Friday, December 27, 2024

ပြည်တွင်း၌ ထုတ်လုပ်သော ကုန်ပစ္စည်းအချို့ကို နိုင်ငံခြားကုမ္ပဏီများအား...

ပြည်တွင်းအရည်အသွေးမြင့် ထုတ်ကုန်များကို ပြည်ပဈေးကွက်သို့ ချဲ့ထွင်တင်ပို့နိုင်ရန် ပြည်တွင်း၌ ထုတ်လုပ်သော ကုန်ပစ္စည်းအချို့ကို နိုင်ငံခြားကုမ္ပဏီများအား တင်ပို့ခွင့်ပြုမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး...

တရုတ်နိုင်ငံ တဲဟုန်ပြည်နယ်ခွဲသို့ MoU စနစ်ဖြင့်...

တရုတ်နိုင်ငံ တဲဟုန်ပြည်နယ်ခွဲသို့ MoU စနစ်ဖြင့် မြန်မာအလုပ်သမားများစေလွှတ်နိုင်ရေးပူးပေါင်းဆောင်ရွက်ရန် အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမြင့်နောင်နှင့် တရုတ်နိုင်ငံ၊ တဲဟုန်ခရိုင်ပြည်သူ့အစိုးရ ယူနန်ပြည်နယ် ဒု-အုပ်ချုပ်ရေးမှူး Mr. Liu...

ထိုင်ဝမ်စီးပွားရေးလုပ်ငန်းများကို ပြည်မကြီးကပံ့ပိုးကူညီမည်

ပေကျင်း၊ဒီဇင်ဘာ ၂၅ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံတော်ကောင်စီ၏ ထိုင်ဝမ်ရေးရာရုံးက ၎င်းတို့အနေဖြင့် ထိုင်ဝမ်စီးပွားရေးလုပ်ငန်းများနှင့်လုပ်ငန်းရှင်များကို ပြည်မကြီး၌ စီးပွားရေးချဲ့ထွင်ရာတွင် ပံ့ပိုးကူညီရန် သက်ဆိုင်ရာအာဏာပိုင်များနှင်ညှိနှိုင်းဆောင်ရွက်နေသည်ဟုဆိုသည်။ ထိုင်ဝမ်စီးပွားရေးလုပ်ငန်းများအတွက် ပြည်မကြီး၏ ပံ့ပိုးကူညီဆောင်ရွက်မှုများနှင့်ပတ်သက်၍ ပြည်မကြီးသည်...

အိန္ဒိယနိုင်ငံတွင် ၂၀၀၄ ခုနှစ်မှ ၂၀၁၄...

အိန္ဒိယနိုင်ငံတွင် ၂၀၀၄ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သော အိန္ဒိယဝန်ကြီးချုပ်ဟောင်း မန်မိုဟန်ဆင်းသည် ကြာသပတေးနေ့က နယူးဒေလီမြို့တွင် ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင်...
HomeInternationalတရုတ်၊ မက္ကဆီကိုနှင့် ကနေဒါတို့ကိုအခွန်သစ်...

တရုတ်၊ မက္ကဆီကိုနှင့် ကနေဒါတို့ကိုအခွန်သစ် စည်းကြပ်မည်–ထရမ့်ပ်

တရားမဝင် လူဝင်ရောက်မှုများနှင့် တရားမဝင် မူးယစ်ဆေးဝါး ကုန်သွယ်မှုများကို စိုးရိမ်ရသည်ဟုဆိုကာ သူ သမ္မတတာဝန်ထမ်းဆောင်သည့် ပထမရက်တွင်ပင် မက္ကဆီကိုနှင့် ကနေဒါနိုင်ငံများမှ သွင်းကုန်အားလုံးအပေါ် အခွန်စည်းကြပ်မှု ၂၅ ရာခိုင်နှုန်းနှင့် တရုတ်နိုင်ငံမှ သွင်းကုန်များအပေါ်တွင် ထပ်တိုးစည်းကြပ်ခွန် ၁၀ ရာခိုင်နှုန်း ချမှတ်သွားမည်ဟု အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်ပ်က နိုဝင်ဘာ ၂၅ ရက်တွင် ကတိပြုလိုက်သည်။

