မြန်မာနိုင်ငံတွင် မြေငလျင်လှုပ်ခတ်မှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံသို့ တရုတ်သမ္မတ ရှီကျင့်ဖျင်က ကရုဏာဖြစ်ကြောင်း ဖုန်းခေါ်ဆို၍ ပြောကြားခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံမှ ဒေသစံတော်ချိန် မတ်လ ၂၉ ရက် မနက် ၇:၁၀ တွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ ကယ်ဆယ်ရေးဆေးကုသမှုအဖွဲ့ဝင် ၃၇ ဦး ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိနေပြီဖြစ်ကြောင်းသိရသည်။ အဆိုပါအဖွဲ့သည် မြန်မာနိုင်ငံ၏ ငလျင်ဘေးအန္တရာယ်ဖြစ်ပွားပြီးနောက် အချိန်မီ အရေးပေါ်ကူညီရန် ညဉ့်နက်အထိ ခရီးဆက်လာကာ ငလျင်ဖြစ်ပြီး ၁၈ နာရီအတွင်း မြန်မာနိုင်ငံသို့ ပထမဆုံးရောက်ရှိလာသော အပြည်ပြည်ဆိုင်ရာကယ်ဆယ်ရေးအဖွဲ့ ဖြစ်ပြီးသည်။
တရုတ်နိုင်ငံ Blue Sky ကယ်ဆယ်ရေး ယူနန်အဖွဲ့ အဖွဲ့ဝင် (၁၆) ဦးသည် တစ်ကိုယ်ရေကာကွယ်ရေးပစ္စည်းများ၊ ဆေးကုသရေးဆိုင်ရာ အရေးပေါ်အထုပ်များ၊ မီးပေးစက်ပစ္စည်းများ၊ ဖြိုဖျက်ရေးကိရိယာများ စသည့် မြို့ပြငလျင်ကယ်ဆယ်ရေးဆိုင်ရာ အထောက်အပံ့ပစ္စည်းများကို သယ်ဆောင်ကာ ကယ် ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ရန် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရွှေလီနယ်စပ်ဂိတ်မှ မြန်မာနိုင်ငံသို့ ထွက်ခွာလာပြီဖြစ်သည်ဟု တရုတ်သံရုံးက အသိပေးထုတ်ပြန်ထားသည်။