Sunday, March 23, 2025

မြန်မာ-အိန္ဒိယ IT ကဏ္ဍပူးပေါင်းမြှင့်တင်ရေးဆိုင်ရာ MoU...

၂၀၀၇ ခုနှစ်ကစတင်ရေးထိုးခဲ့သည့် မြန်မာ-အိန္ဒိယ IT ကဏ္ဍပူးပေါင်းမြှင့်တင်ရေးဆိုင်ရာ MoU သက်တမ်းတိုးမြှင့်စာလဲလှယ်ခြင်းကို မတ် ၂၁ ရက်မွန်းလွဲပိုင်းက နေပြည်တော်၌ကျင်းပရာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒု-ဝန်ကြီးဦးအောင်ဇေယျတက်ရောက်ခဲ့သည်။ ထိုသို့...

၂၀၂၅ ခုနှစ်သည် အပူဆုံးနှစ်များထဲမှ တစ်နှစ်ဖြစ်လာနိုင်

၂၀၂၅ ခုနှစ်သည် အပူဆုံးနှစ်များထဲမှ တစ်နှစ်ဖြစ်လာနိုင်ခြေရှိ‌ကြောင်း ရုရှားနိုင်ငံ ရာသီဥတုနှင့် ဇလဗေဒဆိုင်ရာ စင်တာ (Hydrometeorological Center) ၏ သုတေသနညွှန်ကြားရေးမှူး Roman...

(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအတွက် မြန်မာဘောက်ဆင်ကစားသမားများ...

ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၃၃) ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲ(ဆီးဂိမ်း) အတွက် မြန်မာဘောက်ဆင်သမားများ စတင်လေ့ကျင့်ပြင်နေပြီဖြစ်ကြောင်း မြန်မာဘောက်ဆင်အဖွဲ့ချုပ်ထံက သိရသည်။ လက်ရှိ လက်ရွေးစင်ကစားသမားများအနေဖြင့်...

ရေအားလျှပ်စစ်ထုတ်လုပ်နိုင်ရေးအတွက် သတ်မှတ်ရှာဖွေထားသည့်နေရာများတွင် အနိမ့်တမံများကိုအမြန်ဆောင်ရွက်ရန် နစက...

ရေအားလျှပ်စစ်ထုတ်လုပ်နိုင်ရေးအတွက် သတ်မှတ်ရှာဖွေထားသည့်နေရာများတွင် အနိမ့်တမံများကိုအမြန်ဆောင်ရွက်ရန် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ အမျိုးသားအဆင့်ရေအရင်းအမြစ်ကော်မတီဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ မတ် ၂၂ ရက်နံနက်ပိုင်းက နေပြည်တော်၌ ကျင်းပသည့်...
HomeInternationalတရုတ်အကြီးတန်းအရာရှိ ဂျပန်ကိုယ်စားလှယ်အဖွဲ့နှင့်တွေ့ဆုံ

တရုတ်အကြီးတန်းအရာရှိ ဂျပန်ကိုယ်စားလှယ်အဖွဲ့နှင့်တွေ့ဆုံ

ပေကျင်း၊မတ် ၂၀

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ နိုင်ငံရေး ဦးဆောင် အဖွဲ့ဝင် လီရှူလိုင်သည် ကြာသပတေးနေ့က ပေကျင်း၌ ဂျပန်ကိုယ်စားလှယ်အဖွဲ့နှင့်တွေ့ဆုံခဲ့ကြောင်းသိရသည်။

အဆိုပါတွေ့ဆုံမှုအတွင်း မစ္စတာလီက တရုတ်နှင့်ဂျပန်တို့သည် ပီရူးနိုင်ငံ၊လီမာမြို့၌ကျင်းပခဲ့သည့် ၃၁ ကြိမ်မြောက် အေပက် စီးပွားရေးခေါင်းဆောင်များအစည်းအဝေးပြင်ပ၌တွေ့ဆုံစဉ် နှစ်ဘက်ခေါင်းဆောင်များအကြားရရှိခဲ့သည့် သဘောတူညီမှုများကို အကောင်အထည်ဖော်ရန်တောင်းဆိုခဲ့သည်ဟုသိရသည်။

ယင်းနောက် နှစ်နိုင်ငံလုံးသည် ငြိမ်းချမ်းစွာယှဉ်တွဲနေထိုင်ရေး၊ထာဝရ ချစ်ကြည်ရင်းနှီးမှု၊နှစ်ဦးနှစ်ဖက်အကျိုးရှိစေမည့်ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းကိုလည်း လိုက်နာသင့်သည်ဟုဆိုခဲ့သည်။

နိုင်ငံခေါင်းဆောင်များအချင်းချင်းသာမက နှစ်ဘက်ပြည်သူများကြား၌လည်း ချစ်ကြည်ရင်းနှီးမှုနှင့် ယဉ်ကျေးမှုဖလှယ်ခြင်းများကိုပါ ထိထိမိမိပူးပေါင်းဆောင်ရွက်နိုင်စေရန် လုပ်ဆောင်သင့်သည်ဟုလည်း ၎င်းကထပ်မံပြောကြားခဲ့သည်။

