မှ စက်တင်ဘာလ ၂ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားခဲ့ကြောင်း၊ သင်တန်းသား အရာထမ်း၊ အမှုထမ်း စုစုပေါင်း (၃၅) ဦး တက်ရောက်သင်ကြားခဲ့ပြီး သင်တန်းသားအားလုံး ပထမအဆင့် Level 1 ကို ဖြေဆိုအောင်မြင်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

တရုတ်ဘာသာစကားကျွမ်းကျင်မှုသင်တန်းကို အဆင့်အလိုက် ဆက်လက်ဖွင့်လှစ်သွားနိုင်ရန် ရည်ရွယ်ပြီး မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ဟွာချောင်တက္ကသိုလ်နှင့် ယူနန် ပြည်နယ်ကုန်သွယ်ရေးကိုယ်စားလှယ်ရုံးတို့အကြား သုံးဦးသုံးဖလှယ် ပါဝင်သည့် ရည်ရွယ်ချက်စာချွန်လွှာကိုလက်မှတ်ရေးထိုးနိုင်ခဲ့မှုအပေါ် အသိအမှတ်ပြုဂုဏ်ယူကြောင်းမြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ညွှန်ကြားရေးမှူးချုပ် ပြောကြားခဲ့သည်။

မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့နှင့် ဟွာချောင်တက္ကသိုလ်၊ မြန်မာနိုင်ငံဆိုင်ရာ ယူနန်ပြည်နယ် ကုန်သွယ်ရေး ကိုယ်စားလှယ်ရုံးတို့အကြား ရည်ရွယ်ချက်စာချွန်လွှာ (MOI ) အား လက်မှတ်ရေးထိုး လဲလှယ်ခဲ့ကြသည်။

အဆိုပါရည်ရွယ်ချက်စာချွန်လွှာအရ တရုတ်ဘာသာစကား ကျွမ်းကျင်မှုသင်တန်း Level 2 မှ Level 4 အထိ ဆက်လက်ဖွင့်လှစ် သင်ကြားနိုင်မည်ဖြစ်ပြီး ပညာရေးနှင့် လေ့ကျင့်ရေး စီမံကိန်းများ၊ စီးပွားရေးဆိုင်ရာ သုတေသနလုပ်ငန်းများနှင့် ပညာရပ်ဆိုင်ရာ ဆွေးနွေးပွဲများအား အပြန်အလှန် ကျင်းပဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း၊ Silk Road Chinese Government Scholarship ကို ဟွာချောင်တက္ကသိုလ်တွင် တက်ရောက်နိုင်ရေးလည်း ဆက်လက်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ စီးပွားရေးနှင့်ကုန်သွယ်မှုဆက်ဆံရေးများကိုလည်း ပိုမိုခိုင်မာစေမည်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ခြေတုလက်တု ပြုပြင်ရန်ှနှင့် အသစ်ပြုလုပ်ရန် လိုအပ်သူ (၂၀၀)ခန့်ကို နယ်လှည့်လုပ်ဆောင်ပေး

ပဲခူးတိုင်း၊ တောင်ငူမြို့အပါအဝင် ရေတာရှည်နှင့် ဆွာမြို့နယ်တို့ရှိ ခြေတုလက်တု ပြုပြင်ရန်နှင့် အသစ်ပြုလုပ်ရန်လိုအပ်သူ (၂၀၀)ခန့်ကို နယ်လှည့်လုပ်ဆောင်ပေးခြင်းများဆောင်ရွက်ပေးခဲ့ကြောင်း မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းထံမှ သိရသည်။ နယ်လှည့်ဆောင်ရွက်ပေးမှုအား မြန်မာနိုင်ငံကြက်ခြေနီ အသင်းနှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီတို့ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ဇန်နဝါရီလ (၁၄) ရက်မှ ဇန်နဝါရီလ (၁၆)ရက်အထိ ဆွာမြို့၊ ရေတာရှည်မြို့နယ်နှင့် တောင်ငူမြို့နယ်များသို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ခြင်းဖြစ်သည်ဟု မြန်မာနိုင်ငံ ကြက်ခြေနီအသင်းက ယနေ့တွင် အသိပေးထုတ်ပြန်ထားသည်။ ခြေတုလက်တု ဆောင်ရွက်ရာ၌ ဆွာမြို့တွင် အသေးစား ခြေတု၊ လက်တု ပြုပြင်ရန် လိုအပ်သူ(၃၅)ဦး၊ ရေတာရှည် မြို့နယ်တွင် အသေးစားခြေတု၊...

