Saturday, November 16, 2024

ရွှေပြည်သာ ၁၄ လမ်းဆုံတွင် ပံ့သကူကောက်သည့်...

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ ၁၄ လမ်းဆုံတွင် ယနေ့ နိုဝင်ဘာ ၁၅ ရက်ည ၈ နာရီခွဲခန့်က ပံ့သကူကောက်သည့် အမျိုးသမီးတစ်ဦးကားတို-က်ခံရပြီး‌ေ-သဆုံးသွားခဲ့ကြောင်း ကနောင်လူမှုကူညီရေးအသင်းထံမှ...

အကြိမ် (၁၁၀) မြောက် ရွှေဘိုမြို့လုံးဆိုင်ရာ...

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့လုံးဆိုင်ရာ စုပေါင်းမဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို (၁၁၀) ကြိမ်မြောက်အဖြစ် ယနေ့ နိုဝင်ဘာ (၁၅)ရက်၊ တန်ဆောင်မုန်းလပြည့်နေ့ နံနက်က အမှတ် (၆)ရပ်ကွက်ရှိ...

နေပြည်တော်ရှိ ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီးအား နစက ဥက္ကဋ္ဌနှင့်ဇနီးတို့မှ...

နေပြည်တော်၊ ဇေယျာသီရိမြို့နယ်ရှိ ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီးအား နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီးတို့မှ ယနေ့ နိုဝင်ဘာ ၁၅ ရက်ညပိုင်းက ဆီမီး(၁၀၀၀)ဖြင့်ထွန်းညှိပူဇော်ခဲ့ကြောင်း သိရသည်။ ထို့ပြင်...

လာရောက်လည်ပတ်ချိန်တွင် မြန်မာနိုင်ငံ၏ တည်ငြိမ်အေးချမ်းမှုနှင့် သာယာလှပမှုများစွာကိုခံစားမိဟု...

မိမိတို့လာရောက်လည်ပတ်ချိန်တွင် မြန်မာနိုင်ငံ ၏ တည်ငြိမ်အေးချမ်းမှုနှင့် သာယာလှပမှုများစွာကိုခံစားမိသည်ဟု ရုရှားနိုင်ငံ၊ ဘူရားတီးရားပြည်နယ်အကြီးအကဲ၊ ဘူရားတီးရားပြည်နယ်အစိုးရဥက္ကဋ္ဌ H.E. Mr. Tsydenov Alekesei Sambuevich...
HomeInternationalတရုတ်သမ္မတ ရှီ ရုရှားသို့ရောက်ရှိ

တရုတ်သမ္မတ ရှီ ရုရှားသို့ရောက်ရှိ

တရုတ်သမ္မတ ရှီကျင့်ဖိန်သည် ရုရှားနိုင်ငံသို့ နိုင်ငံတော်ခရီးစဉ်အဖြစ် တနင်္လာနေ့တွင် မော်စကိုမြို့သို့ ရောက်ရှိခဲ့သည်။ ရုရှားသမ္မတ ဗလာဒီမာပူတင်၏ ဖိတ်ကြားချက်အရ အဆိုပါ ခရီးစဉ်သည် မတ် ၂၀ ရက်မှ ၂၂ ရက်အထိ ၃ ရက်ကြာမြင့်မည်ဖြစ်ပြီး ရှီကျင့်ဖိန်၏ ရုရှားနိုင်ငံ ခရီးစဉ်သည် ချစ်ကြည်ရင်းနှီးမှု၊ ပူးပေါင်းဆောင်ရွက်မှုနှင့် ငြိမ်းချမ်းရေး ခရီးစဉ်ဖြစ်ကြောင်းဆိုသည်။

၎င်း၏ ခရီးစဉ်အတွင်း ရှီကျင့်ဖိန်သည် နှစ်နိုင်ငံ ဆက်ဆံရေးနှင့် နိုင်ငံတကာနှင့် ဒေသတွင်း အရေးကိစ္စများနှင့်ပတ်သက်၍ နက်နက်ရှိုင်းရှိုင်း အမြင်ချင်းဖလှယ် ဆွေးနွေးမည်ဖြစ်သည်။