“ဇန်နဝါရီ ၂၀ ရက်နေ့တွင် ကျွနု်ပ်၏ ပထမဆုံးသော သမ္မတအမိန့်များထဲမှ တစ်ခုအနေဖြင့် အမေရိကန်ပြည်ထောင်စုအတွင်း ဝင်ရောက်သော မက္ကဆီကိုနှင့် ကနေဒါနိုင်ငံတို့မှ ထုတ်ကုန်အားလုံးအပေါ် ၂၅ ရာခိုင်နှုန်း အခွန်ကောက်ခံသွားရန်နှင့် အဆင်ခြင်မဲ့စွာ နယ်စပ်ဖွင့်ထားမှုများကို စီမံဆောင်ရွက်ရန် လိုအပ်သော စာရွက်စာတမ်းအားလုံးကို ကျွန်တော် လက်မှတ်ရေးထိုးသွားမယ်” ဟု Truth ဆိုရှယ်မီဒီယာပေါ်တင်ခဲ့သော ပို့စ်၌ သူက ပြောဆိုခဲ့သည်။

အဆိုပါ အခွန်းစည်းကြပ်မှုသည် အထူးသဖြင့် ဖန်တာနိုင်းမူးယစ်ဆေးဝါးများနှင့် တရားမဝင် နယ်စပ်ဖြတ်ကျော် လူဝင်ရောက်မှုများကို ယင်းနှစ်နိုင်ငံက မနှိမ်နင်းမချင်း ပြဌာန်းထားမည်ဖြစ်သည်ဟု ထရမ့်ပ်ကပြောကြားခဲ့သည်။

မက္ကဆီကိုနှင့် ကနေဒါတို့သည် အမေရိကန်ပြည်ထောင်စု၏ အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံများဖြစ်ကြပြီး ၂၀၂၃ ခုနှစ်တွင် မက္ကဆီကို ပို့ကုန်များ၏ ၈၃ ရာခိုင်နှုန်းကျော် သည် အမေရိကသို့ တင်ပို့ခဲ့ခြင်းဖြစ်သကဲ့သို့ ကနေဒါ ပို့ကုန်များ၏ ၇၅ ရာခိုင်နှုန်းသည် အမေရိကသို့ ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။

တရုတ်နှင့် ပတ်သက်၍မူ ပေကျင်းသည် မက္ကဆီကိုမှ အမေရိကသို့ နယ်စပ်ဖြတ်ကျော်ဝင်ရောက်သော တရားမဝင် မူးယစ်ဆေးဝါးများ စီးဝင်မှုကို တားဆီးရန် လုံလောက်သည့် ထိရောက်သော အရေးယူဆောင်ရွက်မှုမရှိဟု ရွေးကောက်ခံသမ္မတက စွပ်စွဲသည်။

အဆိုပါဖြစ်စဉ်ကို အရေးယူတားမြစ်မှုမလုပ်မချင်း အမေရိကန်ပြည်ထောင်စုကို ဝင်ရောက်သည့် ၎င်းတို့၏ ကုန်ပစ္စည်း အားလုံးအပေါ် မည်သည့်ထပ်လောင်းအခွန်းစည်းကြပ်မှုများထက်မဆိုမြင့်မားသော နောက်တိုးအခွန်စည်းကြပ်မှု ၁၀ ရာခိုင်နှုန်း တရုတ်ကို ကောက်ခံသွားမည်ဖြစ်သည်ဟု ထရမ့်ပ်က ပြောဆိုခဲ့သည်။

