ရှမ်း/အရှေ့ တာချီလိတ်မြို့တွင် ယနေ့ နိုဝင်ဘာ ၁၅ ရက် တန်ဆောင်မုန်း လပြည့်နေ့ ညပိုင်းတွင် လွယ်ကထုန် မီးမျှောပွဲတော်ကို ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
လွယ်ကထုန် မီးမျှောပွဲတော်သည် ထိုင်းရိုးရာဓလေ့တစ်ခုဖြစ်ပြီး၊ နှစ်စဉ် တန်ဆောင်မုန်းလပြည့်နေ့တွင် ဆီမီးများမျှော၍ ဆုတောင်းပွဲပြုလုပ်ခြင်းလည်းဖြစ်သည်။
အဆိုပါ မီးမျှောပွဲတော်ကို တာချီလိတ်မြို့ ရွှေဝါနဒီပန်းခြံတွင် ပြုလုပ်သွားမည်ဖြစ်ပြီး၊ ထိုင်း-မြန်မာနယ်စပ် မယ်ဆိုင်ချောင်းအတွင်း မီးမျှောပွဲပြုလုပ်မည်ဖြစ်သည်။
“ပုံမှန်အတိုင်း ရွှေဝါနဒီ ပန်းခြံမှာပဲ လွယ်ကထုံ မီးမျောနိုင်ရေးအတွက် စီစဉ်ထားရှိပါတယ်။ ပန်းခြံအပေါက်ကနေ ဝင်လာပြီး မီးကြာပန်းခွက်များ ရေမျောနိုင်ရေး အတွက် နေရာတွေကို စီစဉ်ထားပါတယ်။နှစ်စဉ်မျောနေကျအတိုင်း မည်သူမဆို လာရောက်မျောနိုင်ပါတယ်။”ဟု ပွဲတော်ကျင်းပရေး တာဝန်ရှိသူတစ်ဦးကဆိုသည်။
လွယ်ကထုံ မီးမျောပွဲတော်တွင် ဈေးသည်များ၊ ဈေးရောင်ချနိုင်ရေး အတွက် အမှတ် (၂) တံတားထိပ်ရှိ လမ်းဘေးဝဲယာ တလျှောက်တွင် နေရာချထားကြောင်း သိရသည်။