စစ်ကိုင်းတိုင်း(အထက်ပိုင်း)၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် ယနေ့ ဇန်နဝါရီ ၈ ရက်မှ ဇန်နဝါရီ ၁၂ ရက်အတွင်း ချိန်ခါမဟုတ် မိုးအနည်းငယ်ရွာသွန်းနိုင်သည်ဟု မိုးလေဝသမြန်မာ(ရန်ကုန်ဌာနခွဲ)ထံမှ သိရသည်။
ထိုသို့ ရွာသွန်းနိုင်ခြင်းအား လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်လာနိုင်သည့်အခြေအနေအား ထပ်မံ အသိပေးချက်(၁-ကခ/၂၀၂၅)အဖြစ် အသိပေးထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
လာမည့် နာရီပိုင်းအတွင်း ဘင်္ဂလားပင်လယ်အော်(အရှေ့တောင်ပိုင်း)၌ လေဖိအားနည်းဆဲလ်တစ်ခုဖြစ်ပေါ်လာနိုင်ပြီး ၎င်းသည် အနောက်ဘက်သို့ရွေ့လျားကာ လာမည့်(၇၂)နာရီအတွင်း လေဖိအားနည်းရပ်ဝန်းအဖြစ် အားကောင်းလာနိုင်ပြီး ဇန်နဝါရီ ၁၂ ရက်ခန့်တွင် ဘင်္ဂလားပင်လယ်အော်(အနောက်တောင်ပိုင်း) (သီရိလင်္ကာနိုင်ငံ၊ အရှေ့ဘက်ကမ်းခြေအနီး)သို့ ရောက်ရှိနိုင် သည်ဟု အသိပေးခဲ့သည်။
ယင်း လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် မြစ်ဝကျွန်းပေါ်၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ် လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် အရှေ့ဘက်မှ တစ်ခါတစ်ရံ လေပြင်းများတိုက်ခတ်နိုင်ပြီး လှိုင်းအသင့်အတင့်ရှိနိုင်သည်ဟုလည်း အသိပေးခဲ့သည်။
ထို့ပြင် လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် ပင်လယ်အတွင်းမှလေနွေးများ အားကောင်းနိုင်ပြီး အပူပျံတက်တိမ်တိုက်များပိုမိုဖြစ်ထွန်းနိုင်ကာ ယင်း လေနွေးများနှင့် ကုန်းတွင်းဘက်ရှိ လေအေးများတွေ့ဆုံနိုင်သည်ဟု အသိပေးခဲ့သည်။
ထိုသို့ တွေ့ဆုံချိန်၌ လေအေးမျက်နှာစာ၏ အတွင်းဘက်ထိပ်ပိုင်းတွင်ကျရောက်နိုင်သည့် စစ်ကိုင်းတိုင်း(အထက်ပိုင်း)၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် ယနေ့ ဇန်နဝါရီ ၈ ရက်မှ ဇန်နဝါရီ ၁၂ ရက်အတွင်း ချိန်ခါမဟုတ် မိုးအနည်းငယ်ရွာသွန်းနိုင်ပြီး ကျန်တိုင်းနှင့်ပြည်နယ်များတွင် တိမ်အသင့်အတင့်ဖြစ်ထွန်းနိုင်သည်ဟု မိုးလေဝသမြန်မာ(ရန်ကုန်ဌာနခွဲ) အသိပေးခဲ့သည်။