ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းမပေါ်ရှိ ပလက်ဖောင်းများတွင် စည်းကမ်းမဲ့ရောင်းချနေသည့် ဈေးဆိုင်များ၏ ဆိုင်းဘုတ်နှင့် ကုန်ပစ္စည်းများကို ယမန်နေ့ ဇန်နဝါရီ(၂)ရက် ညနေပိုင်းအချိန်၌ ပထမအကြိမ် သတိပေးဖယ်ရှားရှင်းလင်းခဲ့ကြောင်း သိရသည်။
အဆိုပါ စည်းကမ်းမဲ့ဈေးဆိုင်များ ဖယ်ရှားရှင်းလင်းမှုကို တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက်ထိပ် တံတား (၁) ၊ အဝိုင်းပတ်မှစတင်၍ မြို့ပြင် ဆေခမ်း(ဟောင်လိတ်)ရပ်ကွက်အထိ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးတလျှောက် နှင့် လမ်းဘေးပလက်ဖောင်းများတလျှောက်အလိုက်လံ စစ်ဆေးကာ ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့အပြင် မြို့တွင်းလမ်းမကြီးဘေးတဖက်တချက် ဆိုင်များအနေဖြင့် မိမိတို့ ပိုင်နက်ဥပစာကို ကျော်လွန်ကာ လမ်းများ၊ ပလက်ဖောင်းများ၊ ရေမြောင်းများပေါ်တွင် ကုန်ပစ္စည်းများ ခင်းကျင်းရောင်းချခြင်း၊ ကြော်ငြာ ဆိုင်းဘုတ်များအား လ မ်းနယ်နိမိတ်အတွင်းသို့ စည်းကမ်းမဲ့ ခင်းကျင်းချထားခြင်းတို့ကိုလည်း ဆက်လက်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
စည်းကမ်းမဲ့ ဈေးဆိုင်များကို ဒီဇင်ဘာ (၁၅)ရက်တွင် ဖယ်ရှားပေးရန် သတိပေးထုတ်ပြန်ပြီးနောက်ပိုင်း ပထမအကြိမ် ရှင်းလင်းဖယ်ရှားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ လမ်းဘေးပျံကျ ဈေးသည်များစနစ်တကျရောင်းချနိုင်ရန် ညဈေးဖွင့်လှစပေးရန်စီစဉ်နေပြီး၊ လက်ရှိတွင် ကားရပ်နားမှု အဆင်ပြေစေရန်နှင့် စားသုံးသူများ ဝယ်ယူအဆ င်ပြေစေရေးအတွက် စီစဉ်ဆောင်ရွက်နေဆဲ ဖြစ်ကြောင်းသိရသည်။