Home News Local News တာချီလိတ်မြို့တွင် ငွေလဲဆိုင်ပိုင်ရှင်အား ပြန်ပေးဆွဲသူများကိုဖမ်းဆီးရမိထား

တာချီလိတ်မြို့တွင် ငွေလဲဆိုင်ပိုင်ရှင်အား ပြန်ပေးဆွဲသူများကိုဖမ်းဆီးရမိထား

0
120

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ငွေလဲဆိုင်ပိုင်ရှင်အား ပြန်ပေးဆွဲခေါ်ဆောင်သွားသူများကို ယနေ့ ဒီဇင်ဘာ ၁၈ ရက်ညနေပိုင်းကဖမ်းဆီးရမိထားကြောင်း ကနဦးသိရသည်။

တာချီလိတ်မြို့တွင် ပြီးခဲ့သည့် ဒီဇင်ဘာ ၁၃ ရက်နံနက် ၆ နာရီခွဲခန့်က ဆိုင်ရှေ့ထွက်၍လမ်းအားရေဖြန်းနေသည့် “OK”ငွေလဲဆိုင်ပိုင်ရှင်ဖြစ်သူ အသက်(၈၀)နှစ်နီးပါးခန့်ရှိ အမျိုးသားကြီးတစ်ဦးအား အိမ်စီးကားတစ်စီးဖြင့်ရောက်ရှိလာကာ သေနတ်များကိုင်ဆောင်ထားသည့် အမျိုးသား (၃)ဦးက အတင်းအကြပ်ပြန်ပေးဆွဲခေါ်ဆောင် သွားခဲ့ကြကြောင်း သိရသည်။

ငွေလဲဆိုင်ပိုင်ရှင်အား ပြန်ပေးဆွဲခေါ်ဆောင်စဉ် နေအိမ်အတွင်းမှ အမျိုးသမီးတစ်ဦးထွက်လာ၍ ပြန်ဆွဲမှုကြောင့် ရုန်းရင်းဆန်ခတ်ဖြစ်ပွားပြီး ပြစ်မှုကျူးလွန်သူများသည် ကားဖြင့်မောင်းနှင်ထွက်ပြေးရာ အမျိုးသမီးဖြစ်သူမှာ တရွတ်တိုက်ပါသွားပြီးနောက် ပြုတ်ကျကျန်ခဲ့ကြောင်း သိရသည်။

ထို့ကြောင့် လုံခြုံရေးအဖွဲ့ဝင်များနှင့်ရဲတပ်ဖွဲ့ဝင်များက ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် အခင်းဖြစ်နေရာနှင့် CCTV မှတ်တမ်းများအား စစ်ဆေးမှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ စုံစမ်းစစ်ဆေးခဲ့ကြသဖြင့် ပြစ်မှုကျူးလွန်သူများအား ယနေ့ ဒီဇင်ဘာ ၁၈ ရက်ညနေပိုင်းတွင် တာချီလိတ်မြို့၊ ပါဆပ်ရပ်ကွက်ရှိ နေအိမ်တစ်လုံးအတွင်းမှ လက်နက်ခဲယမ်းများနှင့်အတူဖမ်းဆီးရမိခဲ့ပြီး ပြန်ပေးဆွဲခံရသူကိုလည်း ကယ်တင်နိုင်ခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ဖမ်းဆီးရမိခဲ့သည့် ပြစ်မှုကျူးလွန်သူများအား ဥပဒေအရထိရောက်စွာအရေးယူနိုင်ရန် သက်ဆိုင်ရာရဲစခန်းမှ စစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here