Thursday, January 2, 2025

တရားမဝင်စက်သုံးဆီများ သိုလှောင်ရောင်းချသူ(၁၇)ဦးကို အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေပုဒ်မ ၅...

ပြည်မအတွင်းမှ စက်သုံးဆီများသယ်ဆောင်ရောင်းချခြင်းမပြုရန် ပိတ်ဆို့တားဆီးထားသည့် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ အချို့ဒေသများသို့ရောင်းချရန် တရားမဝင်စက်သုံးဆီများကိုသိုလှောင်ထားသူ(၁၇)ဦးကို ဆက်စပ်ပစ္စည်းများနှင့်အတူဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ လက်နက်ကိုင်အဖွဲ့များအခြေပြုနေထိုင်သည့် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိအချို့ဒေသများသို့ ရှောင်ကွင်းလမ်းများအသုံးပြုကာ သယ်ဆောင်ရောင်းချရန်...

ကမ္ဘောဒီးယား၌ ပလတ်စတစ်ကင်းစင်လမ်း လှုပ်ရှားမှုစတင်

ဖနောင်ပင်၊ဇန်နဝါရီ ၂ ကမ္ဘောဒီးယားနိုင်ငံ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက နိုင်ငံတွင်းရှိလမ်းများ၌ အမှိုက်များနှင့် ပလတ်စတစ်အမှိုက်များကင်းစင်စေရန်အတွက် "ပလပ်စတစ်အမှိုက်ကင်းစင်သောလမ်းများ" လှုပ်ရှားမှုကို စတင်ခဲ့ကြောင်း ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ ဗုဒ္ဓဟူးနေ့ကစတင်ခဲ့သည့် အဆိုပါ လှုပ်ရှားမှုသည်...

တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး The News...

တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးတင်မောင်ဆွေသည် Home and Abroad News Press မှချီးမြှင့်သည့် The News Person of the...

အမြန်လမ်းတွင် ကားတစ်စီးလမ်းလယ်ကျွန်းကိုဝင်တို-က် အမျိုးသမီးတစ်ဦး‌ေ-သဆုံး

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်တွင် ယနေ့ ဇန်နဝါရီ ၂ ရက်မွန်းလွဲ ၂ နာရီ ၄၅ မိနစ်ခန့်က ကားတစ်စီးလမ်းလယ်ကျွန်းကိုဝင်တို-က်မိခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ အမြန်လမ်းမကြီး၏ သီးကုန်းအမြန်လမ်းမီး...
HomeInternationalတရုတ်၏ပထမဆုံးကမ်းလွန်ဓါတ်အားကိုပြည်နယ်ဓါတ်အားပေးဝေရေးသို့ အောင်မြင်စွာချိတ်ဆက်နိုင်ခဲ့

တရုတ်၏ပထမဆုံးကမ်းလွန်ဓါတ်အားကိုပြည်နယ်ဓါတ်အားပေးဝေရေးသို့ အောင်မြင်စွာချိတ်ဆက်နိုင်ခဲ့

ပေကျင်း၊နိုဝင်ဘာ ၁၄

တရုတ်နိုင်ငံ၏ ပထမဆုံးကမ်းလွန် PV စီမံချက်သည် တစ်ဂစ်ဂါဝပ်အထိထုတ်လုပ်နိုင်ပြီး ယခုအခါ အဆိုပါစီမံချက်၏ ကနဦးဓါတ်အားထုတ်လွှတ်မှုအဖြစ် ပြည်နယ်ဓါတ်အားပေးဝေရေးဌာနများသို့ အောင်မြင်စွာချိတ်ဆက်ပေးပို့နိုင်ခဲ့ပြီဖြစ်ကြောင်း အစိုးရ ဓါတ်အား ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်းက ပြောကြားခဲ့သည်။

ယခုစီမံချက်သည် ကမ်းလွန်နေရောင်ခြည်စွမ်းအင်ကိုအသုံးချမှု၌ ကမ္ဘာလုံးဆိုင်ရာ စံနမူနာတစ်ခုအဖြစ်ဆောင်ရွက်သည့် ခြေလှမ်းသစ်တစ်ခုလည်းဖြစ်သည်ဟုပြောကြားခဲ့သည်။

