Thursday, December 19, 2024

အလွတ်သဘောဆွေး‌နွေးပွဲတက်ရောက်လာသူ များနှင့် သီးခြားစီတွေ့ဆုံ၍ နိုင်ငံအတွက်ဆွေး...

နစက ဒု-ဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေသည် ထိုင်းနိုင် ငံ၊ ဗန်ကောက်မြို့၌ ယနေ့ ဒီဇင်ဘာ ၁၉ ရက်ကပြုလုပ်သည့် မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများ...

နစက ၏ဒီမိုကရေစီဖော်ဆောင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှုများကို ဝန်ကြီးဦးသန်းဆွေရှင်းလင်းပြောကြား

နစက ၏ဒီမိုကရေစီဖော်ဆောင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှုများကို ဒု-ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေမှ ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့၌ ယနေ့ ဒီဇင်ဘာ ၁၉ ရက်ကပြုလုပ်သည့် မြန်မာနိုင်ငံနှင့်...

လက်နက်ပြပွဲသည် ငြိမ်းချမ်းရေးသတင်းစကားဖြစ်–ဗီယက်နမ်ဝန်ကြီးချုပ်

ဗီယက်နမ်နိုင်ငံသည် ယုံကြည်မှု တည်ဆောက်ရန်နှင့် စစ်ပွဲများကို ဟန့်တားရန် ၎င်း၏ နိုင်ငံတကာ ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်ကြိုးစားနေသည်ဟု ကြာသပတေးနေ့က ဗီယက်နမ်၏ ဒုတိယအကြိမ် နိုင်ငံတကာ...

လားရှိုး-သီပေါကြား စဉ့်အင်တံတား (၄)ရက်ကြာ ယာယီဖြတ်သန်းခွင့်ပိတ်

ရှမ်း/မြောက် လားရှိုးနှင့် သီပေါကြား ပြည်ထောင်စုလမ်းမပေါ်ရှိ စဉ့်အင်တံတားကို ယနေ့ ဒီဇင်ဘာ (၁၉)ရက်မှစတင်ကာ (၄)ရက်ကြာ ယာယီဖြတ်သန်းသွားလာခွင့် ပိတ်ထားမည်ဖြစ်ကြောင်း ဒေသတွင်း ခရီးသွားတစ်ဦးထံက...
HomeNewsLocal Newsတာချီလိတ်မြို့ သန့်ရှင်းလှပရေးနှင့် စည်းကမ်းတကျဖြစ်စေရေး...

တာချီလိတ်မြို့ သန့်ရှင်းလှပရေးနှင့် စည်းကမ်းတကျဖြစ်စေရေး လမ်းဘေးဈေးဆိုင်များ ဒီဇင်ဘာ (၂၅)ရက်မတိုင်မီအပြီးဖယ်ရှားရန် လိုက်လံသတိပေး

ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ သန့်ရှင်းလှပရေးနှင့် စည်းကမ်းတကျဖြစ်စေရေးအတွက် လမ်းဘေးဈေးဆိုင်များအပါအဝင် ဆိုင်ခန်းဥပစာကို ကျော်လွန်ခင်းကျင်းရောင်းချနေသူများ ယခုလ ဒီဇင်ဘာ(၂၅)ရက် မတိုင်မီ အပြီးဖယ်ရှားရန်နှင့် သတ်မှတ်ရက်ကျော်လွန်ပါက အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းအတွက် ဒီဇင်ဘာ (၁၈)ရက်နှင့် (၁၉)ရက်တို့တွင် တာချီလိတ်မြို့နယ် စည်ပင်သာယာရေးဌာနတာဝန်ရှိသူများ၊သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက လိုက်လံသတိပေးကြေညာလျက်ရှိကြောင်း သိရသည်။

အဆိုပါ အစီအစဉ်သည် ထိုင်း-မြန်မာနှစ်နိုင်ငံ နယ်စပ်မြို့ဖြစ်သည်နှင့်အညီ မြို့သန့်ရှင်းသာယာလှပရေးနှင့် စည်းကမ်းတကျဖြစ်စေရေး၊ ယာဉ်ကြောပိတ်ဆို့မှုနှင့် ယာဉ်အန္တရာယ် ကင်းရှင်းစေရေးတို့အတွက် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် တာချီလိတ်မြို့၊ ဗိုလ်ချုပ်လမ်းမကြီးနှင့် မြို့တွင်းလမ်းမကြီး လမ်းဘေး ဝဲ/ယာ တလျှောက်တွင် ဖွင့်လှစ်ရောင်းချနေကြသော အိမ်ဆိုင်များ၊ လမ်းဘေးဈေးဆိုင်များအနေဖြင့် မိမိတို့ ပိုင်နက်ဥပစာကို ကျော်လွန်ကာ လမ်းများ၊ ပလက်ဖောင်းများ၊ ရေမြောင်းများပေါ်တွင် ကုန်ပစ္စည်းများ ခင်းကျင်းရောင်းချခြင်း၊ ကြော်ငြာ ဆိုင်းဘုတ်များအား လမ်းနယ်နိမိတ်ပေါ်သို့ ခင်းကျင်းချထားခြင်းတို့အကျုံးဝင်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အလွတ်သဘောဆွေး‌နွေးပွဲတက်ရောက်လာသူ များနှင့် သီးခြားစီတွေ့ဆုံ၍ နိုင်ငံအတွက်ဆွေး နွေးမှုများပြုလုပ်ခဲ့သည့် ဝန်ကြီးဦးသန်းဆွေ

