ပေကျင်း၊ဒီဇင်ဘာ ၁၃
တရုတ်နိုင်ငံသည် အမေရိကမှချစ်ပ်ပြားတင်ပို့မှုရပ်ဆိုင်းလိုက်ခြင်းနှင့်ပတ်သက်၍ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ WTO ၌ အမေရိကနှင့်အငြင်းပွားမှုများဖြစ်ပေါ်နေသည်ဟု တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာနကပြောကြားခဲ့သည်။
အမေရိကသည် တရုတ်နိုင်ငံ၏တပိုင်းလျှပ်ကူးပစ္စည်းထုတ်လုပ်မှုအား အားနည်းစေရန်ရည်ရွယ်ချက်ဖြင့် အောက်တိုဘာလက စည်းမျဉ်းအသစ်များကိုအတည်ပြုခဲ့ပြီး အဆိုပါအချက်ကြောင့်ပင် တရုတ်ထိပ်တန်းကုန်သွယ်ရေးအဖွဲ့တစ်ဖွဲ့မှတိုင်ကြားစာထွက်ပေါ်လာခဲ့သည်။
“ယခုကိစ္စနှင့်ပတ်သက်၍ တရုတ်ဘက်မှနစ်နာရသည့် အကျိုးစီးပွားနှင့်စိုးရိမ်ပူပန်ရမှုများအတွက်ဖြေရှင်းနိုင်ရန် WTO ၏ မူဘောင်အတွင်းမှ အရေးယူဆောင်ရွက်ခြင်းဖြစ်သည်” ဟု တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက်တွင်ပါရှိသည်။
ယင်းနောက် “အမေရိက၏ယခုလုပ်ရပ်သည် ကမ္ဘာ့စက်မှုလုပ်ငန်းထောက်ပံ့ရေးကွင်းဆက်၏ တည်ငြိမ်မှုအားအနှောင့်အယှက်ဖြစ်စေသည်” ဟုလည်းထပ်လောင်းပြောကြားခဲ့သည်။
အမေရိက၏ တရုတ်အပေါ် ယခုကဲ့သို့ကန့်သတ်စည်းကြပ်လိုက်မှုအား ဂျပန်နှင့် နယ်သာလန်တို့က မူအားဖြင့်ထောက်ခံသဘောတူညီခဲ့ကြသည်ဟု အဆိုပါကိစ္စနှင့်နီးစပ်သည့်အသိုင်းအဝိုင်းမှသိရှိရသည်။
Source : Reuters