Looking for something?

Explore the website

Looking for something?

Monday, March 17, 2025

မတ်လတွင် နှစ်ချုပ်စာရင်း လုပ်ငန်းများဆောင်ရွက်ရန် PO၊...

၂ဝ၂၄-၂၀၂၅ ခုနှစ်၊ ဘဏ္ဍာရေးနှစ်ကုန်ဆုံးသည့် မတ်လတွင် နှစ်ချုပ်စာရင်း လုပ်ငန်းများဆောင်ရွက်ရန်နှင့် ဘဏ်စာရင်းနှင့်ဌာနစာရင်း ကိုက်ညီရှိစေရေးအတွက် ကနဦးမှတ်ပုံတင်ခြင်းဆိုင်ရာမှတ်ပုံတင်အခငွေများကို PO ၊ ဘဏ်ငွေသွင်းချလန်ဖြင့် ပေးသွင်းခြင်းကို...

ယခုနှစ် ဖူဆယ်ဘောလုံးရာသီအပြီး MIU FC...

ပြီးဆုံးခဲ့ပြီဖြစ်သည့်၂၀၂၄ ဖူဆယ်ဘောလုံးရာသီအပြီးတွင် ချန်ပီဆုဖလားကို MIU FC အသင်းက စုစုပေါင်း ရမှတ် (၅၂)မှတ် ဖြင့် ရှုံးပွဲမရှိ ဆွတ်ခူးရရှိခဲ့သည်။ ယမန်နေ့ မတ်လ...

ထရမ့်ပ်အစိုးရသည် နိုင်ငံပေါင်း ဒါဇင်များစွာကို ဗီဇာပိတ်ပင်ရန်စဉ်းစားနေ

ဝါရှင်တန်၊ မတ် ၁၆ ထရမ့်ပ် အစိုးရက နိုင်ငံ့တားမြစ်ချက်အသစ်၏ တစ်စိတ်တစ်ပိုင်းအနေနဲ့ ဒါဇင်နှင့်ချီသောနိုင်ငံများမှ နိုင်ငံခြားသားများအတွက် ဗီဇာ ကန့်သတ်ချက်များကို ထုတ်ပြန်ရန် စဉ်းစားနေကြောင်း အဆိုပါကိစ္စနှင့်...

ယီမင်ဟူသီများကိုအကြီးအကျယ်တိုက်ခိုက်၊ ၃၁ ဦးထက်မနည်း‌ေ-သဆုံး

ပင်လယ်နီတွင် ဖြတ်သန်းသွားလာသည့် သင်္ဘောများကို တိုက်ခိုက်နေသည့် အီရန် မဟာမိတ် ယီမင်နိုင်ငံ ဟူသီသူပုန်များကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က မတ် ၁၆ ရက်တွင်...
HomeNewsLocal Newsတိုင်းနှင့်ပြည်နယ်(၃)ခုမှလွဲ၍ ကျန်တိုင်းနှင့်ပြည် နယ်များ၌...

တိုင်းနှင့်ပြည်နယ်(၃)ခုမှလွဲ၍ ကျန်တိုင်းနှင့်ပြည် နယ်များ၌ ယနေ့မှစကာ မတ် ၂၀ ရက်အတွင်း နေ့အပူချိန်များပိုမိုမြင့်တက်လာနိုင်

တနင်္လာရီတိုင်း၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့မှလွဲ၍ ကျန်တိုင်းနှင့်ပြည်နယ်အားလုံးတွင် ယနေ့ မတ် ၁၆ ရက်မှ မတ် ၂၀ ရက်အတွင်း နေ့အပူချိန်များ ပုံမှန်ထက်ပိုမိုမြင့်တက်လာနိုင်သည်ဟု မိုးလေဝသမြန်မာ(ရန်ကုန်ဌာနခွဲ)မှ နေ့အပူချိန်များ ပိုမိုမြင့်တက်လာနိုင်သည့်အခြေအနေ သတိပေးချက် (၃/၂၀၂၅)ဖြင့် အသိပေးခဲ့သည်။