နစက ဒု-ဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေသည် ထိုင်းနိုင် ငံ၊ ဗန်ကောက်မြို့၌ ယနေ့ ဒီဇင်ဘာ ၁၉ ရက်ကပြုလုပ်သည့် မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများ အလွတ်သဘောညှိနှိုင်းဆွေးနွေးပွဲသို့တက်ရောက်လာသူများနှင့် သီးခြားစီတွေ့ဆုံ၍ နိုင်ငံအတွက်ဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။ ဝန်ကြီးဦးသန်းဆွေသည် ဒီဇင်ဘာ ၁၈ ရက်က ဆွေးနွေးပွဲတက်ရောက်လာသည့် တရုတ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒု-ဝန်ကြီး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကြားဖြတ်အစိုးရအဖွဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အကြံပေးပုဂ္ဂိုလ်၊ ဒီဇင်ဘာ ၁၉ ရက်တွင် လာအိုနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး၊ အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီးဌာန နိုင်ငံခြားရေးအတွင်းဝန်၊ ဖိလစ်ပိုင်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးတို့နှင့်သီးခြားစီတွေ့ဆုံခဲ့ခြင်းဖြစ်သည်။ တွေ့ဆုံစဥ် နယ်စပ်ဒေသများ...

နစက ၏ဒီမိုကရေစီဖော်ဆောင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှုများကို ဝန်ကြီးဦးသန်းဆွေရှင်းလင်းပြောကြား

နစက ၏ဒီမိုကရေစီဖော်ဆောင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှုများကို ဒု-ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေမှ ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့၌ ယနေ့ ဒီဇင်ဘာ ၁၉ ရက်ကပြုလုပ်သည့် မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများ အလွတ်သဘောညှိနှိုင်းဆွေးနွေးပွဲ၌ ရှင်းလင်းပြောကြားခဲ့ခြင်းဖြစ်သည်။ အလွတ်သဘောဆွေးနွေးပွဲသို့ ဝန်ကြီးဦးသန်းဆွေမှ ထိုင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ မာရစ်ဆတ်ငိုရမ်ဖုန်၏ ဖိတ်ကြားချက်အရတက်ရောက်ခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံနှင့်အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ အိန္ဒိယ၊ လာအိုနှင့် ထိုင်းနိုင်ငံတို့မှ နိုင်ငံခြားရေးဝန်ကြီးများ၊ ဒု-ဝန်ကြီးများနှင့် ကိုယ်စားလှယ်များလည်း တက်ရောက်ခဲ့ကြသည်။ ဆွေးနွေးပွဲတွင် ဝန်ကြီးဦးသန်းဆွေမှ အစိုးရ၏ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒီမိုကရေစီ ဖော်ဆောင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှုများ၊...

လက်နက်ပြပွဲသည် ငြိမ်းချမ်းရေးသတင်းစကားဖြစ်–ဗီယက်နမ်ဝန်ကြီးချုပ်

ဗီယက်နမ်နိုင်ငံသည် ယုံကြည်မှု တည်ဆောက်ရန်နှင့် စစ်ပွဲများကို ဟန့်တားရန် ၎င်း၏ နိုင်ငံတကာ ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်ကြိုးစားနေသည်ဟု ကြာသပတေးနေ့က ဗီယက်နမ်၏ ဒုတိယအကြိမ် နိုင်ငံတကာ လက်နက်ပြပွဲဖွင့်ပွဲတွင် ဝန်ကြီးချုပ် ဖန်မင်းချင်းက ပြောကြားလိုက်သည်။ “ကာကွယ်ရေးကုန်စည်ပြပွဲက ငြိမ်းချမ်းရေး၊ ပူးပေါင်းဆောင်ရွက်မှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် သတင်းစကားဖြစ်ပါတယ်” ဟု ချင်းက ပြောသည်။ ဟနွိုင်မြို့တော် Gia Lam လေဆိပ်တွင် ပြုလုပ်သည့် လက်နက်ပြပွဲကို တနင်္ဂနွေနေ့အထိ ကျင်းပသွားမည်ဖြစ်သည်။ ပြပွဲတွင် အမေရိကန်ပြည်ထောင်စု၊ တရုတ်၊ ရုရှား၊ ဗြိတိန်၊ အီရန်နှင့် အစ္စရေးနိုင်ငံများအပါအဝင် ဒါဇင်နှင့်ချီသော...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071