ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ရှိ ရွှေတိဂုံစေတီကုန်းတော်ပေါ်၌ နဂါးနှစ်ကောင်ဆရာတော်နှင့် မိုင်းဖုန်းဆရာတော်တို့၏ ပုံတူရုပ်ထုတော်များကို သွန်းလောင်းပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် နဂါးနှစ်ကောင်ဆရာတော်ကြီး၏ လွမ်း စေတီတော်အား ရွှေတိဂုံစေတီကုန်းတော်ပေါ်၌ ပင်တည်ထားမည်ဖြစ်ကာ သွန်းလောင်းပူဇော်မည့် ရုပ်ထုတော်များကိုစေတီတော်ဘေး၌ထားရှိပူဇော်မည်ဖြစ်၍ ပုံတူရုပ်ထုတော်သွန်းလောင်းခြင်းမင်္ဂလာအခမ်းအနားကို ဇန်နဝါရီ ၇ ရက်နံ နက်ပိုင်းကကျင်းပရာ မိုင်းဖုန်းဆရာတော်ကြီးကြွရောက်တော်မူခဲ့ကြောင်း သိရသည်။
မိုင်းဖုန်းဆရာတော်ကြီးနှင့်အတူ ကြွရောက်တော်မူလာကြသည့် ဆရာတော်၊ သံဃာတော်များက ပုံတူရုပ်ထုတော်များသွန်းလောင်းမည့်နေရာအား ရွှေရည်သွန်းလောင်ထည့်သွင်း၍ ဌာပနာပြုလုပ်ခြင်း၊ ဘုရားရှိခိုးခြင်း၊ ငါးပါးသီလပေးခြင်းနှင့် မေတ္တာပို့အမျှပေးဝေခြင်းများပြုလုပ်ခဲ့ကြကြောင်း သိရသည်။
နဂါးနှစ်ကောင်ဆရာတော်ကြီး၏ ပုံတူရုပ်ထုတော်များအား အမြင့်(၁ ဒသမ ၉၉)မီတာရှိ ရုပ်ထုတော်များ၊ အမြင့်(၁၈)လက်မရှိ ရုပ်ထုတော်များ၊ မိုင်းဖုန်းဆရာတော်ကြီး၏ ပုံတူရုပ်ထုတော်များအား အမြင့်(၁ ဒသမ ၉၉)မီတာရှိ ရုပ်ထုတော်များ၊ အမြင့်(၁၈)လက်မရှိ ရုပ်ထုတော်များကို သွန်းလောင်းပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။