အဆိုပါ ရက်များ၌ စစ်ကိုင်းတိုင်း(အထက်ပိုင်း) တွင် မတ်လ၏ ပုံမှန်နေ့အပူချိန်ထက်(၉)ဒီဂရီဆဲလ်စီးယပ်ခန့်၊ ကချင်ပြည်နယ်(အောက်ပိုင်း)တွင် မတ် လ၏ ပုံမှန်နေ့အပူချိန်ထက်(၈)ဒီဂရီဆဲလ်စီးယပ်ခန့်၊ ဧရာဝတီတိုင်းနှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)တို့တွင် မတ်လ၏ ပုံမှန်နေ့အပူချိန်ထက်(၇)ဒီဂရီဆဲလ်စီးယပ်ခန့်၊ ပဲခူးတိုင်း(တောင်ပိုင်း)နှင့် ရှမ်းပြည် နယ်(မြောက်ပိုင်း)တို့တွင် မတ်လ၏ ပုံမှန်နေ့အပူ ချိန်ထက်(၆)ဒီဂရီဆဲလ်စီးယပ်ခန့်ပိုနိုင်သည်ဟု အသိပေးခဲ့သည်။

ထို့အတူ မန္တလေးတိုင်း၊ ပဲခူးတိုင်း(အရှေ့ပိုင်း)နှင့် ရန်ကုန်တိုင်းတို့တွင် မတ်လ၏ ပုံမှန်နေ့အပူချိန်ထက်(၅)ဒီဂရီဆဲလ်စီးယပ်ခန့်၊ စစ်ကိုင်းတိုင်း (အောက်ပိုင်း)၊ ပဲခူးတိုင်း(အနောက်ပိုင်း)နှင့် ရှမ်း ပြည်နယ်(အရှေ့ပိုင်း)တို့တွင် မတ်လ၏ ပုံမှန်နေ့အ ပူချိန်ထက်(၄)ဒီဂရီဆဲလ်စီးယပ်ခန့်၊ နေပြည်တော်၊ မကွေးတိုင်း၊ ချင်းပြည်နယ်၊ ကယားပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် မတ်လ၏ ပုံမှန်နေ့အပူချိန်ထက်(၃)ဒီဂရီဆဲလ်စီးယပ်ခန့်နှင့် ကချင်ပြည်နယ် (အထက်ပိုင်း)တွင် မတ်လ၏ ပုံမှန်နေ့အပူချိန်ထက်(၂)ဒီဂရီဆဲလ်စီးယပ်ခန့်ပိုနိုင်သည်ဟုလည်း အသိပေးခဲ့သည်။

ထို့ကြောင့် ယင်း ရက်များအတွင်းဖြစ်ပေါ်နိုင်သည့် နေ့အပူချိန်များအရ စစ်ကိုင်းတိုင်း(အထက်ပိုင်း)နှင့် ကချင်ပြည်နယ်(အောက်ပိုင်း)တို့ကို(အားနည်း သောအပူလှိုင်း)ဟုသတ်မှတ်နိုင်ပြီး စစ်ကိုင်းတိုင်း (အောက်ပိုင်း)၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီ တိုင်း၊ ရန်ကုန်တိုင်းနှင့် ရှမ်းပြည်နယ်တို့ကို(သိသိသာသာပို)ဟုသတ်မှတ်ခဲ့ကာ နေပြည်တော်၊ မကွေး တိုင်း၊ ကချင်ပြည်နယ်(အထက်ပိုင်း)၊ ချင်းပြည် နယ်၊ ကယားပြည်နယ်နှင့် ကရင်ပြည်နယ်တို့ကို(အသင့်အတင့်ပို)ဟုသတ်မှတ်နိုင်သည်ဟု အသိပေးခဲ့သည်။

အဆိုပါ မတ် ၁၆ ရက်မှ ၂၀ ရက်အတွင်း တနင်္လာရီတိုင်း၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင်နေထိုင်သူများမှလွဲ၍ ကျန်တိုင်းနှင့်ပြည်နယ်များတွင်နေ ထိုင်သူများအနေဖြင့် သက်ဆိုင်ရာ ကျန်းမာရေးဌာနများနှင့် အဖွဲ့အစည်းများကထုတ်ပြန်ထားသည့် အပူဒဏ်အန္တရာယ်ကာကွယ်ရေးသတိပေးနှိုးဆော်ချက်များအား ပူးပေါင်းပါဝင်လိုက်နာကြရန်နှင့် မီးဘေးအန္တရာယ်ကြိုတင်သတိပြုနိုင်ကြရန် အသိပေးခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မတ်လတွင် နှစ်ချုပ်စာရင်း လုပ်ငန်းများဆောင်ရွက်ရန် PO၊ ဘဏ်ငွေသွင်းချလန်ဖြင့် ပေးသွင်းခြင်းကို ခေတ္တရပ်နားထားမည်

