ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့တွင် သင်္ကြန်ကာလယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် ဆိုင်ကယ်မောင်းနှင်သူများအား ကြိုတင်အသိပညာပေးခြင်းကို ယနေ့မတ်လ (၁၄)ရက်မှစတင်၍ (၃) ရက်ကြာပြုလုပ်သွားမည်ဖြစ်ပြီး၊ ပညာပေးကာလကျော်လွန်ပါက မော် တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေဖြင့် အရေး ယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ယနေ့ မတ်လ (၁၄) ရက်နေ့ နံနက်ပိုင်းအချိန်တွင် ပြုလုပ်သည့် အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ဗိုလ်ချုပ်လမ်းမကြီတစ်လျှောက် ပြုလုပ်ခဲ့ကြကြောင် သိရသည်။
အသိပညာပေးရာ၌ သင်္ကြန်ကာလ မော် တော်ဆိုင်ကယ် မောင်းနှင်သူများ ယာဉ်အန္တရာယ်ကင်းရှင်းစေရေးနှင့် ယာဉ်မတော်တဆမှုများမှ ကာကွယ်ရန် ဆိုင်ကယ်စီးဦးထုပ်ကို ဆောင်းကြရန်နှင့် မေးသိုင်းကြိုးအား စနစ်တကျတပ်ဆင်ရန်၊ နှစ်ဦးထက်ပိုမို စီးနှင်းခြင်းမပြုရန်အသိပညာပေးခြင်းများဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
ထို့ပြင် စာသင်ကျောင်းနှင့် ဆေးရုံအနီးတွင် အရှိန်ပြင်းစွာမောင်းနှင်ခြင်းမပြုရန်၊ ဆိုင်ကယ်ဘက်မှန်နှင့် နံပတ်ပြားများ တပ်ဆင်မောင်းနှင်ရန်၊ လမ်းဆုံလမ်းခွ လမ်းအကွေ့ အဝိုင်းပတ်နေရာများတွင် ယာဉ်မရပ်ရန်၊ ပါဝါအိတ်ဇောတပ်ဆင်မောင်းနှင်ခြင်းမပြုရန်၊ အရှိန်ပြင်းစွာမောင်းနှင်ခြင်းနှင့် စတန့်ထွင်မောင်းနှင်ခြင်းမပြုရန်၊ မူးယ-စ်ဆေးဝါသုံးစွဲ၍သော် လည်းကောင်း၊ အရက်ေ-သစာသောက် စား၍သော်လည်းကောင်း မောင်းနှင်းခြင်းမပြုရန်၊ သတ်မှတ်ယာဉ်မောင်းလိုင်စဉ်များ ပြုလုပ်ထားရန် စသည့်အချက်များကို အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။
ထို့ကြောင့် အသိပညာပေးခြင်းကာလကို (၃) ရက်တိုင်တိုင် ဆောင်ရွက်သွားမည်ဖြစ်ပြီး သတ်မှတ်ကာလကျော်လွန်ပါက မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေဖြင့် အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။