ကုန်သွယ်ရေးစစ်ပွဲတစ်ခုတွင် အမေရိကလည်း နိုင်မည်မဟုတ်သကဲ့သို့ တရုတ်လည်း နိုင်မည်မဟုတ်ဟု ဝါရှင်တန်ရှိ တရုတ်သံရုံးက နိုဝင်ဘာ ၂၅ ရက်တွင် ပြောဆိုခဲ့သည်။

“တရုတ်အပေါ် အမေရိကရဲ့ အခွန်စည်းကြပ်မှုကိစ္စနဲ့ပတ်သက်လို့တော့ တရုတ်-အမေရိက စီးပွားရေးနဲ့ ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုဟာ သဘာဝအားဖြင့် အပြန်အလှန်အကျိုးဖြစ်ထွန်းမှုရှိတယ်လို့ တရုတ်နိုင်ငံက ယုံကြည်ပါတယ်” ဟု တရုတ်သံရုံး ပြောရေးဆိုခွင့်ရှိသူ Liu Pengyu က သတင်းထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။

Ref: သည်စထရိတ်တိုင်းမ်စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပြည်တွင်း၌ ထုတ်လုပ်သော ကုန်ပစ္စည်းအချို့ကို နိုင်ငံခြားကုမ္ပဏီများအား တင်ပို့ခွင့်ပြုမည်

ပြည်တွင်းအရည်အသွေးမြင့် ထုတ်ကုန်များကို ပြည်ပဈေးကွက်သို့ ချဲ့ထွင်တင်ပို့နိုင်ရန် ပြည်တွင်း၌ ထုတ်လုပ်သော ကုန်ပစ္စည်းအချို့ကို နိုင်ငံခြားကုမ္ပဏီများအား တင်ပို့ခွင့်ပြုမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသည် ပြည်တွင်းအရည်အသွေးမြင့် ထုတ်ကုန်များကို ပြည်ပဈေးကွက်သို့ ချဲ့ထွင်တင်ပို့ခြင်းဖြင့် ထုတ်လုပ်နိုင်စွမ်းကို မြှင့်တင်ရန်၊ ပြည်ပဈေးကွက် ပိုမိုရရှိရန်နှင့် ထုတ်လုပ်သူများ၏ ရောင်းဈေးပိုမိုရရှိစေရန်အလို့ငှာ ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ (၁၃) ပုဒ်မခွဲ (ခ) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ ယင်းအမိန့်ကြော်ငြာစာကို ထုတ်ပြန်လိုက်ခြင်းဖြစ် သည်။ တစ်ဆင့်မြင့်ပြုပြင်ထုတ်လုပ်ထားသည့်ကောက်ပဲသီးနှံများ၊ပျော့ဖတ်နှင့် စက္ကူအမျိုးမျိုး၊သစ်သီးဝလံ၊ ပန်းမန်ကုန်ကြမ်း တို့မှ အဆင့်မြင့်ထုတ်လုပ်ထားသော...

တရုတ်နိုင်ငံ တဲဟုန်ပြည်နယ်ခွဲသို့ MoU စနစ်ဖြင့် မြန်မာအလုပ်သမားများစေလွှတ်နိုင်ရေးပူးပေါင်းဆောင်ရွက်ရန်ဆွေးနွေး

