Sunday, January 5, 2025

ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်၊ အမျိုးသားရေးရည်မှန်းချက်(၂)ရပ် တို့ကို...

ဇန်နဝါရီ ၄ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ နစက ဥက္ကဋ္ဌရုံး၏ သဘင်ဆောင်၌ ကျင်းပသည့် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဂုဏ်ထူးဆောင်ဘွဲ့များချီးမြှင့်အပ်နှင်းခြင်းအခမ်းအနားသို့ နစက ဥက္ကဋ္ဌ၊...

သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်ရရှိသူ(၃၄)ဦးကို နစက ဥက္ကဋ္ဌမှ ဂုဏ်ထူးဆောင်တံဆိပ်များချီးမြှင့်အပ်နှင်း

တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်ဖြစ်သည့် သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်ရရှိသူ(၃၄)ဦးကို နစက ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယမန်နေ့ ဇန်နဝါရီ ၄ ရက်မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌...

(၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်ဂုဏ်ပြုညစာစားပွဲသို့ နစက ဥက္ကဋ္ဌနှင့်ဇနီးတို့တက်ရောက်

ယနေ့ ဇန်နဝါရီ ၄ ရက်တွင်ကျရောက်သည့် (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အဖြစ် ဂုဏ်ပြုညစာစားပွဲနှင့် ဂုဏ်ပြုဖျော်ဖြေပွဲအား နေပြည်တော်ရှိ နစက ဥက္ကဋ္ဌရုံး၌...

တရုပ်၏တိဘက်ဆည်စီမံကိန်းကို စိုးရိမ်ကြောင်း အိန္ဒိယက ပြောကြား

အိန္ဒိယနိုင်ငံအတွင်းသို့ စီးဝင်သော တိဗက်ဒေသရှိ Yarlung Zangbo မြစ်ကြောင်းပေါ်တွင် တရုတ်နိုင်ငံ၏ ရေအားလျှပ်စစ်ဆည်တည်ဆောက်‌ရေးစီမံကိန်းနှင့်ပတ်သက်၍ နူးဒေလီက ၎င်းတို့၏ စိုးရိမ်ပူပန်မှုများကို ပေကျင်းကို အသိပေးတင်ပြထားသည်ဟု...
HomeNewsLocal Newsတာဝန်ရှိသူများအနေဖြင့် တာဝန်ထမ်းဆောင်သူများ ကြောင့်ကြမှုကင်းစွာတာဝန်ထမ်းဆောင်နိုင်ရေးအတွက်...

တာဝန်ရှိသူများအနေဖြင့် တာဝန်ထမ်းဆောင်သူများ ကြောင့်ကြမှုကင်းစွာတာဝန်ထမ်းဆောင်နိုင်ရေးအတွက် ၎င်းတို့၏ မိ သားစုများဘဝလုံခြုံမှုရှိစေရန် အမိအဘစိတ် ဓာတ်ဖြင့် စောင့်ရှောက်ရမည်ဟု နစက ဒု-ဥက္ကဋ္ဌပြော

တာဝန်ရှိသူများအနေဖြင့် တာဝန်ထမ်းဆောင်သူများ ကြောင့်ကြမှုကင်းစွာတာဝန်ထမ်းဆောင်နိုင်ရေးအတွက် ၎င်းတို့၏ မိ သားစုများဘဝလုံခြုံမှုရှိစေရန် အမိအဘစိတ် ဓာတ်ဖြင့် စောင့်ရှောက်ရမည်ဟု နစက ဒု-ဥက္ကဋ္ဌပြော

နစက ဒု- ဥက္ကဋ္ဌ၊ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းမှ ခ မောက်ကြီး၊ဘုတ်ပြင်းနှင့်ကျွန်းစုတပ်နယ်မှ အရာ ရှိ၊စစ်သည်၊မိသားစုဝင်များအား တွေ့ဆုံအမှာစ ကားပြောကြားရာ၌ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

တပ်မတော်သားများသည် ၂၄ နာရီ တာဝန်ရှိသူ များဖြစ်၍ တိုင်းပြည်တွင်ကျရောက်လာသည့် အဖျက်အမှောင့်နှင့်ဘေးအန္တရာယ်အမျိုးမျိုးအား ကာကွယ်နေသကဲ့သို့ တစ်ဖက်တွင်လည်း စားရေ ရိက္ခာပေါများရေးအတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအား တပ်ရင်း၊တပ်ဖွဲ့၊တပ်နယ်အ လိုက်ဆောင်ရွက်ကာ တပ်မိသားစုအပြင် သက် ဆိုင်ရာနယ်မြေအပေါ် အထောက်အပံ့ဖြစ်စေရန် ဆောင်ရွက်လျက်ရှိသည်ဟုပြောသည်။

