အိန္ဒိယနိုင်ငံအတွင်းသို့ စီးဝင်သော တိဗက်ဒေသရှိ Yarlung Zangbo မြစ်ကြောင်းပေါ်တွင် တရုတ်နိုင်ငံ၏ ရေအားလျှပ်စစ်ဆည်တည်ဆောက်ရေးစီမံကိန်းနှင့်ပတ်သက်၍ နူးဒေလီက ၎င်းတို့၏ စိုးရိမ်ပူပန်မှုများကို ပေကျင်းကို အသိပေးတင်ပြထားသည်ဟု အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက သောကြာနေ့တွင် ပြောကြားခဲ့သည်။
တိဘက်ရှိ ရေအားလျှပ်စစ်စီမံကိန်းများသည် သဘာဝပတ်ဝန်းကျင်နှင့် မြစ်အောက်ပိုင်းရေပေးဝေမှုကို ကြီးကြီးမားမား အကျိုးသက်ရောက်မှုရှိမည်မဟုတ်ဟု တရုတ်အရာရှိများက ပြောထားစေကာမူ ယင်းဆည်တမံနှင့်ပတ်သက်၍ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်တို့က စိုးရိမ်ပူပန်နေကြသည်။
တိဗက်တွင် မြစ်ဖျားခံသော Yarlung Zangbo မြစ်သည် ဗြဟ္မပုတ္တရမြစ်အဖြစ် ထွက်ခွာကာ တောင်ဘက် အိန္ဒိယနိုင်ငံ အရူနာချယ်လ် ပရာဒေ့ရှ်နှင့် အာသံပြည်နယ်များသို့ စီးဝင်ပြီး နောက်ဆုံးတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းသို့ ဝင်ရောက်သည်။
မြစ်ညာပိုင်းဧရိယာတွေက လုပ်ဆောင်ချက်တွေကြောင့် ဗြဟ္မပုတ္တရဲ့ မြစ်ေကြပိုင်းပြည်နယ်တွေကို မထိခိုက်စေဖို့ တရုတ်ဘက်ကို တိုက်တွန်းထားပါတယ်” ဟု အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Randhir Jaiswal က အပတ်စဉ်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
“ကျွန်တော်တို့ အကျိုးစီးပွားတွေကို ကာကွယ်ဖို့အတွက် ဆက်လက်စောင့်ကြည့်ပြီး လိုအပ်တဲ့ အစီအမံတွေ ကို လုပ်ဆောင်သွားမှာပါ” ဟု သူက ပြောကြားခဲ့သည်။
ကမ္ဘာပေါ်တွင် အကြီးဆုံး ရေအားလျှပ်စစ်ဆည်ဖြစ်လာမည်ဖြစ်ပြီး နှစ်စဉ် လျှပ်စစ်ဓါတ်အား ကီလိုဝပ်နာရီ ၃၀၀ ဘီလျံထုတ်ယူနိုင်ရန် ခန့်မှန်းထားသော ဆည်တည်ဆောက်ရေးအတွက် ပြီးခဲ့သည့်လတွင် တရုတ်အစိုးရက အတည်ပြုခဲ့သည်။
Ref: အာရပ်နူးစ်