ယခုခရီးစဉ်သည် နှစ်နိုင်ငံအကြား မဟာဗျူဟာမြောက် ညှိနှိုင်းဆောင်ရွက်မှုနှင့် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုကို လွယ်ကူချောမွေ့စေရန် ရည်ရွယ်ပြီး နှစ်နိုင်ငံဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရေးတွင် အသစ်သော တွန်းအားများမြှင့်တင်ရန် ရည်ရွယ်ကြောင်း သိရသည်။

သမ္မတရှီနှင့်အတူ Cai Qi၊ Wang Yi၊ Qin Gang တို့နှင့်အတူ ဗဟိုပါတီနှင့် အစိုးရဌာနများမှ ထိပ်တန်းအရာရှိများ ယခုခရီးစဉ်တွင် လိုက်ပါသွားကြသည်။

ထိုအပြင် သမ္မတရှီသည် ယူကရိန်းသမ္မတဇလန်းစကီးနှင့်လည်း ဖုန်းဖြင့် တွေ့ဆုံဆွေးနွေးရန်ရှိသည်ဟု သတင်းများထွက်ပေါ်နေသည်။ ယင်းသည် ရုရှား-ယူကရိန်းစစ်ပွဲစတင်ပြီးနောက် ဇလန်းစကီးနှင့် ပထမဆုံးအကြိမ် တရားဝင် ဆွေးနွေးခြင်းဖြစ်လာမည်။

“တရုတ်နိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒ ရည်ရွယ်ချက်က ကမ္ဘာ့ငြိမ်းချမ်းရေးကို ထိန်းသိမ်းဖို့နဲ့ ဘုံဖွံဖြိုးတိုးတက်မှုကို မြှင့်တင်ဖို ဖြစ်ပါတယ်” ဟု ယူကရိန်းအရေးနှင့် ပတ်သက်၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝန်ပင်းက ပြီးခဲ့သည့်ရက်အနည်းငယ်အတွင်းက မှတ်ချက်ပြုပြောကြားခဲ့ပြီး တရုတ်နိုင်ငံအနေဖြင့် ငြိမ်းချမ်း၍ ဆွေးနွေးညှိနှိင်းမှုဘက်ခြမ်းနှင့် သမိုင်း၏ မှန်ကန်သောဘက်ခြမ်း၌ အစဉ်အမြဲ ရပ်တည်လျက်ရှိကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရွှေပြည်သာ ၁၄ လမ်းဆုံတွင် ပံ့သကူကောက်သည့် အမျိုးသမီးတစ်ဦး ကားတို-က်ခံရပြီး‌ေ-သဆုံး

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ ၁၄ လမ်းဆုံတွင် ယနေ့ နိုဝင်ဘာ ၁၅ ရက်ည ၈ နာရီခွဲခန့်က ပံ့သကူကောက်သည့် အမျိုးသမီးတစ်ဦးကားတို-က်ခံရပြီး‌ေ-သဆုံးသွားခဲ့ကြောင်း ကနောင်လူမှုကူညီရေးအသင်းထံမှ သိရသည်။ ရွှေပြည်သာမြို့နယ်၊ ပုလဲလမ်းရှိ ၁၄ လမ်းဆုံတွင် ကားတစ်စီးပေါ်မှပိုက်ဆံကျဲချသည်ကို မိခခင်ဖြစ်သူအပါအဝင် သားအမိ(၄)ဦးကပြေးကောက်စဥ် နောက်မှမောင်းနှင်လာသောကားတစ်စီးမှ အသက်(၄၀)နှစ်ရှိ မိခင်ဖြစ်သူအားဝင်တို-က်မိခဲ့ကြောင်း သိရသည်။ " ကလေ-း(၃)ယောက်ကတော့လွတ်သွားတယ်။ ကြောက်လန့်ပြီးထွက်ပြေးသွားလို့ မနည်းပြန်ရှာခဲ့ရတယ်။ သူတို့ရဲ့အမေကတော့ ကားတို-က်ခံခဲ့ရပါတယ်။ ကားပေါ်ကနေပိုက်ဆံကျဲသွားတာကိုပြေးကောက်ကြရင်း အခုလိုဖြစ်သွားတာ။ သူတို့တွေက အခင်းဖြစ်တဲ့နေရာနားမှာနေကြတဲ့သူတွေပါ။ ဝင်တို-က်မိတဲ့ကားက တို-က်ပြီးမောင်းပြေးသွားတဲ့အနေအထားမှာရှိတယ်။ အခင်းဖြစ်နေရာမှာမတွေ့ဘူး"ဟု ကနောင်လူမှုကူညီရေးအသင်းမှ ကိုသူရိန်ကပြောသည်။ ဖြစ်စဥ်မှ မိခင်ဖြစ်သူမှာ...