“နိုင်ငံတော်၊နိုင်ငံသား၊တပ်မတော်အတွက် အ သက်ကိုစွန့်လွှတ်ဖို့ အဓိဌာန်ပြုသစ္စာကို နေ့စဉ်ရွတ်ဆိုနေသူတွေဖြစ်ပြီး နိုင်ငံတော်နဲ့တပ်မတော်ကပေးတဲ့ နေထိုင်စားသောက်မှုမှအစ ပညာရေး၊ကျန်းမာရေးအဆုံးအကျိုးကျေးဇူးတွေအတွက် ကျေးဇူးတရားနဲ့သစ္စာကို ပြန်လည်စောင့်သိကြဖို့လိုပါတယ်”ဟု နစက ဒု-ဥက္ကဋ္ဌကပြောသည်။

ထို့ပြင် နိုင်ငံတော်မှ စားရေး၊ဝတ်ရေး၊နေရေး၊သွားလာရေး၊ပညာရေး၊ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိရာ စစ်သည်မိသား စုများ အဆင်ပြေချောမွေ့စေရန် တာဝန်ရှိသူများမှ စနစ်တကျစီမံခန့်ခွဲပေးရမည်ဟုပြောသည်။

တာဝန်ရှိသူများအနေဖြင့် တာဝန်ထမ်းဆောင်သူများ ကြောင့်ကျမှုကင်းစွာတာဝန်ထမ်းဆောင်နိုင်ရန် ၎င်းတို့၏မိသားစုများဘဝ လုံခြုံမှုရှိစေရန် အမိအဘစိတ်ဓာတ်ဖြင့် စောင့်ရှောက်သွားရမည်ဖြစ်ကာ ရှိပြီးဖြစ်သည့် တပ်တွင်းစည်းလုံးညီ ညွတ်မှုအား ခိုင်မာအောင် ဆက်လက်တည် ဆောက်သွားရမည်ဟု ပြောသည်။

“အဲ့လို တည်ဆောက်ရာမှာ အပြန်အလှန်ယုံကြည်မှုနဲ့နားလည်မှုရှိတဲ့ အထက်အောက်ဆက်ဆံရေးရှိဖို့လိုအပ်ပြီး မိသားစုစိတ်ဓာတ်နဲ့ဝိုင်းဝန်းလုပ်ကိုင် ဆောင်ရွက်ကြဖို့လိုအပ်ပါတယ်”ဟု နစက ဒု-ဥက္ကဋ္ဌကပြောသည်။

အလားတူ တပ်မတော်၏ အဓိကတာဝန်သည် နိုင် ငံတော်ကာကွယ်ရေးဖြစ်၍ နိုင်ငံ၏အကျိုးစီးပွားနှင့်ပတ်သက်လာပါက ပေးအပ်သည့်တာဝန်အား လေ့ကျင့်သင်ကြားပေးထားသည့် စစ်ပညာများ အသုံးချ၍ ရဲရဲဝံ့ဝံ့ အောင်မြင်စေရန် ဆောင်ရွက်ရမည်ဟုပြောသည်။

“မိမိတို့နဲ့သက်ဆိုင်တဲ့ လုံခြုံရေးဆိုင်ရာ အသိသ တိတွေနဲ့ မဆုတ်မနစ်ဆောင်ရွက်သွားမှသာ တိုင်း ပြည်ကအားထားရတဲ့ ပြည်သူကအားကိုးရတဲ့ တပ်မတော်ကဂုဏ်ယူအားထားရတဲ့ စစ်သည်တော်ကောင်းတွေ ဖြစ်လာမှာဖြစ်ပါတယ်”ဟု နစက ဒု-ဥက္ကဋ္ဌကပြောသည်။

 

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်၊ အမျိုးသားရေးရည်မှန်းချက်(၂)ရပ် တို့ကို အကောင်အထည်ဖော်ရာတွင် အသိပညာရှင်၊ အတတ်ပညာရှင်၊ တိုင်းရင်းသားပြည်သူများ ပူး‌ပေါင်းပါဝင်ရန် နစက ဥက္ကဋ္ဌ တိုက်တွန်း

