တာချီလိတ်ဒေသခံများ Border Pass နယ်စပ်ဖြတ်ကျော်စာအုပ်ဖြင့် မယ်ဆိုင်တွင် ၇ ရက်နေ ထိုင်ခွင့်ရမည်
ထိုင်း-မြန်မာနယ်စပ်ရှိ မယ်ဆိုင်-တာချီလိတ်အ မှတ်(၁)ချစ်ကြည်ရေးတံတား ပြန်လည်ဖွင့်လှစ်ရန် ထိုင်းနိုင်ငံမှတာဝန်ရှိသူများနှင့်မြန်မာနိုင်ငံမှတာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးရာတွင် သဘော တူညီခဲ့ကြခြင်းဖြစ်သည်။
ထိုင်းနိုင်ငံ၊မယ်ဆိုင်မြို့ရှိ ကာစတန်ခန်းမ၌ မြန် မာနိုင်ငံဘက်မှ တာချီလိတ်အခြေစိုက် ဗျူဟာမှူး ဗိုလ်မှူးကြီးမင်းမင်းထွန်း ဦးဆောင်၍ နှစ်နိုင်ငံကုန်သွယ်မှုလုပ်ငန်းများအဆင်ပြေချောမွေ့စေရေးအတွက် ထိုင်းနိုင်ငံတာဝန်ရှိသူများနှင့် မေ ၈ ရက်က တွေ့ဆုံဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။
တွေ့ဆုံဆွေးနွေးရာတွင် ထိုင်းနိုင်ငံတာဝန်ရှိသူ များမှ ထိုင်းနိုင်ငံအစိုးရအနေဖြင့် အခြားအိမ်နီး ချင်းနိုင်ငံများနှင့်တွေ့ဆုံဆွေးနွေးကာ နယ်စပ်ဂိတ်များအား ပြန်လည်ဖွင့်လှစ်ပေးထားပြီးဖြစ် သည်ဟု ပြောကြားခဲ့ကြသည်။
ထို့ကြောင့် အိမ်နီးချင်းမြန်မာနိုင်ငံ၏ ထိုင်းနိုင်ငံနယ်စပ်ရှိ တာချီလိတ်မြို့မှတာဝန်ရှိသူများနှင့်တွေ့ဆုံကာ မယ်ဆိုင်-တာချီလိတ်အမှတ်(၁)ချစ် ကြည်ရေးတံတားအား ပြန်လည်ဖွင့်လှစ်နိုင်ရန် တွေ့ဆုံဆွေးနွေးခြင်းဖြစ်သည်ဟု သိရသည်။
ထို့ပြင် ထိုင်းနိုင်ငံတာဝန်ရှိသူများမှ မယ်ဆိုင်-တာချီလိတ် အမှတ်(၁)ချစ်ကြည်ရေးတံတား ပြန်လည်ဖွင့်လှစ်ရာတွင် ကိုဗစ်(၁၉)ရောဂါစည်းကမ်း သတ်မှတ်ချက်များနှင့်အညီ တာချီလိတ်ဒေသခံများအား Border Pass နယ်စပ်ဖြတ်ကျော်စာအုပ်ဖြင့် မယ်ဆိုင်ဘက်တွင် ၇ ရက်နေထိုင်ခွင့်ပြုမည်ဖြစ်ကြောင်း ပြောဆိုဆွေးနွေးခဲ့ပြီး သဘောတူညီမှုရရှိခဲ့သည်ဟု သိရသည်။
အလားတူ မြန်မာနိုင်ငံမှတာဝန်ရှိသူများမှလည်း ကုန်စည်များပို့ဆောင်ရာတွင် တံတားအလယ်၌ ကားမောင်းသူများလံလှယ်မောင်းနှင်ရခြင်းသတ် မှတ်ချက်အား ပြင်ဆင်သတ်မှတ်ရန်ဆွေးနွေးပြောကြားခဲ့သည်။