၂ဝ၂၄-၂၀၂၅ ခုနှစ်၊ ဘဏ္ဍာရေးနှစ်ကုန်ဆုံးသည့် မတ်လတွင် နှစ်ချုပ်စာရင်း လုပ်ငန်းများဆောင်ရွက်ရန်နှင့် ဘဏ်စာရင်းနှင့်ဌာနစာရင်း ကိုက်ညီရှိစေရေးအတွက် ကနဦးမှတ်ပုံတင်ခြင်းဆိုင်ရာမှတ်ပုံတင်အခငွေများကို PO ၊ ဘဏ်ငွေသွင်းချလန်ဖြင့် ပေးသွင်းခြင်းကို ခေတ္တရပ်နားထားမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည်။ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ကနဦးယာဉ်မှတ်ပုံတင်လုပ်ငန်းငွေခန်းများကိုရုံးချုပ်၊ ကနဦး မော်တော်ယာဉ်မှတ်ပုံတင်ဌာန (နေပြည်တော်) ရုံးချုပ်၊ ကနဦး မော်တော်ယာဉ်မှတ်ပုံတင်ဌာန (ထောက်ကြန့်)၊ ရုံးချုပ်၊ ကနဦးမော်တော်ယာဉ်မှတ်ပုံတင်ဌာန (ရွာသာကြီး)၊ ရုံးချုပ်၊ ကနဦးမော်တော်ယာဉ် မှတ်ပုံတင်ဌာန (မန္တလေး)တွင် PO ဖြင့် လည်းကောင်း၊ ဘဏ်ငွေသွင်းချလန်ဖြင့်လည်းကောင်း၊ ငွေသားဖြင့်လည်းကောင်း လက်ခံဆောင်ရွက်လျက်ရှိသည်။ ယခုအခါ ၂ဝ၂၄-၂၀၂၅ ခုနှစ်၊...

ယခုနှစ် ဖူဆယ်ဘောလုံးရာသီအပြီး MIU FC အသင်း ချန်ပီဆုဖလား ဆွတ်ခူး

ပြီးဆုံးခဲ့ပြီဖြစ်သည့်၂၀၂၄ ဖူဆယ်ဘောလုံးရာသီအပြီးတွင် ချန်ပီဆုဖလားကို MIU FC အသင်းက စုစုပေါင်း ရမှတ် (၅၂)မှတ် ဖြင့် ရှုံးပွဲမရှိ ဆွတ်ခူးရရှိခဲ့သည်။ ယမန်နေ့ မတ်လ (၁၆) ရက်တွင် MFF Vita Max Futsal League (I) 2024- 2025 နောက်ဆုံးပွဲစဉ်များ ယှဉ်ပြိုင်အပြီး၊ ဆုပေးပွဲ အခမ်းအနားကို တဆက်တည်းကျင်းပခဲ့ကြသည်။ ဆုပေးပွဲ အခမ်းအနားတွင် ‌MFF Vita Max Futsal League (I) 2024- 2025 ပြိုင်ပွဲ နောက်ဆုံးပွဲစဉ်တွင်...

ထရမ့်ပ်အစိုးရသည် နိုင်ငံပေါင်း ဒါဇင်များစွာကို ဗီဇာပိတ်ပင်ရန်စဉ်းစားနေ

ဝါရှင်တန်၊ မတ် ၁၆ ထရမ့်ပ် အစိုးရက နိုင်ငံ့တားမြစ်ချက်အသစ်၏ တစ်စိတ်တစ်ပိုင်းအနေနဲ့ ဒါဇင်နှင့်ချီသောနိုင်ငံများမှ နိုင်ငံခြားသားများအတွက် ဗီဇာ ကန့်သတ်ချက်များကို ထုတ်ပြန်ရန် စဉ်းစားနေကြောင်း အဆိုပါကိစ္စနှင့် နီးစပ်သည့် သတင်းရင်းမြစ်များနှင့် ရိုက်တာ မှ ရရှိထားသော အတွင်းရေးမှတ်စုတစ်ခုမှ ဖော်ပြထားသည်။ အဆိုပါ မှတ်တမ်းတွင် နိုင်ငံပေါင်း ၄၁ နိုင်ငံကို သီးခြားအုပ်စုသုံးစုခွဲ၍ စာရင်းပြုစုထားသည်။ အာဖဂန်နစ္စတန်၊ အီရန်၊ ဆီးရီးယား၊ ကျူးဘားနှင့် မြောက်ကိုရီယားတို့အပါအဝင် နိုင်ငံပေါင်း ၁၀ နိုင်ငံကို ပထမအုပ်စုအဖြစ် ဗီဇာကို လုံးဝ ဆိုင်းငံ့ထားမည်ဖြစ်သည်။ ဒုတိယအုပ်စုတွင် အီရီထရီးယား၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071