ထို့ပြင် ယခုစီမံချက်သည် ကမ်းလွန်တပ်ဆင်မှုများအတွက် စတီးလ်ပလက်ဖောင်းဖြင့်ပြုလုပ်ခြင်းနည်းပညာကို ကမ္ဘာပေါ်၌ ပထမဆုံးအသုံးပြုထားသည့်စီမံချက်တစ်ခုလည်းဖြစ်ကြောင်း စီအိတ်ခ်ျအင်န် စွမ်းအင်ဌာန၏ထုတ်ပြန်ချက်အရသိရှိရသည်။

သမားရိုးကျထုတ်လုပ်မှုများနှင့်နှိုင်းယှဉ်ပါက ယခုစီမံချက်သည် စွမ်းရည်ပိုမြင့်ပြီး အချိန်တစ်ယူနစ်လျှင် သာမန် PV စီမံချက်များထက် လျှပ်စစ်ဓါတ်အားပိုမိုပို့ဆောင်ပေးနိုင်ကာ ကုန်ကျစရိတ်လည်းသက်သာစေသည်ဟုသိရသည်။

အဆိုပါစီမံချက်ကို ယခုနှစ်ဇူလိုင်လတွင် တရုတ်နိုင်ငံတော်ကောင်စီက အတည်ပြုပေးခဲ့ပြီး ဧရိယာ ၁,၂၂၃ ဟက်တာခန့်ရှိကာ စုစုပေါင်းသိုလှောင်နိုင်မှုမှာ ၁ ဂစ်ဂါဝပ်အထိရှိသည်ဟုလည်းသိရသည်။ အပြည့်အဝလုပ်ငန်းလည်ပတ်နိုင်ပါက နှစ်စဉ် ၁ ဒသမ ၇၈ ဘီလျံကီလိုဝပ်ထုတ်လွှတ်နိုင်မည်ဖြစ်ကာ တရုတ်မြို့ပြရှိ လူပေါင်း ၂ ဒသမ ၆၇ သန်း၏ လျှပ်စစ်ဓါတ်အားလိုအပ်ချက်ကို ကာမိစေမည်ဟုဆိုသည်။

ယခုစီမံချက်ကြောင့် တရုတ်နိုင်ငံ၏စွမ်းအင်ထုတ်လုပ်ရေးတွင်အသုံးပြုနေရသည့် ကျောက်မီးသွေးတန်ချိန် ၅၀၃,၈၀၀ ကိုလျော့ကျစေမည်ဖြစ်ပြီး ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှတ်မှုကို တန်ချိန် ၁ ဒသမ ၃၄ သန်းလျှော့ချနိုင်မည်ဖြစ်ကြောင်းလည်းသတင်း ထုတ်ပြန်ကြေငြာခဲ့သည်။

ဟောင်ကောင်အခြေစိုက် စက်မှုလုပ်ငန်းသုတေသနကုမ္ပဏီတစ်ခုဖြစ်သည့် China Forward Industry Research Institute ကမူ တရုတ်နိုင်ငံ၏ ကမ်းလွန်ပင်လယ်ပြင်ဓါတ်အားထုတ်လွှတ်မှုသည် ၂၀၂၇ ခုနှစ်တွင် ၆၀ ဂစ်ဂါဝပ် ကို ပင် ကျော်လွန်သွားနိုင်သည်ဟုလည်းခန့်မှန်းထားသည်။

Source :ဂလိုဘယ်လ်တိုင်းမ်စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တရားမဝင်စက်သုံးဆီများ သိုလှောင်ရောင်းချသူ(၁၇)ဦးကို အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေပုဒ်မ ၅ ဖြင့်အရေးယူ

ပြည်မအတွင်းမှ စက်သုံးဆီများသယ်ဆောင်ရောင်းချခြင်းမပြုရန် ပိတ်ဆို့တားဆီးထားသည့် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ အချို့ဒေသများသို့ရောင်းချရန် တရားမဝင်စက်သုံးဆီများကိုသိုလှောင်ထားသူ(၁၇)ဦးကို ဆက်စပ်ပစ္စည်းများနှင့်အတူဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ လက်နက်ကိုင်အဖွဲ့များအခြေပြုနေထိုင်သည့် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိအချို့ဒေသများသို့ ရှောင်ကွင်းလမ်းများအသုံးပြုကာ သယ်ဆောင်ရောင်းချရန် တရားမဝင်စက်သုံးဆီများအား စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ညောင်ပင်ဇင်ကျေးရွာ၊ ကံတလူပူးပေါင်းစစ်ဆေးရေးဂိတ်အနီးတွင် ဆီသိုလှောင်ခြံများပြုလုပ်၍ သိုလှောင်ရောင်းချနေကြောင်းသတင်းအရ လုံခြုံရေးအဖွဲ့ဝင်များမှ ဒီဇင်ဘာ ၂၇ ရက်နေ့လည် ၁ နာရီက ဝင်ရောက်စစ်ဆေးခဲ့ကြသည်။ မန္တလေးမြို့နေ ဦးသိန်းသန်းဝင်း(တိမ်းရှောင်)ပိုင်ဆိုင်သည့် သိန်းသန်းစက်သုံးဆီခြံ၊ ဆားတောင်မြို့နေ ဒေါ်ထက်ထက်မျိုးဆွေ(၂၆)နှစ်ဦးစီးလုပ်ကိုင်သည့် စက်သုံးဆီခြံ၊ မြင်းမူမြို့နေ ဒေါ်ဇင်မာမြင့်(၂၇)နှစ်ဦးစီးလုပ်ကိုင်သည့် စက်သုံးဆီခြံ၊ မြစ်ငယ်မြို့နေ မျိုးမင်း(တိမ်းရှောင်)ပိုင်ဆိုင်သည့် စက်သုံးဆီခြံနှင့် Golden...