ဇန်နဝါရီ ၄ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ နစက ဥက္ကဋ္ဌရုံး၏ သဘင်ဆောင်၌ ကျင်းပသည့် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဂုဏ်ထူးဆောင်ဘွဲ့များချီးမြှင့်အပ်နှင်းခြင်းအခမ်းအနားသို့ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားခဲ့ပြီး ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းခဲ့သည်။ မြန်မာနိုင်ငံ၏ လွတ်လပ်ရေးသက်တမ်းသည် (၇၇)နှစ်တိုင်ခဲ့ပြီဖြစ်သော်လည်း ပြည်တွင်း/ပြည်ပ ပယောဂများကြောင့် ပဋိပက္ခများနှင့်အ တူ ယနေ့ကာလအထိ တည်ငြိမ်အေးချမ်းမှု အားနည်းနေဆဲဖြစ်၍ လွတ်လပ်ရေးကို ထာဝစဉ်တည်တံ့အောင် ထိန်းသိမ်းစောင့်ရှောက်ကြရမည့်တာဝန်သည် မိမိတို့အားလုံးအတွက် သမိုင်းပေးတာဝန်ဖြစ်သည်ဟု ပြောသည်။ " လွတ်လပ်ရေးကို ထိန်းသိမ်းစောင့်ရှောက်တာအပြင် လွတ်လပ်ရေးအတွက် ကြိုးပမ်းဆောင် ရွက်ခဲ့ကြသူတွေရဲ့...

သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်ရရှိသူ(၃၄)ဦးကို နစက ဥက္ကဋ္ဌမှ ဂုဏ်ထူးဆောင်တံဆိပ်များချီးမြှင့်အပ်နှင်း

တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်ဖြစ်သည့် သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်ရရှိသူ(၃၄)ဦးကို နစက ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယမန်နေ့ ဇန်နဝါရီ ၄ ရက်မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌ ဂုဏ်ထူးဆောင်တံဆိပ်များချီးမြှင့်အပ်နှင်းခဲ့ပြီး ဂုဏ်ပြုအမှာစကားပြောကြားခဲ့သည်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က နိုင်ငံတစ်နိုင်ငံ၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးကို ကာကွယ်စောင့်ရှောက်ရမည့်တာဝန်သည် နိုင်ငံသားတိုင်းမဖြစ်မနေထမ်းဆောင်ကြရမည့် မွေးရာပါသမိုင်းပေးတာဝန်ဖြစ်သည်ဟု ပြောသည်။ ထို့ပြင် တိုင်းပြည်ကာကွယ်ရေးအတွက် စစ်မြေပြင်တွင် ရှေ့တန်းကျကျတိုက်ပွဲဝင်နေကြရသည့် တပ်မတော်သားများကဲ့သို့ တပ်မတော်သားများ၏ ပါရမီဖြည့်ဖက် ရဲမေများနှင့် မိသားစုဝင်များသည်လည်း နိုင်ငံတော်ကာကွယ်ရေးအတွက်အရေးကြီးသည့် အရန်အင်အားများဖြစ်သည်ကို ဂုဏ်ပြုပြောကြားသည်။ " တပ်မတော်သားတွေရဲ့ ပါရမီဖြည့်ဖက်ပီပီ သင်ကြားတတ်မြောက်ထားတဲ့ စစ်ပညာတွေနဲ့ နိုင်ငံနဲ့လူမျိုးအကျိုးအတွက်...

(၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်ဂုဏ်ပြုညစာစားပွဲသို့ နစက ဥက္ကဋ္ဌနှင့်ဇနီးတို့တက်ရောက်

ယနေ့ ဇန်နဝါရီ ၄ ရက်တွင်ကျရောက်သည့် (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အဖြစ် ဂုဏ်ပြုညစာစားပွဲနှင့် ဂုဏ်ပြုဖျော်ဖြေပွဲအား နေပြည်တော်ရှိ နစက ဥက္ကဋ္ဌရုံး၌ ယနေ့ညပိုင်းကပြုလုပ်ရာ နစက ဥက္ကဋ္ဌနှင့်ဇနီးတို့တက်ရောက်ခဲ့ကြသည်။ နစက ဥက္ကဋ္ဌနှင့်ဇနီးတို့က ဂုဏ်ပြုညစာစားပွဲသို့တက်ရောက်လာကြသူများအား တွေ့ဆုံနှုတ်ဆက်ပြီးနောက် မီးရှူးမီးပန်းပစ်ဖောက်နေမှုများကို ကြည့်ရှုအားပေးပြီး ညစာသုံးဆောင်ခဲ့ကြသည်။ ညစာမသုံးဆောင်ခင်နှင့် သုံးဆောင်နေချိန်တို့တွင် ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ အနုပညာရှင်များ၊ သာသနာရေးနှင့်ယဥ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနမှ အနုပညာရှင်များက ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။ ထို့နောက် ဂုဏ်ပြုဆောင်ခန်းမတွင်ပြုလုပ်သည့် ပဒေသာကပွဲအား နစက ဥက္ကဋ္ဌနှင့်ဇနီးတို့မှ ဂုဏ်ပြုညစာစားပွဲတက်ရောက်လာကြသူများနှင့်အတူ ကြည့်ရှုအားပေး၍ ဖျော်ဖြေတင်ဆက်ခဲ့သူများကို ဂုဏ်ပြုပန်းခြင်းပေးအပ်ခဲ့ကြသည်။ အဆိုပါ (၇၇)နှစ်မြောက်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071