ထိုင်း – မြန်မာ နှစ်နိုင်ငံ ပူးပေါင်းကာ အွန်လိုင်းငွေလိ–မ်ဂိုဏ်းများ နှိမ်နှင်းရန် သဘောတူ

လတ်တလောရေပန်းအစားဆုံးဖြစ်နေသည့် ထိုင်း - မြန်မာ နယ်စပ်က အွန်လိုင်းငွေလိ--မ်ဂိုဏ်များကို နှစ်နိုင်ငံပူးပေါင်းတိုက်ဖျက်နှိမ်နှင်းသွားရန် သဘောတူခဲ့ကြောင်း ထိုင်းနိုင်ငံအခြေစိုက် ဘန်ကောက်ပို့စ်သတင်းက ဖော်ပြလာသည်။ ဇန်နဝါရီ (၁၇) ရက်က ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့တွင် ပြုလုပ်သည့် (၅) ကြိမ်မြောက် အာဆီယံဒစ်ဂျစ်တယ်ဆိုင်ရာဝန်ကြီးများ အစည်းဝေးသို့ မြန်မာနိုင်ငံဘက်က ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး တက်ရောက်ခဲ့ပြီး ထိုင်းနိုင်ငံ ဒစ်ဂျစ်တယ်စီးပွားရေးနှင့် လူမှုရေးဝန်ကြီး Prasert Jantararauangtong နှင့် တွေ့ဆုံကာ သဘောတူညီမှုရယူခဲ့ခြင်း ဖြစ်ကြောင်း ဘန်ကောက်ပို့စ်၏ ဖော်ပြချက်အရ သိရသည်။ ထိုင်း -...

(၅)ကြိမ်မြောက် သွားရောက်ခေါ်ယူခဲ့သည့် ဗန်းမော်ဒေသခံစစ်ရှောင် (၆၈) ဦး မန္တလေးသို့ ရောက်ရှိ

ဗန်းမော်မြို့တိုက်ပွဲများကြောင့် ရွေကူမြို့သို့ ရောက်ရှိခိုလှုံနေသည့် ဒေသခံစစ်ရှောင် (၆၈) ဦးကို (၅)ကြိမ်မြောက် အဖြစ်သွားရောက်ခေါ်ယူရာ ယနေ့ဇန်နဝါရီ (၁၉)ရက်တွင် မန္တလေးမြို့သို့ ရောက်ရှိမည်ကြောင်း မြေပြင်ကူညီကယ်ဆယ်နေသည့် သတင်းရင်းမြစ်တစ်ဦးကပြောသည်။ အဆိုပါ စစ်ရှောင်ပြည်သူများကို ယခုလ ဇန်နဝါရီ (၁၅) ရက်တွင် သွားရောက်ခေါ်ယူခဲ့ခြင်းဖြစ်ပြီး (၅)ရက်အကြာတွင် မန္တလေးမြို့သို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။ ယင်းခရီးစဉ်သည် ဗန်းမော်မြို့တိုက်ပွဲကြောင့် မိမိအစီအစဉ်ဖြင့် ရွှေကူမြို့ပေါ်သို့ ရောက်ရှိခိုလှုံနေကြသော ရာနှင့်ချီသည့် ဒေသခံများကို မန္တလေးမြို့သို့ အသုတ်လိုက် ခေါ်ဆောင်ပေးနေသည့် ခရီးစဉ်တစ်ခုလည်းဖြစ်သည်။ လက်ရှိ ဗန်းမော်မြို့အတွင်း တိုက်ပွဲများဆက်လက်ဖြစ်ပွားနေပြီး ပတ်ဝန်းကျင်မြို့နယ်များရှိ ကျေးရွာများ၌ ရှောင်တိမ်းနေသူများလည်း ရှိနေ‌သေးသည်ဟု...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071