ကမ္ဘောဒီးယား၌ ပလတ်စတစ်ကင်းစင်လမ်း လှုပ်ရှားမှုစတင်

ဖနောင်ပင်၊ဇန်နဝါရီ ၂ ကမ္ဘောဒီးယားနိုင်ငံ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက နိုင်ငံတွင်းရှိလမ်းများ၌ အမှိုက်များနှင့် ပလတ်စတစ်အမှိုက်များကင်းစင်စေရန်အတွက် "ပလပ်စတစ်အမှိုက်ကင်းစင်သောလမ်းများ" လှုပ်ရှားမှုကို စတင်ခဲ့ကြောင်း ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ ဗုဒ္ဓဟူးနေ့ကစတင်ခဲ့သည့် အဆိုပါ လှုပ်ရှားမှုသည် နိုင်ငံလမ်းများ၏ သန့်ရှင်းမှုနှင့်ဆွဲဆောင်မှုတို့ကို မြှင့်တင်ရန် အထောက်အကူဖြစ်စေမည်ဟု ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးကပြောကြားခဲ့သည်။ "ဒီလှုပ်ရှားမှုက နိုင်ငံရှိလမ်းမကြီးတလျှောက်အပြင် မြို့ကြီးတွေရဲ့အလှအပတန်ဖိုးကိုပါ မြှင့်တင်ပေးမှာဖြစ်ပြီး ပိုမိုလှပသန့်ရှင်းတဲ့ပတ်ဝန်းကျင်ကိုလည်း အထောက်အကူဖြစ်စေမှာပါ” ဟု ၎င်းက ပြောကြားခဲ့သည်။ ထိုမျှမက လေကောင်းလေသန့်ရရှိမှုကိုမြှင့်တင်ပေးခြင်း၊ စည်းစနစ်ကျနမှု ကို ပိုမိုအားကောင်းလာစေခြင်းနှင့် ကမ္ဘောဒီးယားသို့ ခရီးသွားများနှင့်ရင်းနှီးမြှုပ်နှံသူများကိုဆွဲဆောင်ပေးပြီး နိုင်ငံသားများအတွက်လည်း ပိုမိုသက်သောင့်သက်သာနေထိုင်နိုင်သည့် နေရာများကို ဖန်တီးပေးခြင်းဖြစ်သည်ဟု ၎င်းကဆက်လက်ပြောကြားခဲ့သည်။ ကမ္ဘောဒီးယား၌ ယခု...

တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး The News Person of the Year (2024)ဆုရရှိ

တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးတင်မောင်ဆွေသည် Home and Abroad News Press မှချီးမြှင့်သည့် The News Person of the Year (2024)ဆုရရှိခဲ့ကြောင်း သိရသည်။ အဆိုပါ ဆုပေးပွဲအား ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၃၀ ရက်က တရုတ်နိုင်ငံ၊ ပေကျင်းမြို့ရှိ China National Convention Center ၌ကျင်းပခဲ့ရာ ဆုရရှိခဲ့သည့် မြန်မာသံအမတ်ကြီးမှ နိုင်ငံတစ်နိုင်ငံ၏ အုပ်ချုပ်ရေးစနစ်တွင် မီဒီယာမဏ္ဍိုင်သည် အရေးပါသောအခန်းကဏ္ဍကပါဝင်ကာ ယခုခေတ်တွင် ဆိုရှယ်မီဒီယာများ၌ သတင်းအမှားများ၊ ကောလာဟလများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071