တရုတ်နိုင်ငံ တဲဟုန်ပြည်နယ်ခွဲသို့ MoU စနစ်ဖြင့် မြန်မာအလုပ်သမားများစေလွှတ်နိုင်ရေးပူးပေါင်းဆောင်ရွက်ရန် အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမြင့်နောင်နှင့် တရုတ်နိုင်ငံ၊ တဲဟုန်ခရိုင်ပြည်သူ့အစိုးရ ယူနန်ပြည်နယ် ဒု-အုပ်ချုပ်ရေးမှူး Mr. Liu Yipeng တို့ဆွေးနွေးခဲ့ကြသည်။ ပြည်ထောင်စုဝန်ကြီးဦးမြင့်နောင်မှ ယူနန်ပြည်နယ် ဒု-အုပ်ချုပ်ရေးမှူး Mr. Liu Yipeng အား ယမန်နေ့ ဒီဇင်ဘာ ၂၆ ရက်နံနက်ပိုင်းက နေပြည်တော်၌လက်ခံတွေ့ဆုံခဲ့ခြင်းဖြစ်သည်။ တွေ့ဆုံစဉ် မြန်မာအလုပ်သမားများအနေဖြင့် နှစ်နိုင်ငံနယ်စပ် ဝင်/ထွက်ပေါက်များမှတစ်ဆင့် တရားဝင်နေထိုင်အလုပ်လုပ်ကိုင်ရေး၊ တရုတ်နိုင်ငံအလုပ်ရှင်များအပေါ် ကြပ်မတ်ဆောင်ရွက်ရမည့်ကိစ္စများ၊ ရာဇဝတ်မှုဆိုင်ရာကိစ္စရပ်များနှင့် အခြားမလိုလားအပ်သည့် အခြေအနေများမဖြစ်ပေါ်စေရေး MoU စနစ်ဖြင့် မြန်မာအလုပ်သမားစေလွှတ်နိုင်ရန် တရုတ်နိုင်ငံနှင့်...

ထိုင်ဝမ်စီးပွားရေးလုပ်ငန်းများကို ပြည်မကြီးကပံ့ပိုးကူညီမည်

ပေကျင်း၊ဒီဇင်ဘာ ၂၅ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံတော်ကောင်စီ၏ ထိုင်ဝမ်ရေးရာရုံးက ၎င်းတို့အနေဖြင့် ထိုင်ဝမ်စီးပွားရေးလုပ်ငန်းများနှင့်လုပ်ငန်းရှင်များကို ပြည်မကြီး၌ စီးပွားရေးချဲ့ထွင်ရာတွင် ပံ့ပိုးကူညီရန် သက်ဆိုင်ရာအာဏာပိုင်များနှင်ညှိနှိုင်းဆောင်ရွက်နေသည်ဟုဆိုသည်။ ထိုင်ဝမ်စီးပွားရေးလုပ်ငန်းများအတွက် ပြည်မကြီး၏ ပံ့ပိုးကူညီဆောင်ရွက်မှုများနှင့်ပတ်သက်၍ ပြည်မကြီးသည် ဆန်းသစ်တီထွင်မှု၌ ပူးပေါင်းဆောင်ရွက်မှုနှင့် ထိုင်ဝမ်ရေလက်ကြားတစ်လျှောက် စက်မှုလုပ်ငန်းများနှင် ထောက်ပံ့ရေး ကွင်းဆက်များ ပေါင်းစည်းမှုကို ထောက်ပံ့ပေးမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။ ပြည်မကြီးက ထွန်းသစ်စစီးပွားရေးလုပ်ငန်းများဖြစ်သည့် စက်မှုလုပ်ငန်းဆိုင်ရာအင်တာနက်၊ဉာဏ်ရည်တုနှင့် Internet of Things (IoT)ကဲ့သို့သော လုပ်ငန်းများ၌တွန်းအားပေးပြီး အရည်အသွေးပြည့် ထုတ်လုပ်မှုစွမ်းအားသစ်များကို မြှင့်တင်ရာတွင် ပံ့ပိုးပေးမည်ဖြစ်ကြောင်းလည်းပြောကြားခဲ့သည်။ ယင်းနောက် ဖူကျန့်ပြည်နယ်နှင့်ထိုင်ဝမ်ကြား ချိတ်ဆက်မှုတိုးမြှင့်ရေးအတွက် ပံ့ပိုးကူညီမည်ဖြစ်ပြီး ဖူကျန့်၌ ထိုင်ဝမ်ကိုဆက်သွယ်သည့် ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်းများ ဖော်ဆောင်ရန်အတွက်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071