ဂျပန်ကိုယ်စားလှယ်ကမူ ၎င်းတို့အနေဖြင့်လည်း နှစ်နိုင်ငံဆက်ဆံရေးတိုးတက်ကောင်းမွန်စေဖို့ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး နိုင်ငံရေးအရသာမက လူငယ်များအချင်းချင်းကြားချစ်ကြည်ရင်းနှီးမှုနှင့် အစိုးရပိုင်းဆိုင်ရာမဟုတ်သည့် အခြားချစ်ကြည်ရင်းနှီးရေးများကိုပါ ပြုလုပ်သွားရန်ဆန္ဒရှိသည်ဟုဆိုသည်။

Source : ရှင်းဟွာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာ-အိန္ဒိယ IT ကဏ္ဍပူးပေါင်းမြှင့်တင်ရေးဆိုင်ရာ MoU သက်တမ်းတိုးမြှင့်စာလဲလှယ်

၂၀၀၇ ခုနှစ်ကစတင်ရေးထိုးခဲ့သည့် မြန်မာ-အိန္ဒိယ IT ကဏ္ဍပူးပေါင်းမြှင့်တင်ရေးဆိုင်ရာ MoU သက်တမ်းတိုးမြှင့်စာလဲလှယ်ခြင်းကို မတ် ၂၁ ရက်မွန်းလွဲပိုင်းက နေပြည်တော်၌ကျင်းပရာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒု-ဝန်ကြီးဦးအောင်ဇေယျတက်ရောက်ခဲ့သည်။ ထိုသို့ တက်ရောက်ပြီးနောက် ယနေ့ခေတ် Digital Transformation ဆိုင်ရာ IT ဖွံ့ဖြိုးမှုတိုးတက်မှုအရွေ့များမြန်ဆန်လျက်ရှိ၍ အမီလိုက်ပါနိုင်အောင် ဆောင်ရွက်ရာတွင် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုသည် အရေးပါသောအခန်းကဏ္ဍမှပါဝင်သည်ဟု ပြောသည်။ ထို့ပြင် ယနေ့လဲလှယ်မှုမှ AI ၊ Cybersecurity၊ Big Data၊ Cloud Computing စသည့် ထွန်းသစ်စ IT နည်းပညာများဆိုင်ရာ လူ့စွမ်းအားရင်းမြစ်များမွေးထုတ်ခြင်း၊ သုတေသနအတွေ့အကြုံများဖလှယ်ခြင်း၊...

၂၀၂၅ ခုနှစ်သည် အပူဆုံးနှစ်များထဲမှ တစ်နှစ်ဖြစ်လာနိုင်

၂၀၂၅ ခုနှစ်သည် အပူဆုံးနှစ်များထဲမှ တစ်နှစ်ဖြစ်လာနိုင်ခြေရှိ‌ကြောင်း ရုရှားနိုင်ငံ ရာသီဥတုနှင့် ဇလဗေဒဆိုင်ရာ စင်တာ (Hydrometeorological Center) ၏ သုတေသနညွှန်ကြားရေးမှူး Roman Vilfand က တွေ့ဆုံမေးမြန်းခန်းတစ်ခုတွင် ပြောကြားခဲ့သည်။ "၂၀၂၅ ခုနှစ်သည် အပူဆုံးနှစ်များထဲမှ တစ်နှစ်ဖြစ်လာနိုင်ခြေရှိပါသည်။ ယင်းအကြောင်းရင်းမှာ မကြာသေးမီနှစ်များအတွင်း ဖန်လုံအိမ်ဓာတ်ငွေ့များ ပိုမိုများပြားလာခြင်းကြောင့် ရာသီဥတုမှာ တဖြည်းဖြည်း ပိုမိုပူနွေးလာခြင်းကြောင့်ဖြစ်သည်။ ဝမ်းနည်းစရာကောင်းသည်မှာ ဤဖြစ်စဉ်ကို ယခုထိတိုင် တည်ငြိမ်အောင် မထိန်းနိုင်သေးပါ။ ထို့အပြင် သမုဒ္ဒရာများအထက်ရှိ လေထုအလွှာသည် အလွန်မြင့်မားနေဆဲဖြစ်ပြီး ၎င်း၏ လှုပ်ရှားမှုရှိသော အလွှာ...

(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအတွက် မြန်မာဘောက်ဆင်ကစားသမားများ စတင်လေ့ကျင့်ပြင်နေ

ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၃၃) ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲ(ဆီးဂိမ်း) အတွက် မြန်မာဘောက်ဆင်သမားများ စတင်လေ့ကျင့်ပြင်နေပြီဖြစ်ကြောင်း မြန်မာဘောက်ဆင်အဖွဲ့ချုပ်ထံက သိရသည်။ လက်ရှိ လက်ရွေးစင်ကစားသမားများအနေဖြင့် အပတ်စဉ် စနေ့နေ့တိုင်း နေပြည်တော် Gold Camp ၌ လေ့ကျင့်ပြင်နေခြင်းဖြစ်သည်ဟုဆိုသည်။ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ (၉) ရက်မှ (၂၀)ရက်အထိ ထိုင်းနိုင်ငံရှိ မြို့(၃)မြို့၌ ကျင်းပသွားမည်ဖြစ်သည်။ ပြိုင်ပွဲနီးလာသည့်အတွက် အားကစားနည်းများ အလိုက် အားကစားကွင်း/ အားကစားရုံများ ပြုပြင်ထိန်းသိမ်းရေး၊ စခန်းဝင်လေ့ကျင့်နေသည့် အားကစားသမားများ၏ လေ့ကျင့်ရေးနှင့် နေထိုင်စားသောက်ရေး၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071