အကြိမ် (၁၁၀) မြောက် ရွှေဘိုမြို့လုံးဆိုင်ရာ စုပေါင်းမဟာဘုံကထိန်ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့လုံးဆိုင်ရာ စုပေါင်းမဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို (၁၁၀) ကြိမ်မြောက်အဖြစ် ယနေ့ နိုဝင်ဘာ (၁၅)ရက်၊ တန်ဆောင်မုန်းလပြည့်နေ့ နံနက်က အမှတ် (၆)ရပ်ကွက်ရှိ မဟာဘုံစံဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။ (၁၁၀) ကြိမ်မြောက် ရွှေဘိုမြို့လုံးဆိုင်ရာ စုပေါင်းမဟာဘုံ ကထိန် ဆက်ကပ်လှူဒါန်းရာတွင် စေတနာ ရှင်အလှူရှင်များက အလှူငွေနှင့် လှူဖွယ်ပစ္စည်းတန်ဖိုး စုစုပေါင်း ကျပ်သိန်းသုံးရာခန့် ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။ မဟာဘုံကထိန်အလှုတွင် တက်ရောက်လာသူများက နမော တဿ (၃)ကြိမ် ရွတ်ဆိုအခမ်းအနားကို ဖွင့်လှစ်ပြီး မဟာဘုံစံကျောင်းတိုက် ဦးစီးပဓာန နာယက ဆရာတော် ဘဒ္ဒန္တစာရိ...

နေပြည်တော်ရှိ ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီးအား နစက ဥက္ကဋ္ဌနှင့်ဇနီးတို့မှ ဆီမီး(၁၀၀၀)ဖြင့်ထွန်းညှိပူဇော်

နေပြည်တော်၊ ဇေယျာသီရိမြို့နယ်ရှိ ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီးအား နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီးတို့မှ ယနေ့ နိုဝင်ဘာ ၁၅ ရက်ညပိုင်းက ဆီမီး(၁၀၀၀)ဖြင့်ထွန်းညှိပူဇော်ခဲ့ကြောင်း သိရသည်။ ထို့ပြင် နစက ဥက္ကဋ္ဌနှင့်ဇနီး၊ နစက ဒု-ဥက္ကဋ္ဌနှင့်ဇနီး၊ တက်ရောက်လာကြသူများက စေတီတော်မြတ်ကြီးအား ဆီမီးများ၊ ရောင်စုံမီးအလှများဖြင့် ထွန်းညှိပူဇော်ကာ ပန်း၊ ရေချမ်းများကပ်လှူပူဇော်ခဲ့ကြကြောင်း သိရသည်။ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ဝန်းအတွင်း၌လည်း တန်ဆောင်တိုင်မီးထွန်းပွဲတော်အထိမ်းအမှတ်အဖြစ် လမ်း၊ အဆောက်အဦများ၊ ပန်းအလှ သစ်ပင်များတွင် ရောင်စုံမီးအလှများဖြင့် မီးထွန်းပွဲတော်ကို ပျော်ပွဲရွှင်ပွဲများဖြင့်ကျင်းပလျက်ရှိကြောင်း သိရသည်။ ထို့အတူ နေပြည်တော်အပါအဝင် တိုင်းနှင့်ပြည် နယ်အသီးသီးရှိ ဘုရား၊ စေတီပုထိုးတော်များတွင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071